ဧကရာဇ်ပိုင်သောပန်း Part 41

618 15 0
                                    


အိမ်ပြန်လမ်း

*******************************

မြင်းစီးတော်ဝင် ရင်းတပ်လိုက်ပါသော မြင်းလှည်းတန်းသည် ခရီးဆက်လာခဲ့ကြသည်မှာ သုံးရက်ရှိလေပြီ။

နေမဝင်မှီ တောင်သူရွာရာမည်လို့ လမ်းပြနယ်သားကပြောတော့ နွမ်းနယ်လာသော ကုမုဒြာလဲ တစ်ဖန် ပြန်လည် တက်ကြွလာသည်။

သစ်ပင်ကြီးငယ်နှင့် တောတောင်ကိုသာ မြင်ရတော့ နေတစ်ဖန်ဝင်ပီး သုံးတန်ရွာမရောက်မှာကို ကုမုဒြာ စိုးရိမ်သည်။

ကုမုဒြာမိဘနှစ်ပါး နေထိုင်သော တောင်သူရွာသည် သုံးတန်ရွာဟု အမည်တွင်သည်။

မြင်းလှည်း ပြတင်းအပေါက်ငယ်မှ အပြင်ဘက် လှမ်းကြည့်သော ကုမုဒြာသည် ဘေးချင်းကပ်လာတဲ့ အရှင့်က မြင်းနက်ကြီးအား စီးထားသည်။

"ရပ်ချေ..."

မြင်းလှည်းထိန်းအား တိုးညင်သော အမိန့်သံပေးကာ လှည်းကို ရပ်စေသည်။

"မယ်မိ...ကိုယ်တော်နဲ့ မြင်းစီးချင်သလား?"

"ဟင်...မစီးလိုကြောင်းပါအရှင်"

အလိုက်ကန်းဆိုးမသိတတ်သော အရှင့်မေးခွန်းကြောင့် ကုမုဒြာ ယောင်နနနှင့် ခေါင်းခါ၍ ငြင်းလိုက်သည်။

ဒီလောက် များတဲ့ အခြွေအရံတွေကြားမှာ မြင်းအတူစီးမှာက ကုမုဒြာအဖို့ မျက်နှာပူစရာကောင်းသည်။

"လာပါ....ဒီတောကို ထိုးဖောက်လိုက်ရင် ရွာလယ်ကွင်းကို မြင်ရတော့မှာ အခုတောင် လှမ်းမြင်နေရပီ..."

ရွှေတန်ဆာများ ဆင်မြန်းထားခြင်းမရှိတဲ့ ကုမုဒြာသည် သဘာဝအတိုင်း ကြည်လင်လှပနေကာ ပျံလွှားတောင်ပံ မျက်ခုံးချွန်ချွန်က မယုံသောဟန်ဖြင့် ကျုံ့ထားလေသည်။

"ဟွန့်....အဘယ်မှာလဲ? မမြင်ရပါဘူး"

မြင်းလှည်းရှေ့ လည်ပင်းအနည်းငယ်ဆန့်ကာ ကုမုဒြာရှေ့ကို လှမ်းကြည့်သည်။

"မယ်မိ လှည်းပေါ်မှာမို့ မမြင်နိုင်တာ....ရှုခင်း မရှုမြင်ချင်ဘူးလား"

"လှသလားအရှင်"

"အမ်း...မယ်မိလောက်တော့ ဘယ်လှမလဲ?"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now