ဧကရာဇ်ပိုင်သောပန်း Part 14

806 23 0
                                    


ချိုမြိန်သော ဒဏ်

********************************

ဦးရီးတော် မင်းသုမဏ္ဏနှင့် စစ်သူကြီး ဒွီဟတို့အပါ နန်းတက်ပွဲနှင့် နန်းကျဘုရင်တည်နေရာစုံစမ်းတဲ့ အကြောင်း ဆွေးနွေးနေရာမှ အချိန်များ လွန်လေကာ ညဥ့်နက်သွားသည်။

ပို၍ ချမ်းသာသော မြောက်၊ တောင်၊ အနောက်တိုင်းပြည်များမှ မင်းသမီးများကို မိဖုရားအရင်တင်ဖို့ ကိစ္စကိုပါ ဦးရီးတော်မင်းသုမဏ္ဏက ထည့်ပြောသည်။

ခိံဏ ငြင်းစရာမရှိ လက်ခံလိုက်သည်။

နန်းကျဘုရင်အား မမိသေးသည်၌ နန်းတက်ပွဲ အရင်လုပ်ရန် စစ်သူကြီးဒွီဟက တိုက်တွန်းသည်။

မိဖုရား စူဠဒေဝီကိုရည်စူးသော အလှူတော်ကြီး လုပ်ပြီးရင် နန်းတက်ပွဲ ကျင်းပမည်ဟု ခိံဏသဘော တူသည်။

သုံးဦးသာ ပါဝင်သော စကားဝိုင်းသည် မိသားစုဆန်ပီး သေရည်သောက်ကြရင်းဖြင့် ဆွေးနွေးကြတာ ဖြစ်သည်။

"အနှီသူငယ်မလေးကိုတော့ ခြောက်ပါးမြောက်မိဖုရား နေရာမှပဲ တင်မြှောက်လို့ရမယ်ဆိုတာ တူတော်သိတယ်မလား"

သေရည်အိုးထဲမှ သေရည်ငှဲ့ထည့်ရင်း ဦးရီးတော်က ခိံဏကို ပြောသည်။

"ကိုယ်တော် သိပါတယ်"

ခွက်လုံးထဲမှ သေရည်များကို တစ်ကျိုက်ထဲ မော့သောက်ပီး ခိံဏ ပြောသည်။

ပြင်းရှသော ဆန်ချက်အရက်များကြောင့် မျက်ခုံထူထူနှစ်ဖက်က အလိုလို ကျုံ့ဝင်သည်။

ဇမ္ဗူဒီပ နန်းတော်ကြီးအား ဝင်မတိုက်မှီ ကုမုဒြာဟူသော သူငယ်မအား မိမိအာဏာအောက် သိမ်းသွင်းဖို့ ခိံဏတောင်းဆိုထားသည်။

ဦးရီးတော်က တာဝန်ကို ရှေ့ထားဖို့ တောင်းဆိုကာ ငါးပြည်ထောင်သော မင်းသမီးများကို မိဖုရားအရင် မြှောက်စေသည်။

ကျေးဇူးရှင်ဖြစ်သော ဦးရီးတော်ကိုလဲ ခိံဏငြင်းဆန်ဖို့ ခက်သည်။

"ကျွန်တော်မျိုးရဲ့ သမီးချောကိုရော၊ ဘယ်နေရာထားသင့်တယ်ထင်လဲ အရှင်"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now