ဧကရာဇ်ပိုင်သောပန်း Part 34

508 16 0
                                    


ကြင်နာတတ်သော အကြင်သူမ

********************************

အပျိုတော်တစ်ဦး၏ သတင်းပို့ဆောင်မှုဖြင့် တတိယမိဖုရားက နန်းဦးဘုရားအဆောင်တော်မှာ ကုမုဒြာကို စောင့်နေမည်တဲ့။

ယိုးမယ်နှင့် အင်ကြင်းတို့အပါ ကုမုဒြာ လိုက်လာသည်။

တတိယမိဖုရားက ဘာအမှုနှင့် တွေ့ချင်မည်ကို မသိနိုင်သော်ငြား ကောင်းသောအမှုပေပဲလို့ ကုမုဒြာ ဆုတောင်းရသည်။

မိဖုရားများမှ အနှိမ်ခံရအုံးမည်ကို စိုးရိမ်သော အင်ကြင်းက တတိယမိဖုရား အဆိုအမိန့်တိုင်း လိုက်မသွားရန် တားပါသေးသည်။

ကုမုဒြာ ဖြေးဖြေးသာသာ လမ်းလျှောက်သည်၌ ပေါ့ပါးသော အစိမ်းနုရောင် ပုဝါစသည် တလွင့်လွင့်နှင့် လေထဲ ဝဲကာ လိုက်ပါလာသည်။

ခြူလုံးလေးများ ပါသော ရွှေခြေကျင်းလေးများကြောင့် လျှောက်လိုက်သော ခြေလှမ်းနောက် အသံတချွင်ချွင် ထွက်ပေါ်လာသည်။

ကုမုဒြာဆံနွယ်များ ကျစ်ကာ ခေါင်းထက် ထုံးဖွဲ့ထားပီး ရွှေဆံထိုးနှစ်စင်းက အပြိုင်အဆိုင် အလှချင်းပြိုင်ကာ အနီရောင်ပတ္တမြားပါသော ဆံထိုးသည် ပိုမို ထင်ရှားသည်။

လူရှင်းသော ဘုရားရှိခို နန်းဆောင်တော်ရှေ့ အဝါရောင်ဝတ်စုံဝတ်ထားသော သုဇနာဒေဝီသည် ကုမုဒြာကို မြင်တော့ ပြေးကြိုကာ အပြုံးကျယ်ကျယ်ဖြင့် နှုတ်ဆက်သည်။

"အရှင်မ...အထဲခနလောက် လိုက်ဝင်ပေးပါ"

ကုမုဒြာလက်အား ငယ်ပေါင်းကြီးဖော် သူငယ်ချင်းလို ဆွဲယူကာ ဘုရားရှိခိုးအဆောင်တော်ထဲ ဆွဲခေါ်သွား‌တော့ အင်ကြင်းက ဟန့်ဖို့လုပ်သည်။

"မမအင်ကြင်း အပြင်မှာ ခနလောက် စောင့်ဆိုင်းပေးပါ"

"အရှင်မ...."

ဘာပြောရမှန်းမသိတော့သော အင်ကြင်းအား တတိယမိဖုရားမျက်နှာတစ်လှည့် ကုမုဒြာမျက်နှာတစ်လှည့်ကြည့်၍ နောက်ဆုတ်သွားလေသည်။

ဆံမီးနှင့် ပန်းအိုးများ ပူဇော်ထားသော ကျောက်စိမ်းနှင့် ထုထွင်းထားသော ဘုရားဆင်တော်‌ရှေ့ သုဇနာဒေဝီနှင့် ကုမုဒြာတို့ လှလှပပ ထိုင်ကြကာ ထိခြင်းငါးဖြာဖြင့် ဗုဒ္ဓမြတ်စွာဘုရားရုပ်ပွားတော်အား သုံးကြိမ်တိုင်တိုင် ရှိခိုးဦးချသည်။

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now