မိဖုရားအလောင်းများ
************************************
စူဠပိတရစေတီတော် ရွှေဖူးတော်တင်မြှောက်ခြင်းနှင့် ရေစက်ချခြင်းအပြင် ဝိဥာဥ်လွှတ် ၇ရက်ဂါထာ ရွတ်ဆိုပြီးသည့်နောက် ပညာရှိပုဏ္ဏားကြီး၏ နက္ခတာရာကြည့်ရှုမှုဖြင့် ရက်ကောင်းရက်မြတ် ရွေးချယ်ပြီး နန်းတက်မည့် ရက်ရာဇာအား သတ်မှတ်လေသည်။၊
နန်းတက်ပွဲ ပြီးဆုံးသည်နှင့် ခိံဏဂီဠိသည် စင်စစ်သောဘုရင်တစ်ပါး ဖြစ်လာတော့မည်။
တာဝန်များ ရန်သူများကလဲ ဝန်းရံလာတော့မည်။
ဤသည်ကား တင့်တယ်သော ဘုရင်တစ်ပါး၏ မပါမဖြစ်သော အဆောင်အယောင်ပဲ ဖြစ်သည်။
မျက်ခုံးထူထူနှစ်ဖက် ကျုံ့ထားသည်က ခိံဏ၏ ပုံမှန် မျက်နှာထားဖြစ်သည်။
သူ့ဘဝတစ်လျှောက် ကြမ်းတမ်းခက်ခဲသော ဒုက္ခနဲ့ စိတ်ဖိစီးမှုအပေါင်းတို့နှင့်သာ အဖော်ပြုကာ လျှောက်လာခဲ့တာ ဖြစ်သည်။
မိဖုရားလောင်း ဆက်သခွင့်ရမည့် တိုင်းပြည်များမှ လျှောက်တင်စာတချို့နှင့် တောင်းဆိုမှုစာတချို့ကို ဖတ်ရှုကာ ခိံဏ အလေးထားပြီး သုံးသပ်ရသည်။
'အနောက်တိုင်းပြည်မှ ဘုရင်ခံသည် တစ်ဦးတည်းသော သမီးတော်အား ဆက်သခြင်းအားဖြင့် အရှင်ဘုရင်ထံ ငဲ့ညှာမှုအနေဖြင့် မင်းသမီးအား ပထမမိဖုရားတင်မြှောက်ပေးပါရန် တောင်းခံကြောင်း...'
တခြားသော များပြားလှတဲ့ တောင်းဆိုမှုများအား ခိံဏဖတ်၍ စိတ်ပျက်ရသည်။
အသင်တို့ရဲ့ သမီးတော်များကို တောင်းဆိုသည်ကလဲ ငါကိုယ်တော်မဟုတ်၊ သမီးဆက်သပြီး လာဘ်ဇွတ်တောင်းသည်ကလဲ အသင်တို့ပဲ....
ခိံဏရင်ထဲ တီးတိုးကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
တိုင်းပြည်ချစ်ကြည်ရေးနဲ့ တည်တံ့ခိုင်မြဲဖို့ ဖြစ်နိုင်ချေရှိသော တောင်းဆိုမှုကို သုံးသပ်ကာ ခိံဏပေးလိုက်သည်။
"ဒွါရံ..."
ခိံဏ၏ ခေါ်သံသာသာနောက်တွင် ကိုယ်ရံတော် ဒွါရံက ဘယ်ကနေ ထွက်လာမှန်းမသိ အရှင်ရှေ့ ပေါ်လာသည်။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...