ဧကရာဇ်ပိုင်သောပန်း Part 29

504 15 0
                                    


မိဖုရား အခစားဝင်သည်

***********************************

ကလျာဏဒေဝီ မိဖုရားစံရှားသော နန်းမြိုင်သည် ပျိုးပန်နန်းမြိုင်ဟုခေါ်ပြီး အရှေ့ဥယျာဥ်တော်ထဲ တည်ရှိသော နန်းမြိုင်တစ်ခုဖြစ်ပေသည်။

လွန်ခဲ့သော တစ်ပတ်တုန်းက မထင်မှတ်ပဲ အနှီအရှက်မဲ့သော အမျိုးသမီးနှင့် စာကြည့်အဆောင်တော်ထဲ တွေ့ဆုံခဲ့သည်။

ကလျာဏဒေဝီသည်သာလျှင် တရားဝင်မိဖုရားဖြစ်ပီး အနှီမိန်းကလေးက ဘာမျှ အရာမဝင်သော လူဖြစ်သည်။

ဤအမျိုးသမီးအကြောင်း တွေးမိလိုက်တိုင်း မနာလိုသော ဣသာစိတ်များဖြင့် ကလျာဏဒေဝီမိဖုရား အမျက်ထွက်ရမြဲပင်။

နန်းမြိုင်တော်အရှေ့ လေညင်းဝင်သော လေသာဆောင်ဘက် ကြာပန်းလက်ဖက်အား ခွက်လုံးထဲ ငှဲ့ထည့်ကာ ကြာပန်းရနံ့မွေးပျပျလေးဖြင့် မိမိ အမျက်ဒေါသအား ဖြေသိမ့်လိုက်ရသည်။

မိဖုရားဘဝသည် ထင်ထားသလောက် ပျော်ရွှင်နစ်လိုဖွယ်မကောင်းပေ။

အဲ့ဒါ မယ်မိကြောင့်....

တွေးတွေးရင်းနှင့်ပင် ဒေါသထပ်ထွက်မိပြန်ပီး လက်ဖက်အား တစ်ကျိုက်သောက်ကာ အလိုမကျစွာဖြင့် ခွက်ပြန်ချသည်။

"အကျွန်ုပ်စောင်းကို သွားယူခဲ့စမ်း"

ဘေးနားရှိ ယပ်တောင်သာသာ ခပ်ပေးနေသော အပါးတော်မြဲ အပျိုတော်အား အမိန့်ပေးသည်။

အဆောင်တော်ထဲ ခနပျောက်သွားသည့် အပျိုတော်လေးသည် အလျင်အမြန်နှင့် စောင်းလေးကို ပိုက်၍ ထွက်လာသည်။

ကလျာဏဒေဝီ လှပသော လက်ချောင်းသွယ်သွယ်များဖြင့် တင်းနေသော စောင်းကြိုးများအား ဖိခတ်ကာ ညိမ့်ညောင်းသော စောင်းသံလေးက သာယာစွာ ထွက်ပေါ်လာသည်။

ကံကော်နန်းမြိုင်မှ ဖြတ်တိုက်လာသော လေအေးသည် မွှေးပျံ့သော ကံ့ကော်ပန်းရနဲ့များနှင့်အတူ ပျိုးပန်နန်းမြိုင်ဆီသယ်ဆောင် လာသည်။

ကလျာဏဒေဝီ မျက်လုံးမှိတ်ကာ အေးချမ်းစွာ မိမိတီးခတ်သော စောင်းသံတော်အား နားဆင်ကာ စိတ်သက်သာရာရသည်။

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now