အပိုင်း (၅၀) [ Uni + Zaw ]

7.5K 308 35
                                        

Unicode

" ရှင်းခ ကိုယ် မင်းရဲ့ညီနဲ့တွေ့ခဲ့တယ် "

အာဏာ့ရဲ့စကားကိုကြားတော့ ရှင်းခရဲ့မျက်ဝန်းလေးများဝိုင်းစက်သွား၏။

" သူရောက်လာတာလား "

" အင်း.. စိတ်မပူပါနဲ့ မင်းဆေးရုံတက်နေတာကို သိပုံမရပါဘူး .. ဒါပေမဲ့ "

' ဒါပေမဲ့ ' ဆိုသည့်စကားလုံး၏ နောက်ဆက်စကားအား အာဏာဆက်မပြောသေးဘဲ ရှင်းခမျက်ဝန်းတို့အား အသေအချာကြည့်လိုက်၏။

" မင်း ဘော်ဒီဂတ်ဆိုတာကိုတော့ သိသွားပြီ.. "

" ဗျာ "

ထိုစကားကိုကြားလိုက်ပြီးချင်း ရှင်းခ စားပွဲပေါ်တွင်တင်ထားသော ဖုန်းကို အမြန်လှမ်းယူလိုက်ကာ မင်းခန့်ဆီသို့ဆက်လိုက်သည်။

" မင်းခန့်.. ငါ.. ငါတကယ်တောင်းပန်ပါတယ်.. ငါ မညာချင်ခဲ့ပါဘူး "

" ကိုကြီး.. မတောင်းပန်ပါနဲ့.. ကိုကြီး အမှားမဟုတ်ပါဘူး.. ကျွန်တော့်အမှားပါ.. ကျွန်တော်မှားတာ "

မင်းခန့်ရဲ့အသံမှာ တိုးလျော့အက်ကွဲနေသည်။

" မဟုတ်ဘူး.. ငါ.. "

" အလုပ်ထွက်လိုက်ပါ "

မင်းခန့်ဆီမှ ပြတ်သားသည့်စကားသံကိုကြားရသည့်အခါ ရှင်းခ အာဏာ့ဆီသို့အကြည့်ရောက်မိ၏။ အာဏာကတော့ သူ့ကိုမကြည့်ဘဲ သူစားဖို့ဝယ်လာသောမုန့်များအား စားပွဲပေါ်တွင် အသင့်ပြင်ပေးနေလေသည်။

" ကိုကြီး.. ကျွန်တော့်စကားနားထောင်ပါ.. အလုပ်ထွက်လိုက်ပါ.. ကျွန်တော် အလုပ်ကြိုးစားပါ့မယ်.. "

" မင်းခန့် .. ငါအလုပ်ထွက်လို့မရဘူး "

" ဘာလို့လဲ "

" ငါ စာချုပ်ချုပ်ထားပြီးသား.. စာချုပ်သက်တမ်းမပြည့်မချင်း ငါထွက်လို့မရဘူး "

" စာချုပ်သက်တမ်းဘယ်လောက်လဲ "

" ငါးနှစ် "

" ဗျာ! ဒါဆိုဘာလဲ.. ကျွန်တော်က ကိုယ့်အစ်ကိုကို ငါးနှစ်လုံးလုံးအန္တရာယ်တွင်းထဲမှာ နေခိုင်းရမှာလား "

" မဟုတ်ဘူး.. မင်းခန့် ငါပြောတာနားထောင်.. ငါအဆင်ပြေပါတယ်.. ငါဘာမှမဖြစ်ပါဘူး.. အန္တရာယ်လည်းမရှိဘူး နော် "

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Where stories live. Discover now