ဧကရာဇ်ပိုင်သောပန်း Part 22

505 15 0
                                    


ခရီးဦးလက်ဆောင်

**********************************

ရွှေအိုရောင်ရင်စည်းနှင့် မှန်ဇာခြုံပုဝါရှည်အား ဝတ်ဆင်ထားလေသော ကုမုဒြာသည် ဝင်းပနေကာ ရွှေစင် ရွှေထည်များနဲ့ ပြင်ဆင်ထားလေတော့ မသေတတ်သော နတ်မျိုးဟု အောက်မေ့ရသည်။

မျိုးရိုးမြင့်သော မင်းသမီးတစ်ပါးဟုတောင် ထင်ရသော်လဲ အမှန်တရားက ကုမုဒြာရင်ထဲ ကိန်းအောင်းနေသည်။

မင်းအဆက်ဆက်က မင်းသမီးများကိုသာ မိဖုရားမြှောက်လေ့ရှိပီး သာမန်မိန်းကလေးအဖို့ ကြင်ရာတော် မောင်းမတော်သာ ခန့်အပ်လေ့ရှိသည်။

ထီးဖြူအောက် အရှင့်နောက် တစ်လှမ်းသာခွာ၍ လျှောက်လာသော ကုမုဒြာသည် ဆံနွယ်ရှည်များအား ချထားခွင့်ရသည့်အပြင် ရွှေမကိုဋ်ကိုပါ ဆောင်းထားတော့ မိဖုရားတစ်ပါးလို့တောင် အောက်မေ့ရလိမ့်မည်။

အခြွေအရံနှင့် ကြွလာသော အရှင်မင်းမြတ်သည် ဧည့်သည်အဆောင်တော်ဘက် ဦးတည်လာတာဖြစ်သည်။

ဘုရင်ကိုယ်တိုင် ပါသော လူစုဖြတ်သွားသည့် လမ်းတစ်လျှောက် ကင်းစောင့်ရဲမက်နှင့် အလုပ်လက်ဆွဲအပျိုတော်များက မြေကြီးပေါ်ဖြစ်စေ မြက်ခင်းပေါ်ဖြစ်စေ ထိုင်ချဦးချရကာ ဘုရင့်မျက်နှာတော် မော်ဖူးရဲသူခေါင်းဖြတ်စေဟူသော အစဥ်အလာကြောင့် ရိုသေကြောက်ရွံ့မှုဖြင့် ခေါင်းငုံ့ထားသည်။

"အရှင်မင်းကြီး ကြွလာပါပြီ"

ဧည့်သည်အဆောင်တော်ရှေ့ မရောက်မီ အတွင်းဝန်အမတ် ကြေငြာဆော်အော သတင်းပို့သည်။

ဘုရင်ကိုယ်တိုင် လာရောက်နှုတ်ဆက်မှာကို ကြိုတင်သိရှိထားပြီဖြစ်သော မင်းသမီးသုံးပါးက ဝမ်းသာလှိုက်လှဲမှုဖြင့် အဆောင်တော်ရှေ့ ခရီးဦးထွက် ကြိုဆိုပြီးသား ဖြစ်သည်။

အစေခံကိုယ်စီဖြင့် တင့်တယ်လှပနေသော မင်းသမီးသုံးပါးသည် ယဥ်ကျေးသိမ်မွေ့စွာ မျက်လွှာချထားကာ အရှင်မင်းမြတ်အား လှလှပပဦးညွှတ် ဂါရဝပြုသည်။

"ငါးပြည်ထောင်ပြည့်ရှင်အား ဂါရဝပြုပါ၏ ကျွန်တော်မျိုးမ အနောက်တိုင်း မင်းသမီးပါ"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now