(S2) အပိုင်း (၁၁) [ Uni+Zaw ]

672 12 3
                                        

Unicode

ရှင်းခရဲ့ရင်ဘတ်တစ်ခုလုံးတင်းကြပ်နေသည်။ တင်းကြပ်လွန်းလို့ပေါက်ကွဲထွက်သွားတော့မလားတောင်ထင်ရသည်။ မျက်ရည်မကျပေမဲ့ နှလုံးသားကတော့အစိတ်စိတ်အမွှာမွှာကြေမွသွားတော့မလိုခံစားရသည်။

ရှင်းခရှေ့မှာချထားသောအရက်ခွက်အားယူကာ တစ်ကျိတ်တည်းမော့ချလိုက်သည်။ ဒါသူအရက်သောက်ဖူးတဲ့ပထမဆုံးအကြိမ်ဘဲ ၊ သူမသောက်ချင်ပေမဲ့ .. မသောက်ရင်ဒါတွေကိုမေ့နိုင်မှာမဟုတ်ဘူး ၊ တခြားမိန်းကလေးတစ်ယောက်ကိုဖက်ထားတဲ့စီအီးအိုကိုလည်းမေ့နိုင်မှာမဟုတ်သလို ၊ ဦးမင်းဘုန်းမြတ်ရဲ့စကားတွေကိုလည်းမေ့နိုင်မှာမဟုတ်ဘူး ။

ဘာလို့လဲ ... ။
ဘာလို့သူ့ကျမှအဲ့လိုဖြစ်ရတာလဲ ။
သူ့ဘဝမှာဘာမှတောင်းဆိုခဲ့ဖူးတာမရှိဘူး ၊ အမြဲတမ်းရရာနဲ့ပဲကျေနပ်ခဲ့တဲ့သူ ။ ဒါပေမဲ့ဘာလို့..
ဘာလို့သူချစ်တဲ့သူကိုမပိုင်ဆိုင်နိုင်ရတာလဲ ။

ရှင်းခအော်ဟစ်ကာသောင်းကျန်းပစ်ချင်လွန်းလို့ သူ့ရင်ထဲတွင်ဗလောင်ဆူနေပြီ ။ အရက်ပုလင်းကိုကိုင်ကာလောင်းထည့်တော့မည်အလုပ် ၊ သူ့လက်ကိုတစ်ယောက်ယောက်ကဖမ်းကိုင်လိုက်သည်။

" မင်းစေ "

" Yo! အစ်ကို တစ်ယောက်ထဲသောက်နေပါလား ၊ အစ်ကို့ကိုမသောက်တတ်လောက်ဘူးထင်ထားတာ "

" လက်ကိုဖယ် "

သူပြောတော့မင်းစေကလက်ကိုဖယ်ပေးသည်။ ရှင်းခကခွက်ထဲသို့ထပ်လောင်းထည့်လိုက်၏။

" အစ်ကိုအရမ်းမူးနေပြီထင်တယ် ၊ မသောက်ပါနဲ့တော့လား "

ရှင်းခ မင်းစေအားဘာမှပြန်မပြောဘဲ နောက်တစ်ခွက်တစ်ကျိတ်တည်းထပ်ပြီးမော့ချလိုက်တော့သည်။

" အစ်ကိုကလည်း သောက်မယ်ဆိုအမြည်းလေးဘာလေးနဲ့တော့ သောက်ပါ ၊ ကျွန်တော်အမြည်းမှာပေးမယ်လေ "

" ရတယ် "

မင်းစေ ရှင်းခအားအကဲခတ်၍ကြည့်နေမိသည်။ ငယ်ငယ်ကတည်းက ရေခဲတုံးတောင်အရှုံးပေးရလောက်တဲ့ သူ့ရဲ့စီနီယာကအခုအရူးတစ်ယောက်နဲ့တောင်တူနေပြီမဟုတ်ပါလား။ ဘယ်အရာကများသူ့အပိုင်ကိုနာကျင်စေရဲတာလဲ။

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Where stories live. Discover now