ဧကရာဇ်ပိုင်သောပန်း Part 5

1K 50 0
                                    


ဂန္ဓမာပန်းနန်းမြိုင်

************************************

"ကုမုဒြာ.....နေသာပါရဲ့လား"

"........................."

အသက်မရှူသော ကျောက်ရုပ်အလား အကြင်သူမ၏ မဟူရာမျက်ဝန်းအစုံဟာလဲ ကြောင်သူငယ်နှယ် ပြူးဝိုင်းကာ ဝင်လာသော လူအသစ်ကို စိမ်းကားစွာ ကြည့်သည်။

အကြင်သူမ၏ ဘေးတွင် ခိံဏ ထိုင်လိုက်ကာ အဝတ်စဖြူဖြင့် ပတ်ရံထားသော လက်ဖဝါးလေးကို ကိုင်လိုက်သည်။

"ကုမုဒြာ ကိုယ်တော်မေးတာ မဖြေသေးပါလား"

တိုးညင်သော လေသံဖြင့် အကြင်သူမကို အပြစ်ဆိုချင်သလို ထပ်မံပြောလိုက်တော့မှ အသက်ဝိဥာဥ်ပြန်ဝင်စားလာသော ကျောက်ရုပ်က မျက်တောင် ပုတ်ခတ်၍ ဟော ဟင့်ဟူသော နားမလည်သေးသည့် အာမေဍိတ်သံများ ထွက်ပေါ်လာသည်။

"ဘယ်နား မသက်မသာ ဖြစ်သေးလဲ"

အကြင်သူမရဲ့ လက်ခုံပေါ်မှ လက်ဖဝါးကြီးအုပ်ကိုင်ကာ ခိံဏ စိုးရိမ်စွာ ထပ်မေးသည်။

မျက်လွှာချ၍ ဆုတ်ကိုင်ခြင်းခံရသော လက်နှစ်ဖက်ကို ကုမုဒြာ နားမလည်စွာ ငုံ့ကြည့်မိသည်။

"ကျွန်တော်မျိုးမ အနေသာပါတယ်"

တွေဝေမှုများ ပြည့်နေသော လေသံအိအိလေးနဲ့ အကြင်သူမရဲ့ အဖြေက ခိံဏမျက်နှာတော်အား ပို၍ ရွှင်လာစေသည်။

အရွယ်ရောက်လာပြီး ရင့်ကျက်သိမ်မွေ့ပုံရတဲ့ ကုမုဒြာအား ခိံဏ ပီတိဖြင့် ကြည့်သည်။

တင့်တောင့်တင့်သော ကတ္တီပါချည်ထိုးကိုဝတ်စား၍ ကျောက်စီရွှေစလွယ်ကို သိုင်းကာ တောင်ရှည်ပုဆိုးအား ခါးတောင်းကျိုက်ဝတ်ဆင်ထားတာကို ကြည့်ပီး မင်းညီမင်းသားများသာ ဝတ်ဆင်သော အဆင်အယင်များ ဖြစ်ပေသည်။

"ကျွန်တော်မျိုးမ ဘယ်ကို ရောက်နေသည်လဲ"

သေချာအောင် ကုမုဒြာ ထပ်မေးလိုက်သည်။

"ဇမ္ဗူဒီပ နန်းတော်ပါ၊ မယ်မိ သတိလစ်သွားတာ ၁ရက်တိတိပေမို့ ကိုယ်တော် ဘယ်လောက်များ ပူပန်ရတယ်ဆိုတာ သိနိုင်မှာမဟုတ်ဘူး"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now