တစ်ဦးပေါ်တစ်ဦး(ဇာတ်သိမ်း)
********************************
နှစ်ရှည်လကြာ ခွဲခွာခဲ့ရပါသော မိဘအိမ်တွင် ကုမုဒြာအတန်ကြာ နေမည်လို့ စိတ်ကူးယဥ်ဖူးပေမဲ့ ကပ်တွယ်နေသော အရှင်ကြောင့် ကုမုဒြာ တစ်ပတ်တည်းနေပြီးနောက် နန်းတော်ကြီးဆီ ပြန်ဖို့ ဆုံးဖြတ်လိုက်ရသည်။
နန်းတော်ကို ပစ်ထားပြီး မိမိနောက် လိုက်လာပေးသော အရှင်သည် ကုမုဒြာမပါရင် ပြန်မည်မဟုတ်ကြောင်း သက်သေထူနေသည်။
ရွာထိပ် ဘုန်းကြီးကျောင်းနှင့် အနည်းငယ်နီးစပ်သော ကုမုဒြာဖခင်အိမ်ကြီးသည် ရွာသူကြီးအိမ်ပီသစွာ ထီးမားနေသည်။
အလွမ်းအဆွတ်တချို့ဖြင့် ခြေဦးတည်ရာအတိုင်း ကုမုဒြာလျှောက်လှမ်းလာတော့ ရွာပြင် လယ်ကွင်းအစပ်မှာ တသွင်သွင် စီးဆင်းနေသော ချောင်းငယ်တစ်သွယ်အား မြင်ရသည်။
ကြည်လင်သော ချောင်းရေသည် ရေအောက် ကူးခတ်ပျော်ပါးကစားနေသော ငါးအုပ်စုများကို မြင်သာထင်ရှားသည်။
ပေါ့ပါးလွှတ်လပ်စွာ ကူးခတ်နေသော ငါးငယ်များအား ကုမုဒြာ စိတ်ဝင်တစား ငုံ့ကြည့်မိကာ ပေါ့ပါးသော အပြုံးတစ်ပွင့် ပြေပြေလေး လွှတ်လာရသည်။
လေတဖြူးဖြူး တိုက်ခတ်လာသော လေစိမ်းသည် ကုမုဒြာအသက်ရှူချောင်စေအောင် ထောက်ပံ့ပေးသည်။
လည်ပင်းအနည်းငယ် ဆန့်တန့်ကာ အသက်တစ်ပြင်းရှုလိုက်ပီး တောက်ပသော ကောင်းကင်ယံသည် တိမ်တိုက်အုပ်စုများဖြင့် အလှဆင်ထားသည်မှာ ပန်းချီကားတစ်ချပ်နှယ်။
အတောင်ပံဖြန့်ကာ ပျံသန်းသွားသော ငှက်ငယ်အုပ်စုတို့သည် တောင်တန်းဘက်သို့ ဦးတည်သွားသည်။
နန်းတွင်း ကြီးပြင်းလာသော ကုမုဒြာသည် ဒီလို လွှတ်လပ်ပေါ့ပါးစွာ မနေခဲ့ဖူးချေ။
သူမဘဝမှာ အတောင်းတဆုံးဆိုသည်မှာ ငှက်ငယ်လေးတွေရဲ့ဘဝလိုလား....ရေအောက် ကူးခတ်နေတဲ့ ငါးငယ်လေးတွေလိုလား။
ငှက်လေးတွေရယ် ပေါ့ပါးလိုက်တာ...လှောင်အိမ်ထဲ လှောင်ပိတ်ခံရရင်တော့ နမျှောရပါပေရဲ့
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...