ဧကရာဇ်ပိုင်သောပန်း Part 37

487 15 0
                                    


လျှောက်ခဲ့သောလမ်း

**********************************

"အကျွန်ုပ်ထက် ပိုစောပြီးတော့တောင် ရောက်နေတာပဲ"

အသံလာရာ ကုမုဒြာချာခနဲ လှည့်ကြည့်တော့ မဟူရာရောင်မျက်လုံးက ပြူးကျယ်သွားသည်။

"မင်း..မင်းသမီး"

လန့်သည်ထက် ထပ်လန့်ရသည်က မထင်မှတ်ထားသော မင်းသမီးစောယွန်းစင်းမယ်နောက် ပထမမိဖုရား ကလျာဏဒေဝီကပ်ပါလာသည်။

ဒါ ဘာကိစ္စမို့လဲ? မဖြစ်နိုင်ဘူး......

ဒုတိယမိဖုရား ဓနိယဒေဝီက မိမိနောက်ကျောအား ဓားဖြင့် အားပါးတရ ထိုးသွားသည်ကို သိလိုက်ရသည်။

ကောင်းသောကိစ္စမဟုတ်ကြောင်း ကုမုဒြာ ချက်ချင်း နားလည်သွားသည်။

အမှန်ဆိုရင် မိုးတောင်မလင်းသေးပဲနဲ့ အရှင်ရှိရာ စောစွာ ရောက်သည်ကတည်းက သူမ သတိထားမိသင့်ပြီ။

အရှင့်ရှိရာ သွားချင်သော ဇောတစ်ခုတည်းဖြင့် ရှေ့နောက်သေချာချင့်ချိန်ဖို့ အချိန်မရလိုက်ပေ။

အရှင်က ဒီလောက်အနီးလေးမှာ ရှိနေခဲ့ရင် ဘာလို့ နန်းတော်ထဲပြန်ပီး ထက်မြက်သော သမားတော်ကြီးတွေနဲ့ မကုသရသလဲလို့ အစကတည်းက ကုမုဒြာ မေးခွန်းထုတ်သင့်သည်။

အားလုံးက ဒုတိယမိဖုရား ပြောသော ပုံပြင်သာြဖစ်လေသည်။

အရှင်သည် အဝေးမှာ ဧကန်မုချ အန္တရာယ်ကင်းနေသေးသည်ကို ကုမုဒြာချက်ချင်း သဘောပေါက်သွားသော မိမိလက်ရှိ အခြေနေကို မေ့ကာ အရှင့်အဖို့ စိတ်အေးရသည်။

မိမိအသက်ကို မငှဲ့ပဲ တစ်ပါးသူအတွက် စိတ်ပူပေးနေသော ကုမုဒြာ၏ ကံဇာတာသည် ဆိုးလှသည်။

"မယ်မိ မလန့်ပါလား"

အံ့ဩမှုဟန်ပြပီးနောက် ပြန်တည်ငြိမ်သွားတဲ့ ကုမုဒြာကို ကလျာဏဒေဝီက မေးသည်။

"လန့်ရလောက်အောင် မယ်မင်းတို့က ကျွန်တော်မျိုးမကို ဘာလုပ်မည်မို့လို့လဲ"

မင်းသမီးစောယွန်းစင်းမယ်နှင့် မိဖုရားကလျာဏဒေဝီအား ကုမုဒြာ တန်ပြန်မေးလိုက်သည်။

ဧကရာဇ်ပိုင်သောပန်းTahanan ng mga kuwento. Tumuklas ngayon