ဧကရာဇ်ပိုင်သောပန်း Part 3

1K 49 0
                                    


ပြည်နှင်မင်းသား

********************************

"ကြွဖို့ အချိန်ခါ သင့်ပါပြီ ကြင်ရာတော်"

အထိန်းတော် မယ်မယ်ရဲ့ အမိန့်သံဆန်သော သတိပေးသံတစ်ချက်က ကုမုဒြာအတွက် သေမိန့်ချ ခံလိုက်ရသူနှယ်။

ခြေဖဝါးများက လေးလံပြီး ကျောက်ချထားသလို မ,ဖို့ ခဲယဥ်းလှသည်။

အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ထဘီစ,ကို လုံးခြေကာ ထွက်ရမဲ့ သစ်သား တံခါးဘောင်ဘက်လို့ လှည့်လာသည်။

နန်းတော်ကြီးမှ အပျိုတော်နဲ့ မှူးမတ်တချို့ အသင့် စောင့်ကြိုနေပါပြီ။

အထိန်းတော်က ကုမုဒြာအား ဂါရဝပြုကာ ကြွပါဟူသော အမူအရာဖြင့် တံခါးအပြင်ဘက် လက်လှမ်းဖြာသည်။

ဘုံ၅ဆင့် ယဥ်ကျေးမှုအဆောင်က အထိန်းတော်တောင် ကုမုဒြာကို ဦးစွာ ဂါရပြုရသည်က အသစ်ဆက်ဆက် အပ်နှင်ခြင်းခံလိုက်ရပါသော ကြင်ရာတော်ရာထူးတစ်ခုကြောင့်ပင်။

ချက်ချင်းမှာပင် ကုမုဒြာ တစ်စုံတစ်ခုအား သဘောပိုက်သွားသည်။

ကြင်ရာတော်လောင်းများ မျှော်လင့် စောင့်ရှားနေတာက ဒီလို ဂုဏ်အာဏာတွေပါလား။

ခြားနားသွားတာက ဒီလို အရိုသေပေးခံရတာကို နှစ်သက် လိုလားမှု မရှိသောသူက ကုမုဒြာပေပဲလေ။

ရှေ့ဆုံးမှာ ခရမ်းနုရောင် ဝတ်စုံ ဆင်မြန်းထားသော အပျိုတော် လေးယောက်က မီးအိမ်ကြီး ကိုယ်စီဖြင့် တစ်ဖက် နှစ်ယောက်စီ လမ်းပြကာ အတွင်းဝန်ကြီးက ကုမုဒြာ၏ ရှေ့တွင် ဦးဆောင်လျက် ပခုံးထက် ခြုံလွှာရှည်က မြေကြီးပေါ် ဖြာကျကာ ကုမုဒြာ ဖြေးဖြေးချင်း လျှောက်လာသည်။

နောက်တွင်မူ ကိုယ်ရံတော်နှင့် မှူးမတ်အပါ အထိန်းတော်များသည်လဲ လိုက်လာရသည်။

ဆံထုံးကြီးပေါ် ပန်းပန်ဆင်လျက် ရွှေနားတောင်းကြီးက လမ်းလျှောက်တိုင်း လှုပ်လှုပ်နေသော အထိန်းတော်ကြီးများက တည်ကြည်သော မျက်နှာထားဖြင့် တင့်တင့်တယ်တယ် ဝတ်စားဆင်ယင်ပီး ကြင်ရာတော်ပေါင်းများစွာအား ပြုစုပျိုးထောင်ရခြင်းကြောင့် ရင့်ကျက်ခြင်းနဲ့ အာဏာရှိသော အထာက မြင်သူတိုင်း ခေါင်းငုံ့သွားစေလောက်သည်။

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now