မင်းသမီးစောယွန်းစင်းမယ်
**********************************
မင်းသမီး စောယွန်းစင်းမယ်သည် နန်းတော်အလှစ်ဝင်တိုက်ခံရသော ညတွင် တခြားသော မင်းမျိုးနွယ်များဖြင့် သုတ်သင်ခြင်း မခံရပေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိဘုရင် ခိံဏဂီဠိ၏ အစ်မတော်အရင်းမို့လို့ပင်။
ညီနောင်များကို သံယောဇဥ်မရှိ သူစိမ်းအပြစ်သားတွေလို သေမိန့်ချနိုင်ပေမဲ့ မောင်နှမအရင်းချာကိုတော့ ခိံဏ မသတ်နိုင်ပေ။
အစ်မတော်ဖြစ်သူက မိမိအသက်ကို သတ်ဖို့လောက်အထိ ရည်ရွယ်လုပ်ဆောင်ခဲ့ဖူးပေမဲ့ မပြတ်သားနိုင်သေးသော မိမိကိုယ်ကိုက ဖခမည်းတော်လောက် သွေးမအေးကြောင်းရဲ့ သက်သေပေပဲ။
ခိံဏကို သတ်ခဲ့ဖူးသော အစ်မတော်ကိုတော့ အကျယ်ချုပ် အကျဥ်းချထားရုံမျှသာ လုပ်သည်။
အစောင့်များ တင်းကြပ်သော နန်းမြိုင်ဆီ ခိံဏ ကြွလာပြီး နောက်လိုက် အတွင်းဝန်ကြီးနှင့် အမှုထမ်းများအား လိုက်ဝင်မလာခဲ့ဖို့ လက်ကာထုတ်ပြသည်။
"အရှင်၊ ဖြစ်ပါမလား? ကျွန်တော်မျိုး စိုးရိမ်တာက..."
တစ်ဦးထဲ ဝင်သွားမဲ့ အရှင်မင်းမြတ်ကို ကိုယ်ရံတော် ဒွါရံက ဝင်ဟန့်သည်။
"မစိုးရိမ်လေနဲ့ ဒွါရံ၊ အစ်မတော်နဲ့ နှစ်ဦးတည်း စကားပြောချင်တယ်"
လွန်ခဲ့သော ငါးနှစ်တုန်းကလဲ ကိုယ်ရံတော်ဒွါရံက မင်းသားတစ်ပါးတည်း လွှတ်လိုက်မိလို့ အသက်ဆုံးရှုံးဖို့နီးပါး ဖြစ်ခဲ့ရဖူးပြီ။ သည်တစ်ခါလဲ သမိုင်းကြောင်းပြန်တပ်မှာကို စိုးရိမ်လွန်းသည်။
မျက်နှာကြမ်းကြမ်း နှာတံချွန်ချွန်နှင့် ခိံဏဂီဠိ၏ ငယ်ပေါင်းကြီးဖော် ကိုယ်ရံတော်ဒွါရံက မတတ်သာ၍ လွှတ်လိုက်ရပြန်သည်။
"အရှင် သတိရှိပါ"
ကိုယ်ရံတော် ဒွါရံ၏ ပခုံးအား အားပေးသလို ခိံဏပုတ်လိုက်ကာ အဆောင်တော်ထဲ ဝင်သွားလေသည်။
မိမိအသက်အား ယူဖို့ ကြံစည်ခဲ့ဖူးသူအတွက် ဒီလောက် ခန်းနားသော နန်းမြိုင်နဲ့ စံရှားခွင့်ပေးဖို့ မထိုက်တန်ဘူးလို့ ပြောချင်ပေမဲ့ အဲ့သည်လူက ခိံဏ၏ အစ်မတော်မို့လို့ စုတ်ပြတ်သော ထောင်ထဲ ချဖို့ထိ သူ မရက်စက်ပေ။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...