ဧကရာဇ်ပိုင်သောပန်း Part 7

887 44 0
                                    


သူစိမ်း

*****************************

ခရမ်းရောင် ဖျော့ဖျော့ ရင်စည်းထမီဝတ်စုံဖြင့် အပျိုတော်များက ကုမုဒြာအား ရေချိုးသောနေရာမှအစ ဝတ်ရုံဝတ်ဆင် ပြင်ဆင်ချယ်သခြင်းတို့အဆုံး အကူအညီပေးသည်ထက် အားလုံးနီးပါး လုပ်ဆောင်ပေးနေသည်ကို ကုမုဒြာ အသားတကျမရှိ၍ အနေခက်သည်။

အဲ့ဒါတင်မက 'အရှင်မ'ဟူသော ဂုဏ်မြှောက်စွာ ခေါ်ဝေါ်မှုကိုလဲ ကုမုဒြာ ကြက်သီးထရသည်။

အပြောင်းခေါ်ခိုင်းသော်လဲ အရှင်မင်းမြတ်၏ အမိန့်တော်အား အာခံမရဲကြောင်း အပျိုတော်တွေက ငြင်းသည်။

အဲ့သည် အရှင်မြတ်ဟာလဲ ဘယ်တွေသွားနေလဲမသိ ကုမုဒြာနိုးခါစ တစ်ချက်လာကြည့်ကာ ပျောက်သွားသည်။

အမှန်တော့ ကုမုဒြာ အနှီအရှင်မြတ်ကို မော်ဖူးချင်၍တော့မဟုတ် အိမ်ပြန်ခွင့်တောင်းပန်ရန်သာ ဖြစ်သည်။

နို့ထိန်းတော်ကို မေးတော့လဲ အရှင်က လာလိမ့်မယ်လို့သာ သိရသည်။

ကြင်ရာတော်အနေဖြင့် ကုမုဒြာ အိမ်ပြန်ခွင့်ရမယ်လို့ ယုံကြည်နေသေးသည်။

ဟူးး......

ပြတင်းပေါက် ဘောင်ပေါ် မေးတင်ထားရင်း ကုမုဒြာ သက်ပြင်းချသည်။

မှောင်လာသော ပတ်ဝန်းကျင်တစ်ခွင်ကို ကြည့်ပီး ညတစ်ဖန် ကူးပြောင်းလာပြန်သည်။

လေညင်းတိုက်တိုင်း ရိုးတံရှည်ညောင်ရွက်များဟာ လှုပ်ခါနေပြီး ညချမ်းအာရုံကို ရှုစားနေပုံရသည်။

ကုမုဒြာ သတိပြန်လည်လာတဲ့အချိန်မှစ၍ ယနေ့ ၇ရက်တောင် ပြည့်နေပြီ။

အပျိုတော်များ ခြေသံငြိမ်ငြိမ်ဖြင့် နန်းဆောင်ထဲ ဖယောင်းတိုင်မီးဆိုင်းနှင့် ဆီမီးခွက်များအား ထွန်းငြိပေးနေသည်။

ကုမုဒြာလဲ ဘာလုပ်ရမှန်းမသိ ပျင်းပျင်းနှင့်ပင် ချထားသော ဆီမီးလောင်စာဆီအိုးကို ယူ၍ လိုက်ဖြည့်ဖို့ လုပ်တော့

"အရှင်မ..အရှင်မ၊ ဘာလုပ်မလို့ပါလဲ? မသင့်တော်ပါဘူး "

အပျိုတော်လေးက လန့်၍ ဆီအိုးလေးကို လှမ်းကိုင်ထားလိုက်သည်။

ဧကရာဇ်ပိုင်သောပန်းTahanan ng mga kuwento. Tumuklas ngayon