ဧကရာဇ်ပိုင်သောပန်း Part

938 42 0
                                    


ရာဇသိင်္ခနန်းတော်

**********************************

ကုမုဒြာ ပြေးသည်။ မိန်းမသားတစ်ဦး ရှိသမျှ အားဖြင့် ပြေးသည်။

အပြေးများသလားမသိ ဒူးများ အားပြတ်၍ တဆတ်ဆတ် တုန်လာသည်။

ဒူးများ ကျွတ်ထွက်သွားမတတ် ပြေးသည်။ ခြေချောင်းများ ခွေယိုင်သွားမတတ် ပြေးသည်။

ရင်တဒုန်းဒုန်းဖြင့် မောပန်းလွန်းကာ အမောဖောက်တော့မည်။

ချွေးတပြိုင်းပြိုင်းဖြင့် အသက်လုရှူရင်းက

"အရှင်..."

သလွန်တော်ထက်မှ အာမေဍိတ်သံနှင့်တကွ လန့်နိုးလာသော ကုမုဒြာသည် နဖူးပေါ် ချွေးသီးချွေးပေါက်များ ခိုသီးကာ မောပန်း၍ အသက်လုရှူရသည်။

အိမ်မက်ထဲ ဘယ်မကောင်းဆိုးဝါးလိုက်၍ ပြေးရသည်ကိုမသိ ပြေးဖို့ဇောတစ်ခုတည်းသာ ရှိနေတာဖြစ်သည်။

"ဝှူးး...မောလိုက်တာ"

ထထိုင်၍ လက်ဖျံဖြင့် ချွေးသိမ့်ကာ ကုမုဒြာ အခုမှ စိတ်အေးသွားသူလို သက်ပြင်းချသည်။

အိမ်မက်ပေပဲကိုးး....အဲ၊ အမှန်စင်စစ်ပေပဲလား?

မရင်းနှီးသော အိပ်ဆောင်၏ ပတ်ပတ်လည်အား စူးစမ်းကြည့်လိုက်တော့မှ သူမ,နေခဲ့ဖူးသော အဆောင်တော်များနှင့် မတူချေ။

ကျယ်ဝန်းပီး ထည်ဝါ၍ ဂုဏ်မာန်ဝင့်ကြွားစွာ ဆင်ယင်ထားသော သည်အိပ်ဆောင်သည် မဟုတ်မှလွှဲ၍။

မဖြစ်နိုင်ပေဘူးလေ....ဘာအမှုများ ဖြစ်ခဲ့သည်လဲ?

မဟုတ်မှလွှဲ၍ အကျွန်ုပ် မူးလဲသွားသည်လား....

ကုမုဒြာ အတွေးဖြင့် လန့်၍ ဖော့ဖယောင်းလို သွယ်လျသော လက်ချောင်းများဖြင့် ပါးစပ်ကို အုပ်ပိတ်ကာ နှုတ်ခမ်းလွှာပေါ်မှ ပျော့ပျောင်းပူနွေးသော ခံစားမှုက ကပ်တွယ်နေသေးသည်။

အပျိုတော်တို့ ပြောနေကျ အနမ်းဆိုတာ ဤသည်ကို ပြောတာလား?

စစ်မှုထမ်းနေတဲ့ စစ်သည်တော်တချို့နဲ့ တိတ်တခိုး ချစ်သူရည်းစား ဖြစ်ကာ မဖွယ်မရာဆုံတွေ့ကြတဲ့ အပျိုတော်တွေက ဤအနမ်းကို ချဲ့ကား၍ ပြောပြသော ပုံပြင်များစွာကို ကုမုဒြာ နားစွင့်ကာ စိတ်ဝင်တစား နားထောင်ခဲ့ဖူးသည်။

ဧကရာဇ်ပိုင်သောပန်းTempat cerita menjadi hidup. Temukan sekarang