ဒုတိယ မင်းသား
******************************
"ရပ်စမ်း..."
"ဟင့်"
"ရပ်တန့််မှ ရပ်လိုက်၊ မိန်းကလေး"
အရှိန်ဖြင့် အမှောင်ထုထဲ ပြေးဝင်လားတဲ့ အကြင်သူမသည် အနောက်ဥယျာဥ်တံခါးကြီးအပြင်ဘက် ထူထပ်သော ချုံပုတ်ကြားမှ ထွက်လာသော မျက်နှာရင့်တည်ကြီးနှင့် စစ်သားများက ကုမုဒြာအား ဓားဖြင့် ချိန်ရွယ်ကာ ဟန့်တားလိုက်သည်။
ညဘီလူးမြင်လိုက်ရသလို ကုမုဒြာအနောက်ဘက် ပက်လက်လှန်သွားသည်။
ဘယ်လို? ဘယ်က စစ်သားတွေလဲ? သူပုန်တွေ....
နန်းတွင်းသူ နန်းတွင်းသားနဲ့ မင်းညီမင်းသားများ အပြင်သို့ ထွက်ပြေးရှောင်တိမ်းလို့ မရအောင် ကျယ်ဝန်းလှသော နန်းတော်ကြီးရင်ပြင်တစ်ခုလုံးအား ပြည်နှင်မင်းသားရဲ့ စစ်တပ်များက ဝန်းရံထားသည်။
ဘဝဟာ ထင်ထားသလို မလွယ်ကူပေ။ နန်းတော်အပြင်ဘက် ခြေဘယ်နှလှမ်းတောင် ခွာလိုက်ရသည်မသိ အခုတော့လဲ မိပြန်ပီ။
ဘာဆက်ဖြစ်လာမှာကိုလဲ ကုမုဒြာ မသိချင်တော့ပေ။
ခေါင်းဖြတ်ခံရသည်ဖြစ်စေ၊ ကျွန်ဖြစ်သွားရသည်ဖြစ်စေ အခုအချိန်၌ အပြင်လောကရဲ့ တစ်ငွေ့အသက်ကို တဝကြီး ရှူရှိုက်လိုက်ရပြီဖြစ်၍ ဒီလောက်နှင့်ပင် ကျေနပ်ရပါတော့မည်။
သူပုန်လက်ထဲရောက်သွားသော မိမိသည် အဘယ်သို့ အသက်ရှင်နေနိုင်ပါအုံးမည်နည်း။
နန်းတွင်းသမိုင်း တချို့ကို ဖတ်ရှုခဲ့ရဖူးသောကြောင့် နန်းလုပွဲများ ဖြစ်ပွားရင် မင်းညီမင်းသားနှင့် ဘုရင်၊ မိဖုရားအပါအဝင် ကြင်ရာတော်မောင်းမတို့အားလုံးမကျန် သုတ်သင်ခြင်းခံရပေမည်။
မျှော်လင့်ချက် ကင်းမဲ့သွားပြီဖြစ်သော ကုမုဒြာသည် လောကဓံတရားကို ဆက်လက် မခံနိုင်တော့၍ သေဆုံးခြင်းကို စတင် တောင်းတလာသည်။
ဓားဖြင့် ပိတ်ကာနေသော စစ်သားများရှေ့ တစ်လှမ်းချင်း တိုးကာ တိုးကာ ကြယ်တာရာများဖြင့် လင်းလက်နေသော ကောင်းကင်ကြီးကို မော့ကြည့်လျက် ဒီည ကောင်းကင်ကြီးသည် အုတ်မှိုင်းမနေပဲ အကြင်သူမအတွက် နောက်ဆုံးညအနေဖြင့် တောက်ပပေးနေသည့်အလား ရောင်စုံကြယ်ပွင့်တို့က လက်ခနဲ လက်ခနဲနှင့် အိပ်တန်းဝင်နေသည်။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...