ဧကရာဇ်ပိုင်‌သောပန်း Part 27

527 15 0
                                    


အရှင့်သက်ညှာ

******************************

ဒီရက်ပိုင်း ကုမုဒြာ ပုံမှန်ထက် ပိုငိုင်နေကာ မလန်းဆန်းပေ။

သွားနေကျ စာကြည့်ဆောင်ကိုတောင် မသွားတော့ပေ။

ဘာမေးမေး အနေသာတယ်လို့သာပြောသည်ကို ခိံဏ ဘာလုပ်မည်မှန်းမသိ ဖြစ်သည်။

ဘာလုပ်ချင်သလဲ? ဘယ်သွားချင်သလဲဟု အလိုလိုက်စွာ မေးသော်လဲ အကြင်သူမ ဘာကိုမျှ မတောင်းဆိုပေ။

မိမိကိုများ စိတ်ကုန်နေသလားဟု ခိံဏစိုးထိပ်စွာ တွေးမိသည်။

"ကိုယ်တော့်အပေါ် ဘာများ အလိုမကျတာရှိသလဲ? မယ်မိ စိတ်ရင်းအရ ပြောနိုင်တယ်၊ ကိုယ်တော်စိတ်ဆိုးမှာ မဟုတ်ပေဘူးဆိုတာ မယ်မိသိတယ်မလား"

ပန်းပုလက်ရာမြှောက် နီရဲသော ကျွန်းသားကွပ်ပစ်ပေါ် ထိုင်ကာ ပြတင်းအပြင်ဘက် ငေးနေသော ကုမုဒြာအနား ဝင်ထိုင်၍ ခိံဏ ထပ်မေးသည်။

"အရှင့်အပေါ် ကျွန်တော်မျိုးမ ဘာကိုမျှ အလိုမကျစရာအကြောင်းမရှိကြောင်းပါ.... အရှင်အတွေးလွန်နေပြန်ပီ"

ခိံဏ ဒီလို မေးတိုင်း အကြင်သူမက ရိုးရှင်းပြေပြစ်စွာ ပြန်ဖြေရင်း အသက်မဲ့သော အပြုံးခြောက်ခြောက်ဖြင့် တုံ့ပြန်တတ်သည်။

"မယ်မိ အိပ်မရတာ ကြာလေပြီလား...မျက်နှာလဲ မကောင်းပေဘူး"

အကြင်သူမ ပါးနုနုပေါ် အကြောစိမ်းများ ထင်းနေသော လက်ဖဝါးကြီးဖြင့် ထိတွေ့ကာ မျက်ခုံးထူထူများ ကျုံ့၍ စိုးရိမ်နေသော အကြည့်ဖြင့် စေ့အောင် ကြည့်သည်။

"အရှင်ရှိနေရင် ကျွန်တော်မျိုးမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်လို့ပါ၊ ဖြစ်နိုင်ရင် တခြား မိဖုရားတွေဆီ အရှင် သွားနိုင်ပါတယ်၊ ကျွန်တော်မျိုးမ အပြစ်မြင်မှာမဟုတ်ဘူး"

ဒီစကားကိုပြောဖို့ ကုမုဒြာအသေအချာ စဥ်းစားထားပြီ။

မိမိဆီသာ အမြဲလာတတ်သော အရှင်သည် တခြားမိဖုရားတွေက မိမိအား လောဘကြီးသော မိန်းမဟု ရှေ့မှောက်မှာရော နောက်ကွယ်မှာပါ ပြောဆိုကြမယ် ထင်သည်။

ဧကရာဇ်ပိုင်သောပန်းDonde viven las historias. Descúbrelo ahora