ဧကရာဇ်ပိုင်သောပန်း Part 36

478 12 0
                                    


အဖြူရောင် မုသား

********************************

အရှင်မရှိသော နေ့ညသည် ကုမုဒြာအတွက် အဓိပ္ပာယ်မဲ့သော နေ့ရက်များဖြစ်လာသည်။

အပါးမှာ အရှင်ရှိမနေတော့မှ အရှင်သည် မိမိ၏ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်သည်ကို ကုမုဒြာ သိရှိလာသည်။

ဒီနေ့သည်လဲ ပျပျ လှမ်းမြင်ရသော နန်းတော်အရှေ့ဘက် မုခ်တံခါးဆီ ကုမုဒြာ မကြာခန လှမ်းကြည့်တတ်လေသည်။

အရှင်သည် အရေးကြီးသော အမှုကိစ္စတစ်ခုနဲ့ သွားသည်လို့ပဲ ပြောထားပီး ဘယ်သောအချိန် ပြန်ရောက်မည်ကိုတော့ မပြောပေ။

"အရှင်မ...ဒုတိယမိဖုရား တွေ့ခွင့်ပန်ပါတယ်"

ယိုးမယ်ဝင်လာကာ ပြောတော့ မိမိအဆောင်တော်အထိ ရောက်လာသော ဒုတိယမိဖုရားကို ကုမုဒြာ ခရီးဦးထွက်ကြိုသည်။

"မိဖုရားကို ကြိုဆိုပါတယ်"

ကုမုဒြာ ဦးညွှတ်ကာ ရိုသေမှု ဦးစွာပေးသည်။

နူးညံ့သော ဓနိယဒေဝီသည် အပြုံးညိုးညိုးလေးဖြင့် ကုမုဒြာအား တန်ပြန်ဦးညွှတ်သည်။

"အရှင်မ သတင်းကြားသိခဲ့ပြီးပြီလား?"

မျက်နှာအနည်းငယ် ညိုးနေတဲ့ ဓနိယဒေဝီက မေးသည်။

"ဘာသတင်းတဲ့လဲ? ကျွန်တော်မျိုးမ ဘာကိုမှ မသိလိုက်သေးပါဘူး"

ကုမုဒြာ သိချင်မှုပေါင်းများဖြင့် မေးလိုက်သည်။

"အရှင်က အရှင်မကို အရမ်းချစ်လေတော့ အရှင်မ,စိတ်မပူရလေအောင် သတင်းမပို့ပဲနေမှာ"

မျက်ရည်ဝဲလာသော ဓနိယဒေဝီကြောင့် ကုမုဒြာ မသိလိုက်ရသေးသော သတင်းသည် ဧကန် သတင်းကောင်းမဟုတ်သည့်အပြင် အရှင်နှင့် ပတ်သက်သော သတင်းဖြစ်ပေမည်။

"ဘာသတင်းတဲ့လဲ? မိဖုရားပြောပါ"

ကုမုဒြာ အနည်းငယ်လောလာပုံဖြင့် ဒုတိယမိဖုရားလက်အား ဆွဲယူကာ ထပ်မေးသည်။

"အရှင်...အရှင် ဒဏ်ရာကြီးကြီးကျယ်ကျယ် ရထားသည်လို့ သိရှိရပါတယ်အရှင်မ၊ နန်းတော်နဲ့ တိုင်းပြည်တည်မြဲမှု ပျက်ပြားသွားမှာစိုးလို့ ဒီသတင်းကို လျှို့ဝှက်ထားရတယ်၊ ပထမမိဖုရားက ဦးရီးတော် မင်းသုမဏ္ဏဆီကနေ သတင်းရထားပါတယ်၊ ပထမမိဖုရားက ဒီကိစ္စအရှင်မနဲ့ မဆိုင်လို့ အရှင်မမသိသင့်ဘူးဆိုလို့ အကျွန်ုပ်လဲ သိသိချင်း လာမပြောဖြစ်တာပါ၊ အရှင့်ကို တစ်ညလုံး စိတ်ပူလွန်းလို့ အိပ်လို့မရခဲ့ဘူး အရှင်မလဲ သိသင့်တယ်ထင်လို့ အကျွန်ုပ်အသိလာပေးတာပါ...ရွှီးး....ရွှီးးး"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now