ဧကရာဇ်ပိုင်သောပန်း Part 42/18+

1.4K 16 2
                                    


သုံးတန်ရွာ၏ဆောင်းည

*******************************

အိုမင်းလာသော မိဘနှစ်ပါးလုံးအား ပြန်လည်တွေ့ဆုံလိုက်ရတော့ ကုမုဒြာ မျက်ရည်တို့သည် ခမ်းခြောက်နေကာ ရင်ဝတွင် ကိန်းအောင်းနေသည်။

တန့်တန့်ရပ်နေသော ချောမောလှပသော သူငယ်မသည် နန်းတွင်းသူပီသစွာ လှပကျော့စင်း၍ မထိရက်စရာ ကြွေရုပ်တစ်ရုပ်နှယ်။

ဦးသာကီနှင့် ဒေါ်ရွှေဥဩတို့သည် သမီးငယ်အား ဒီအတိုင်းသာ ကြည့်နေမိသည်။

ကုမုဒြာသည် မိဘနှစ်ပါးအား ဘယ်လောက်ထိ လွမ်းဆွတ်နေကြောင်း အဘယ်ကမှစ၍ ပြောပြရမည်ကို မသိတော့ချေ။

များပြားလှသော စကားလုံးများသည် လည်ချောင်းအဝ ပိတ်ဆို့နေလေသည်။

"ဖေဖေ....မေမေ"

ဒီဝေါဟာရနှစ်လုံး ထွက်လာဖို့ ကုမုဒြာမနည်း အားစိုက်ရသည်။

"သမီး...အိုးး...သမီးရယ်"

မိခင် ဒေါ်ရွှေဥဩသည် အနည်းငယ်ရှေ့တိုးလာသော ကုမုဒြာအား ရင်ခွင်ထဲ ပွေ့ဖက်ကာ ပျောက်သွားသော ရတနာအား ပြန်ရှာတွေ့ရသလို မျက်ရည်တစမ်းစမ်းနှင့် ဖခင်ဦးသာကီလဲ မျက်ရည်မထိန်းနိုင်တော့၍ သမီးနှင့်မယားကို ဖက်ထားလိုက်သည်။

မျက်နှာအရည်များ သိသိသာသာ တွန့်ကြေလာသော မိဘနှစ်ပါးသည် အလုပ်ကြမ်းလုပ်သူပီပီ ရင့်ရော်ကာ ဆံဖြူလာပြီ။

ခလေးငယ်တစ်ဦးလို မျက်ရည်မျက်ချီးလူးကာ ငိုနေသော ကုမုဒြာသည် နှစ်ပေါင်းများစွာ လွမ်းဆွတ်တောင်းတမှုကို သက်သေပြသည်။

သစ်သားပျဥ်ထောင်အိမ်ကြီးသည် ပျော်ရွှင်ခြင်းငိုသံသဲ့သဲ့က ညိမ့်ညောင်းစွာ ထွက်လာသည်။

"ဖေဖေ....မေမေတို့ နေကောင်းကျန်းမာပါတယ်နော်၊ သမီး.တို့ ပြန်မဆုံရတော့ဘူးလို့ အောက်မေ့ခဲ့တာ...အဟင့် အဟင့်"

"မေမေလေ...သမီးထွက်သွားတဲ့နေ့ကစပီး အိပ်မရစားမဝင်ခဲ့ဘူး၊ ဖျားနာကျပီး သိပ်မကျန်းမာခဲ့ဘူး၊ သမီးကို ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားတင်းလာခဲ့တာ"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now