အပိုင်း (၁၃) [ Uni + Zaw ]

9.5K 439 37
                                        

Unicode

ရှင်းခ အခန်းထဲပြန်လာတဲ့အချိန်တွင် ဖုန်းမှမက်ဆေ့ချ်ဝင်နေသည်။ ပန်းချီ့ဆီမှ ဖုန်းခေါ်ထားတာပင် ။ ငါးကောလ်လောက်တောင်ရှိနေပြီ။ ရှင်းခအမြန်ပဲ  ပန်းချီ့ဖုန်းနံပါတ်ကိုနှိပ်ကာ ပြန်ခေါ်လိုက်သည်။

" ချီချီ ကိုကြီး ဖုန်းနဲ့တွဲရက်မရှိလို့ ဖုန်းခေါ်ထားမှန်း မသိလိုက်ဘူး "

" အခန်းထဲက ချက်လက်မှတ်ကဘာလဲ "

အသံတုန်တုန်နဲ့ ရှိုက်သံတစ်ဝက် ဒေါသသံတစ်ဝက်နဲ့ ပန်းချီ့အသံကိုကြားရသည်။

" တွေ့ပြီးပြီလား.. ကိုကြီးက မေမေ့ကိုကန်တော့ရင်း ညီမလေးတို့ကိုမုန့်ဖိုးပေးတာ.. မုန့်ဝယ်စားနော ချီချီ "

" ကိုကြီး အဲ့လိုပေးတော့ရော ညီမလေးတို့ကပျော်မယ်ထင်နေလား.. ညီမလေးတို့ကကိုကြီးကိုပဲ လိုချင်တာ.. ဟင့်.. ပြန်လာပေးပါ.. ကျေးဇူးပြုပြီး ချီချီ ပိုကြိုးစားမှာပါ.. ပိုကြိုးစားမှာမို့လို့ ..ပြန်လာပေးပါလို့.. အီးး. ဟီး.."

ပန်းချီသည် ပြောလည်းပြောပြီး ငိုပါလေရော ။

" ချီချီ ကိုကြီး သူတို့ကိုကတိပေးပြီးသွားပြီ..အခုတော့ ပြန်လာလို့မရသေးဘူး.. ကိုကြီးတောင်းပန်တယ်နော်..မငိုပါနဲ့.. "

" မရဘူး ငိုမှာ.. အဟင့်.. ကိုကြီး ပြန်မလာရင်ငိုမှာ.. အဲ့ဒီ စီအီးအိုဆိုတဲ့သူ ကိုကြီးအနားမှာရှိလား.. ချီချီ သူနဲဲ့ပြောမယ် ဖုန်းပေးလိုက်.. "

" ချီချီရာ မဆိုးပါနဲ့.. မေမေရှိလား.. မေမေ့ကိုဖုန်းပေးလိုက် "

ပန်းချီသည် ဖုန်းလွှဲပေးလိုက်ပြီးတော့ ဖုန်းထဲတွင် မေမေ့အသံချိုချိုလေးကိုကြားရသည်။ လွမ်းနေခဲ့တာ...။

" ခခ..နေရတာအဆင်ပြေရဲ့လား.. "

" ပြေပါတယ် မေမေ..စီအီးအိုကလည်း သဘောကောင်းပါတယ်ဗျ "

" သားအဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ်.. ဟို.. ချက်လက်မှတ်ကိုလေ မေမေ မလိုဘူးသိလား.. သားပဲသုံးပါ မေမေ သိမ်းထားပေးမယ် "

" ဟာဗျာ.. ကျွန်တော်က မေမေ့ကိုကန်တော့တာပါဆို.. ညီလေးနဲ့ညီမလေးကို အဝတ်အစားကောင်းကောင်းလေးတွေဝယ်ပေးလိုက်ပါဗျ.. မေမေလည်း လိုအပ်တဲ့နေရာမှာသုံးပါ "

Mg's Bodyguard (S1) [ Completed ] (S2) [ Ongoing ] Where stories live. Discover now