မယ်မိ မဟုတ်သော တစ်ပါးသူ
************************************
ခိံဏသည် ကိုယ်ရံတော် ဒွါရံနှင့် ဦးရီးတော် မင်းသုမဏ္ဏတို့၏ အကြံပြုချက်အရ မိဖုရားများနှင့် အတူနေရန် ဆုံးဖြတ်လိုက်သည်။
အကြင်သူမအား သတိရလွမ်းဆွတ်သော စိတ်များဖြင့် စိတ်နှင့်ကိုယ်နှင့်မကပ်၍ သည်လို စိတ်ခံစားချက်များကို ထိန်းသိမ်းနိုင်ရန် နည်းများ ကြံရှာသည်။
အကြင်သူမကို စွဲလန်းသော စိတ်တစ်ခုသည် ခိံဏ၏ စိတ်အားလုံးကို လွမ်းမိုးထားကြောင်း သိရှိရသည်။
အကြံပေးပညာရှိအမတ်၏ အကြံပေးချက်အရ စွဲလန်းမှုများကို ဖြည်ဖျောက်ရန် တခြားမိဖုရားများနှင့် အတူနေကြည့်ရန် တိုက်တွန်းသည်။
အကြင်သူမဆီ အတင်းထပ်သွားရလောက်အောင် မောင်းထုတ်ခံရသော ခိံဏသည် အဲ့လောက်ထိ အရှက်မမဲ့သေးပေ။
အကြင်သူမ ဟန်ဆောင်ရသည်ကို မောလာသတဲ့လား?
ခိံဏ အတွေးဟောင်းတစ်ခုဖြင့် မိမိကိုယ်ကို သရော်သောအားဖြင့် တစ်ချက်ရယ်လိုက်သည်။
အကြင်သူမ၏ ယုယမှုမှန်သမျှက ဟန်ဆောင်မှုပဲတဲ့လား?
ငါကိုယ်တော်က တယ်အယုံလွယ်လွန်းပါလား?
မယ်မိနှင့် ပတ်သက်ရင် ကိုယ်တော်က အ,လွန်းတယ်လေ....
ခိံဏ ညောင်ဆောင်းပေါ် ထိုင်ကာ မျက်ခုံးကြား လက်မလက်ညိုးဖြင့် ဖိနှိပ်ရင်း စိတ်ဖိစီးမှုများအား ဖြည်လျှော့သည်။
"အရှင်မင်းကြီး မိဖုရားအခစားဝင်ပါသည်ဘုရား"
စက်တော်အခန်း ပန်းပုထွင်းထားသော ကြာမျိုးငါးပါးဖြင့် လှပနေသောသစ်သားတံခါးရှေ့ အတွင်းဝန်ကြီး၏ လျှောက်တင်သံကြောင့် မိဖုရားရောက်လာပြီကို ခိံဏသိရှိရသည်။
"ဝင်ခဲ့"
တိုပြတ်သော အမိန့်သံတစ်ချက်သည် ရှင်းလင်းသည်။
အထက်မှ ထိုင်နေသော ခိံဏသည် ခါတိုင်းလို ဆံပင်များ သပ်ရပ်ရှင်းလင်းစွာဖြင့် ထုံးဖွဲ့ထားခြင်းမဟုတ်။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...