နန်းတက်ပွဲ
********************************
ငါးပြည်ထောင်ပြည့်ရှင်အသစ် နန်းတက်ပွဲသည် ၇နေ့ ၇ည ခမ်းနားစွာ ကျင်းပမည်ဖြစ်သည်။
နန်းတော်ရှေ့ဝယ် နန်းမည်ကျော်ကြား တီးဝိုင်းအဖွဲ့များမှ တီးမှုတ်သံများကို ခပ်လှမ်းလှမ်း ကြားနေရသည်။
လှပသော ရောင်နီပျိုးစနှင့်အတူ ရွှေရောင်ခြည်များ ဖြာကျလာသော အဆောင်တော်ထဲ ဘုရင်ဝတ်ရုံအား သေသပ်တင့်တယ်စွာ ဝတ်စားထားသော ခိံဏသည် ဒီကနေ့ တရားဝင် ဘုရင်တစ်ပါး ဖြစ်လာတော့မည်။
ရွှေချိတ်တိုင်ထက် နေရာယူထားသော ဘုရင့်ဝတ်ရုံရှည်သည် ကျောက်စီထားသဖြင့် အရောင်လက်လက် ဟပ်နေပီး ဝတ်ဆင်သူ၏ ဘုန်းတန်ခိုးအာနုဘော်အား ဖော်ဆောင်သည်။
သပ်ရပ်စွာ ဆံထုံးတင်ကာ အဖြူနှင့်ရွှေရောင်တောင်ရှည်ပုဆိုးနဲ့ယှဥ်သော ရွှေချည်ထည်အား ဝတ်ထားသော ခိံဏကို ကြည့်ရှုပီး နို့ထိန်းတော် နွယ်သူဇာ မျက်ရည်တဝဲဝဲနှင့်ပင် ပီတိဖြစ်ရသည်။
" မိဖုရားသာ မင်းသားကို မြင်ခဲ့ရင် သိပ်ကို ဝမ်းသာပီတိဖြစ်နေမည်မှာ ဧကန်ပဲ၊ မင်းသာ ဘုရင်တစ်ပါးဖြစ်လာဖို့ မိဖုရားအင်မတန် မျှော်လင့်ထားခဲ့တာ"
ယူကြိုးမရ ပြောလာသော နို့ထိန်းတော်သည် ပီတိစိတ်ကြား ဝမ်းနည်းစိတ်စွက်နေသည်။
"ယခုလဲ မယ်ဖုရား ကောင်းကင်ယံကနေ ကိုယ်တော့်ကို မြင်နေရလောက်ပီ၊ ယနေ့သည် မယ်ဖုရားဆန္ဒများအားလုံး ပြီးဆုံးတဲ့နေ့မဟုတ်ဘူး၊ ဤနေ့ကား မယ်ဖုရားမျှော်လင့်ချက်များ စတင်မည့်နေ့ပေပဲ"
စူဠဒေဝီမိဖုရားက ခိံဏကို ဘုရင်ဖြစ်စေချင်ရုံမဟုတ် အာဏာကို သမာဓိရှိရှိဖြင့် ထိန်းချုပ်ကာ ကောင်းရာဘက်သို့ အသုံးချရန် မျှော်လင့်ထားတာ ဖြစ်သည်။
တိုင်းပြည်တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို ခိုင်မြဲအောင် ထူထောင်နိုင်မှ မယ်ဖုရား၏ ဆန္ဒအမှန်ဖြစ်သည်။
"အခါတော်ချိန် ကျရောက်လာပါပြီအရှင်"
တံခါးရှေ့ လျှောက်တင်သံကြောင့် ခိံဏမျက်လုံးခနမှိတ်လိုက်ကာ မိမိစတင်လက်ခံရမည့် ဘုရင်တစ်ပါး၏ လေးလံသော တာဝန်များအား ထမ်းဆောင်ရန် အသင့်ဖြစ်အောင် အားယူနေသလိုပင်။
BINABASA MO ANG
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...