ဧကရာဇ်ပိုင်သောပန်း Part 39

527 14 0
                                    


အချစ်သည်

******************************

"အ..အရှင်.."

လေထဲ ဝဲလာသော အသံအိအိလေးသည် တောစောင့်နတ်သမီးက လူသားရဲ့ အာရုံ လာဖျားယောင်းသော အသံလို မသဲကွဲပဲ ခိံဏကြက်သီးဖျန်းခနဲထဲကာ အသံလာရာဟု ထင်ရသော နေရာတွင် ကြိုးဆွဲခံရသော ရုပ်သေးရုပ်လို ဆတ်ခနဲ လှည့်လာသည်။

အုပ်ဆိုင်းနေသော သစ်ပင်ကြီးများအောက် ခါးထိ မြင့်သော မြက်ရိုင်းပင်ကြား ညစ်နွမ်းနွမ်းအမဲရောင်အဝတ်စုတ်နဲ့ ပေတေသောမျက်နှာနဲ့ လူတစ်ယောက်သော ခိံဏမမြင်ဖူးလေသော ဝတ်စားဆင်ယင်မှုပုံစံမို့ စက္ကန့်ပိုင်း တန့်ကြောင်သွားကာ အမှန်စင်စစ် အကြင်သူမဖြစ်နေသည်။

ဖြူဖွေးဖူးသော မျက်နှာလေးသည် အမဲစက်များ စွန်းပေကာ မျက်တောင်ထူထူဝန်းရံထားသော မျက်လုံးရှည်မျှော့မျှော့က လှပဆဲပါ။

အနက်ရောင် အဝတ်ကြီးသည် မသေမသပ်ဖြစ်ကာ ရှည်သောအင်္ကျီလက်များက အကြင်သူမဝတ်ထားသော အဝတ်သည် ကိုယ်လုံးနှင့် ကိုက်ညီမှုမရှိသည့်တိုင် ချိုင့်သော ခါးသေးသေးက ပုံစံကျမြဲပင်။

"ကုမုဒြာ..."

အကြင်သူမအမည်နာမကလွှဲ၍ တခြားစကားလုံးများ ပြောရန် သျှာတစ်ခုလုံး လေဖြတ်ခံထားရသလို ခိံဏ၏ အညိုရောင်မျက်လုံးထဲမှ မျက်ရည်ပူများ ပြည့်တင်းလာသည်က ရင်ထဲလှိုက်မောမှု၏ အရိပ်ဖြစ်သည်။

အရှင့်မျက်နှာတော် မြင်လိုက်သည်နဲ့ ကုမုဒြာတစ်ကိုယ်လုံး အားပျော့သွားသလို လက်ထဲပါလာသော ဆေးရွက်နဲ့ သစ်ဥအနည်းငယ်သည် မြေကြီးပေါ် လွှတ်ကျကာ ခြေချောင်းများသည်လဲ အားကိုးရာတွေ့သွားသလို ယိုင်နဲ့သွားသည်။

သံချပ်ဝတ်စုံ ဝတ်ထားသော အရှင့်ခန္ဓာသည် ကုမုဒြာမလှဲမှီ အမိအရ လှမ်းယူထားနိုင်သည်။

"အိုး....မယ်မိ"

မဲသဲပေတေနေသော ပါးပြင်နုနုလေးအား လက်မဖြင့် ပွတ်ကာ ခိံဏ သနားခြင်းအပေါင်းတို့နှင့်အတူ အကြင်သူမကို မကာကွယ်လိုက်နိုင်လေရဲ့ဟူသော မိမိကိုယ်ကို အပြစ်တင်မိသည်။

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now