ဧကရာဇ်ပိုင်သောပန်း Part 24

562 14 0
                                    


မင်္ဂလာဦးည

**********************************

နတ်ယိမ်းအကကို နောက်ခံဆိုင်းဝိုင်းတီးလုံးမြူးမြူးဖြင့် ဖျော်ဖြေကပြနေသော အကမယ်များက ခန္ဓာကိုယ်အချိုးအစား ညီညာစွာဖြင့် ယိမ့်နွှဲ့ကာ စစ်သူကြီး၊ အမှူးအမတ်၊ သေနာပတိ၊ ဘုရင်ခံနှင့် ဧည့်သည်အပေါင်းများက အကြိုက်တွေ့သည်။

ဆီမီးတိုင်များထက်မှ ဆီမီးအညွှန့်များသည် လေတိုက်ရာယိမ်းနွဲ့ကာ ညဥ့်နက်ကြီးနဲ့အတူ အဖော်ပြုသည်။

ဖျော်ဖြေမှုများအား ခိံဏငြီးငွေ့စွာ ရှုစားနေသည်။

မျက်လုံးကစားကာ အကြင်သူမကို လိုက်ရှာသော်လဲ စောစောကတည်းက ပျောက်သွားသည်။

ရှည်လျားသော မင်္ဂလာပွဲကြီးသည် ညဥ့်နက်နေသည်အထိ ပြီးဆုံးမည်မဟုတ်၊ ၇ရက် ၇ည ဆက်တိုက် ကျွေးမွေးဖျော်ဖြေမှာဖြစ်သည်။

တာဝန်များ ပြီးဆုံးသွားလို့ မိဖုရားများသည်လဲ စောစောကတည်းက မိမိစံရှားရမည့် နန်းမြိုင်တော်ဆီ ပြန်သွားကုန်ပြီ။

ညဥ့်နက်လာသည်နှင့်အမျှ မူးလာသော ဧည့်သည်တော်အပေါင်းတို့ကြောင့် ခိံဏသည်လဲ တာဝန်ပြီးဆုံးပြီဖြစ်၍ ကိုယ်ရံတော်နှင့်အတူ ထွက်ခွာလာသည်။

"ဒွါရံ တပ်မှူးကို အစောင့်တပ် ထပ်ဖြန့်ဖို့ သတင်းပို့စမ်း၊ အားလုံး သတိလျှော့ပါးတဲ့အချိန်က လုပ်ကြံဖို့အကောင်းဆုံးအချိန်ဖြစ်လိမ့်မယ်၊ သတိရှိကြ"

ဖခမည်းတော်၏ ရန်ကို သတိထားနေရသေးလို့ ခိံဏအမိန့်ပေးလိုက်သည်။

"အမိန့်တော်အတိုင်းပါ"

ကိုယ်ရံတော်ဒွါရံသည် အမိန့်လက်ခံပြီးနောက် ချက်ချင်းထွက်မခွာသေးတာကို လမ်းလျှောက်ဖို့ ခြေလှမ်းပြင်တဲ့ ခိံဏက ဒွါရံအား တစ်ဖန် ပြန်လှည့်ကြည့်လာသည်။

"မောင်မင်းက ဘယ့်နှယ် မသွားသေးတာတုန်း?"

အသံတိုးတည်တည်ဖြင့် ခိံဏမေးသည်။

"အရှင် တော်ဝင်ဝေါယာဥ်က ဒီဘက်မှာ၊ အရှင့်ကို လုံလုံခြုံခြုံပို့ပြီမှသာ ကျွန်တော်မျိုး သွားပါ့မယ်"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now