အခစားဝင်သည်
************************************
ငုဝါပန်းများသည် ပင်စည်ထက်မှ ကြွေကျပြီးသည်၌ မြေကြီးကို ရွှေဝါရောင်ကော်ဇော ခင်းထားလိုက်သလို အလှဆင်နေသေးသည်။
ပိတောက်ပန်းတို့သည်လဲ မွှေးပျံ့သော ရနံ့တို့ဖြင့် တစ်လောကလုံး သူ့ရနံ့ဖြင့် ဖုံးလွမ်းတော့မလိုပင်။
ပိတောက်ပန်းတို့ ကြွေကျပြီးသည်နောက် နီရဲ တောက်ပသော စိန်ပန်းတို့သည်လဲ ကြွေကျရသည်။
ဒီလိုနဲ့ ရာသီလိုက် ပန်းများဟာလဲ ပွင့်လိုက် ကြွေလိုက်ဖြင့် သံသရာဟူသော လောကနိယာမကို တိတ်ဆိတ်စွာ သရုပ်ဖော်ပြသည်။
နွေမှသည်မိုး၊ မိုးမှသည်ဆောင်း၊ ဆောင်းမှသည်နွေ ဟူသော ဥတုသုံးပါး ဟာလဲ အဖန်တလဲလဲ လှည့်ပတ်ကျရောက်လာပေါင်းများလေတော့ အချိန်ရဲ့ ကြန့်ကြာလာမှုနှင့်အတူ အရာအားလုံးတို့ဟာလဲ ပြောင်းလဲလာတာက လောကရဲ့ ဓမ္မတာ။
အစိမ်းရောင်ကော်ဇောခင်းထားသလို မြက်နုပေါ်သို့ အဖြူရောင် ကံ့ကော်ပွင့်ဖတ် တစ်ချပ်ကာ မြေခသွားသည်ကို ဖြူစွပ် သွယ်လျသော လက်ချောင်းရှိသော လက်လေးက ပွင့်ဖတ်ကို ကောက်ယူကာ ပင်စည်ထက်မှ ငုံငုံငွားငွား ဖူးပွင့်လေသော ကံ့ကော်ပန်းပွင့်ကြီးငယ်များကို ကြာရိုးပမာ ဖြူသွယ်ရှည်မျှောသော လည်တိုင် ဆန့်တန့်အောင် ကုမုဒြာ မော့ကြည့်ကာ သူမရဲ့ ငယ်သူငယ်ချင်းမျက်နှာ ပြန်မြင်ရသည့်အလား ပုလဲလို ဖြူဝင်းသော သွားတန်းများ ပေါ်လွှင်အောင် မွှေးကြိုင်လှသော ကံ့ကော်ပန်းအား ပြုံးပြနေသည်။
မိုးဦးတွင် အစောဆုံး ပွင့်တတ်သော သစ္စာရှိသည့် ကံ့ကော်ပင်အိုကြီး၏ ပင်စည်သည် လူနှစ်ယောက်စာ ဖက်ရလောက်အောင် ကြီးမားသည်။
"မွှေးနေရောပဲ...."
ပင့်သက် မြင့်မြင့် ရှိုက်၍ မျက်လုံးမှိတ်ကာ ပန်းရနံ့အား တစ်ရှိုက်ကြီး ရှူသွင်းလိုက်တဲ့နောက် သူမရဲ့ ဆန္ဒများကို သိမ်းဆည်းကာ နန်းဦး ဘုရားဆောင်မှ သန့်ရှင်းရေး သွားလုပ်ရန် တာဝန်ကျလို့ ယဥ်ကျေးမှုနန်းဆောင်နှင့် နန်းဦး ဘုရားရှိခိုးအဆောင်က အနည်းငယ်တော့ အလှမ်းဝေးသည်။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...