Unicode
နှစ်ယောက်လုံးမလှုပ်မယှက်နှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြရာမှ အာဏာက အရင်စကားစလိုက်သည်။
" မင်းအသက်ဘယ်လောက်လဲ "
" 24 ပါဗျ "
" ဟား ငယ်သားပဲ "
ဦးမင်းဘုန်းမြတ်ကဘာလဲ ။ အခု သူ့ထက် လေးနှစ်တောင်ငယ်တဲ့ ကောင်လေးတစ်ယောက်ကို အိမ်ကိုလာပို့ပြီး သူ့ကိုစောင့်ရှောက်စေချင်နေတာလား ။
" ဦးမင်းဘုန်းမြတ် မင်းကိုဘာတွေမှာလိုက်လဲ.. ငါဘာလုပ်လုပ် အကုန်တင်ပြရမယ် မဟုတ်လား "
ရှင်းခ ခနငြိမ်ပြီးစဥ်းစားနေသည်။ စာချုပ်ထဲကအချက်များတွင် အဲ့တာတော့ မပါပေ ။
" မလုပ်ရပါဘူးဗျ.. ကျွန်တော့်ရဲ့တာဝန်ကစီအီးအိုကို စောင့်ရှောက်ဖို့ပါပဲ "
သူ့စကားကြားတော့ အာဏာက ခပ်ဟဟရယ်သည်။
" မင်းကိုမင်းပဲအရင်စောင့်ရှောက်ပါအုံး " ဟုဆိုကာ ထိုင်နေရာမှထလာပြီး ရှင်းခဘေးတွင် ဝင်ထိုင်လိုက်သည်။ ရှင်းခနဲ့မျက်နာချင်းဆိုင်လိုက်ပြီး ရှင်းခနားသို့ တဖြည်းဖြည်းတိုးကပ်လာသည်။ ဘယ်လောက်အထိလဲဆို ရှင်းခရဲ့အသက်ရှူသံကိုတောင် ကြားနေရသည်အထိ ။
* ဒါဘယ်လိုအခြေအနေကြီးလဲ * ဟု ရှင်းခ တွေးလိုက်မိသည်။ မင်းအာဏာမောင်ဆိုသည့်သူသည် သူ့အနားကိုအတင်းတိုးကပ်လာတာဖြစ်သည်။ အလုပ်ရှင်သာ မဟုတ်ဘူးဆို သူဆွဲထိုးလိုက်ပြီးပြီ ။ အလုပ်ရှင်ဆိုတော့လည်း ။
အာဏာ ရှင်းခရဲ့မျက်နာကို သေချာအနီးကပ်စိုက်ကြည့်နေမိသည်။ ကြည်တောက်နေတဲ့မျက်ဝန်းနက်နက်လေးတွေက စူးရှနေသည်။ နှာခေါင်းချွန်ချွန်နှင့် ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းက သူ့ကိုအကြည့်မခွာနိုင်အောင် ဆွဲဆောင်ထားလေသလား ။
" ကျွန်တော့်မျက်နာမှာတစ်ခုခုရှိနေလို့လား "
ရှင်းခ ထိုသို့ပြောမှ သူအသိဝင်လာပြီး
အမြန်ပြန်ခွာလိုက်ကာ လှေကားဘေးတွင်ရှိသော အခန်းကိုလက်ညှိုးထိုးပြသည်။
" အဟမ်း! မင်းအဲ့အခန်းမှာနေလို့ရတယ် "
အာဏာရဲ့ စကားဆုံးတာနဲ့ ရှင်းခ အမြန်ထလျက် " ဟုတ်ကဲ့ပါဗျ " ဟုဆိုကာ အထုတ်ကိုမပြီး တစ်ချိုးတည်း ထိုအခန်းထဲဝင်သွားတော့၏။
YOU ARE READING
Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]
![Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ]](https://img.wattpad.com/cover/336121028-64-k986634.jpg)