ထွက်ခွာခြင်း
*******************************
ဓမ္မသာရိယညီလာခံ ခန်းမကြီး၌ ဝယ်
ကျယ်ဝန်းသော ခန်းမကြီးသည် ကြက်သွေးရောင် ကမ္ဗလာခင်းကျင်းထားသည်။
စာပေနှင့် လက်မှုပညာ ထွန်းကားနေပြီမို့ ညီလာခံ ခန်းမကြီးသည် ပန်းပု၊ ပန်းတဥ်း၊ ပန်းတမော့လက်ရာ အဆင်အယင်များဖြင့် ဂုဏ်သရေအပြည့် ခန်းနားတင့်တယ်၍ ခန်းမ၏အမြင့်ထပ်မှ ဇောဒေဝါရွှေပလ္လင်ကြီးလဲ နဂါးနှစ်ကောင်က ဘေးတစ်ဖက်စီ ရစ်ပတ်ခွေလိမ် တက်သွားပြီး အထက်ဆုံးထိပ်တွင် လက်သီးဆုတ်အရွယ် ပတ္တမြားကြီးတစ်လုံးက တောက်ပစွာ ရောင်ခြည်ဖြာသည်။
ကျောက်စီထားသော ပလ္လင်ကြီးသည် နေရောင်နဲ့ ထိတွေ့ပါက အရောင်လက်လက် ကွန့်မြူးကာ ဇောဒေဝါပလ္လင်ကိုကြည့်ပီး စံရှားမည့်ပုဂ္ဂိုလ်၏ ဂုဏ်အရှိန်အား မှန်းဆနိုင်သည်။
သည်ကနေ့တွင် အရေးပေါ် ညီလာခံခေါ်သော အားလျော်စွာ မှူးမတ်သေနာပတိနှင့် စစ်သူကြီး ဝန်ကြီးပါမကျန် ညီလာခံသို့ တက်ရောက်လာသည်။
ရာထူးဝတ်စုံအပြည့်ဖြင့် ဓမ္မသာရိယညီလာခံခန်းမထဲ စောင့်ဆိုင်းလင့်ပြီသော မင်းမှုထမ်းအပေါင်းတို့သည် ငြိမ်သက်တိတ်ဆိတ်၍ အပ်ချသံကြားရလောက်အောင်ပင်။
မာန်မထီသော မျက်နှာထားဖြင့် ကြွရောက်လာသော အရှင်မင်းကြီး ဂီဠိရနသည် အလိုမကျရာ တစ်စုံတစ်ခုဖြင့် ခက်ထန်သွက်လက်သော ခြေလှမ်းတို့ဖြင့် ညီလာခံတက် ဝတ်စုံဖြစ်သော ရွှေချည်ကျောက်စီရာဇဝတ်ရုံရှည်က အသရေအာဏာကို ပိုမိုပြည့်စုံစေသည်။
"အရှင်မင်းကြီးအား ဂါရဝပြုပါသည်ဘုရား...."
ဇောဒေဝါပလ္လင်ထက် ထိုင်လိုက်တာနဲ့ ဦးခိုက်ကာ ခေါင်းငုံ့ထားလေသော မင်းမှုထမ်းအပေါင်းတို့က တစ်ဖန်ထပ် ဂါရဝပြုသည်။
"ထပါ၊ အချိန်မဆိုင်းပဲ အမတ်ကြီး တင်ပြစရာရှိတာ တင်ပြလော့"
အရှင်မင်းကြီးသည် အချိန်မဆွဲတော့ပဲ လိုရာခရီးသွားဖို့ မိန့်ကြားသည်။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...