Unicode
လွှမ်းလရောင်နဲ့ သက်ပိုင်ဦးဆိုသည့် သကောင့်သားနှစ်ယောက်ရဲ့ ' မွေးနေ့တစ်ဝိုင်းကျွေးရမယ် ' ဆိုသည့်စကားကြောင့် အာဏာ ဟိုတယ်သို့ မလာချင်လာချင်နဲ့ ထွက်လာရသည်။ အစက ထိုသကောင့်သားနှစ်ယောက်သည် ' ဘားသွားမည် ' ဟုတောင် ဆိုသေး၏။ ဘားကတော့ သူလုံးဝခွင့်မပြုနိုင် ၊ သူတို့သုံးယောက်တည်းဆိုရင်တော့ သွားလို့ရသည်။ သို့သော် အခုရှင်းခလည်း ပါတာဆိုတော့ မဖြစ် ။
ဟိုတယ်က နာမည်ကြီးဟိုတယ်ဖြစ်ပြီး အောက်ဆုံးထပ်တွင် စားသောက်ဆိုင်ရှိသည်။ သို့သော် စားသောက်ဆိုင်တွင် သူတို့ကမစားဘဲ ဟိုတယ်တွင် VIP ခန်း သပ်သပ်ယူကာ စားသောက်ဆိုင်မှ မှာစားသည်။ အဲ့တာကလည်း ပို၍ကောင်းသည်။ အခြားဘယ်သူမှလည်းမရှိ၍ အမြင်ရှင်းသည် ။ တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးအေးဆေးဆေးနေလို့ရသည်။
ဝိတ်တာလေးနှစ်ယောက်က သူတို့မှာထားတဲ့ စားစရာများကို လာပို့ပြီးတဲ့နောက် လွှမ်းက ဝီစကီပုလင်းကိုယူကာ ဖောက်လိုက်ပြီး ခွက်တွေထဲ လိုက်ထည့်ပေး၏။
အာဏာ ၊ သက်ပိုင် နဲ့ သူ့ခွက်ထဲသူထည့်ပြီးတဲ့နောက်မှာတော့ မသောက်တတ်တဲ့ ရှင်းခအတွက် လိမ္မော်ရည်ပုလင်းကိုဖောက်ကာ ခွက်ထဲထည့်ပေးလိုက်သည်။
" ကျေးဇူးပါဗျ "
" ရပါတယ် ညီလေးရ "
အာဏာက ရှေ့မှဂဏန်းပေါင်းကို သူ့ပန်းကန်ထဲထည့်ကာ ပလတ်စတစ်လက်အိတ်ကိုစွပ်လျက် သေချာကျကျနနနှင့် အသားခွာနေသည်။
" အာဏာ မင်းဘာလုပ်နေတာလဲ "
" မမြင်ဘူးလား "
လွှမ်းရဲ့စကားအား ပြန်ဖြေလိုက်ပြီးတဲ့နောက် ခွာထားပြီးသော အသားတို့ကို ရှင်းခ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
" များများစား "
" ဟုတ်ကဲ့ဗျ "
လွှမ်းနဲ့ သက်ပိုင်ခမျာ တစ်ယောက်မျက်နာတစ်ယောက်ကြည့်ကာ ဆွံ့အသွားတော့သည်။ ရှင်းခနောင် ရောက်လာသည်မှာ တစ်လကျော်ကျော်လောက်ပင် ရှိသေး၏။ ဘာကြောင့်များ မင်းအာဏာမောင်ဆိုတဲ့ အချေပုဂ္ဂိုလ်ကြီးက အဲ့လောက်ပြောင်းလဲသွားရတာလဲ ။
ВЫ ЧИТАЕТЕ
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)