မိဖုရား
*******************************
မင်္ဂလာဦးည၌တင် ရှက်ရစွာ ချန်ရစ်ထားခံခဲ့ရလေသော မိဖုရားအပေါင်းတို့သည် မင်္ဂလာဦးညကို တစ်ဦးတည်းဖြတ်သန်းရသည်။
အထူးသဖြင့် မျှော်လင့်ချက်ကြီးခဲ့သော ပထမမိဖုရား အနောက်တိုင်းပြည်မင်းသမီး ကလျာဏဒေဝီမိဖုရားသည်၍ အရှက်ရ မျက်နှာငယ်ရသည်။
ကလျာဏဒေဝီမိဖုရားက မိမိ၏ လူယုံတော် အားလွှတ်၍ ကုမုဒြာဟူသော မိန်းမ၏ ကိုယ်ရေးအကြောင်းများအား စုံစမ်းစေထားခဲ့သည်မို့ စိတ်လောစွာဖြင့် သတင်းစောင့်ဆိုင်းနေတာဖြစ်သည်။
"မိဖုရား ဇွန်လေး အခစားဝင်ရန် စောင့်နေပါတယ်"
အပါးတော်မြဲအပျိုတော်က မိဖုရားကလျာဏကို လျှောက်တင်သည်။
"ဝင်လာစေ"
ဇွန်လေးသည် မိဖုရား၏ လူယုံကိုယ်ရံတော်ဖြစ်ပေသည်။
"မိဖုရားကို ဂါရဝပြုပါတယ်"
ဇွန်လေးသည် အချိန်ကာလတစ်ခုကြာအောင် အခစားခဲ့သော မင်းသမီးအား မိဖုရားဆိုသော အခေါ်အဝေါ်ပြောင်းသုံးရသည်ကို အသားတကျ မရှိသလို ရင်ထဲ ပူဆွေးခြင်းတစ်စုံတစ်ခုအောင်းနေသည်။
"ဘာသတင်းရခဲ့သလဲ ဇွန်လေး"
မိဖုရား ကလျာဏနှင့် ဇွန်လေးတို့သည် ရွယ်တူတွေဖြစ်လို့ ငယ်ငယ်ကတည်းကပင် ရင်းနှီးနေကြကာ မင်းသမီးကလျာဏက ဇွန်လေးလို့သာ တရင်းတနှီးခေါ်ဝေါ်သည်။
"ရသင့်သလောက်တော့ ရပါတယ်၊ အနှီမိန်းခလေးက အဘယ်သို့ လာခဲ့သည်ကို မသိနိုင်ပေမဲ့ ငယ်စဥ်ကတည်းက ဘုံ၅ဆင့် ယဥ်ကျေးမှုအဆောင်တော်မှ အပျိုတော်တစ်ဦးလို့ သိရပါတယ် မိဖုရား....နောက်ပီး၊ ...."
"ပြောစမ်း ဇွန်လေး စကားကို တစ်ဝက်တစ်ပျက်နဲ့ အဘယ်ကြောင့် ပြောရသလဲ?"
အလိုမကျသော မျက်နှာထားဖြင့် မိဖုရားကလျာဏီက ဆိုသည်။"အနှီမိန်းကလေးက အရင် နန်းကျဘုရင်၏ ကြင်ရာတော်တစ်ပါးဖြစ်သတဲ့၊ ကြင်ရာတော် မြှောက်ခြင်းခံရဖူးတယ်ဆိုတဲ့ သတင်းက ကျွန်တော်မျိုးကို အင်မတန်မှ အံ့ဩစေပါတယ် မိဖုရား"
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...