နွေးထွေးသော အရှင့်ရင်ခွင်ထဲ နိုးထလာရသော ကုမုဒြာသည် အမွေးနုနုများ ပေါက်နေသော ရင်အုတ်ကြီးအား ပြုံးပြကာ စောင်းဝင်လာသော နေရောင်ခြည်တို့ကြောင့် ညာဘက် ရင်အုတ်ကြီးထက် အမာရွတ်အား ပြတ်သားစွာ မြင်ရသည်။
လွန်ခဲ့သော ၅နှစ်တုန်းက ဓားဒဏ်ရာပေပဲ......
အဲ့ဒီ ပဟေဠိဆန်သော အဖြစ်အပျက်ကြောင့် သူတို့နှစ်ဦးသည် မထင်မှတ်ပဲ အဆိုးများကြားထဲ ဆုံခိုက်ကြသည်။
အဲ့သည်ညက ကုမုဒြာ ကြောက်လန့်တုန်လှုပ်မှုများဖြင့် အနှီလူသားကို ကယ်တင်ဖို့ လုံလောက်သော သတ္တိမရှိခဲ့ပါလျှင် ယနေ့တွင်လဲ ဤလူသား ရှိလိမ့်မြင်မဟုတ်။
ကုမုဒြာ သိပ်ချစ်ရပြီဖြစ်သော ဒီလူသား ရှိတော့မည်မဟုတ်။
ဒီ ချောမောမှုနှင့် အသရေရှိလှသော မျက်နှာတော်ပိုင်ရှင်အား မော်ဖူးရတော့မည်မဟုတ်။
ကုမုဒြာ အဲ့လို တွေးရင်းဖြင့် ရင်ဖိုလာသလို အရှင့်ကို မရှုံးဆုံးချင်သော တွယ်တာမှု စိတ်တို့က ရင်တစ်ခုလုံး အုံ့မှိုင်းလာ၍ အရှင့် ခါးထူထူကြီးအား ပိုတင်းဖက်ကာ ပါးနုနုကို ကြွက်သားများ ပြည့်တင်းနေသော ရင်အုတ်နဲ့ ကပ်အောင် ဖိအပ်လိုက်သည်။
ယွယွလေး လှုပ်ရှားလာတဲ့ ကုမုဒြာကြောင့် မျက်လုံးမှိတ်ထားလျက် ခိံဏလက်မောင်းများသည် ခန္ဓာကိုယ်ငယ်လေးကို ပို၍ တင်းဖက်ပေးလိုက်သည်။
"အရှင်မ....အရှင်မ၊ ဝင်ခွင့်ပြုပါ"
စက်တော်ခန်းရှေ့မှ ယိုးမယ်၏ ခွင့်တောင်းသံကို ကြားလိုက်ရသော ကုမုဒြာသည် ယခုမှ သတိရလာ၍ တင်ပါးအထိ ရှည်လျားသော ဆံပင်ဖျားယားဖြင့် အရှင့်လက်မောင်းထဲ ရုန်းကာ ဆတ်ခနဲ ထလာတယ်။
ဟုတ်သား...မနေ့က မမယိုးမယ်နဲ့ မမအင်ကြင်းတို့ကို စောစောလာနိုးဖို့ အမှာရှိထားတယ်....
စိတ်အေးချမ်းရာ အေးချမ်းကြောင်း နန်းတော်ရှေ့ ထုံးဖြူစေတီတော်အား မနက်ပန်းကပ်လှူဒါန်းရန် ကုသိုလ်စိတ်များသည် ညတုန်းက စုန်းဖိုလို ပေါ်လာသည့် အရှင်ကြောင့် ကုမုဒြာ မေ့ပျောက်သွားကုန်သည်။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...