ဧကရာဇ်ပိုင်သောပန်း Part 21

563 11 0
                                    


‌ဒေါင်းနှင့်ကျီး

*********************************

ကုမုဒြာ တစ်စုံတစ်ခုအား အလိုမကျဟန်ဖြင့် မျက်နှာစူထော်ပြီး ဆံနွယ်များ ချထားရကာ ကြေးမုံထက် မိမိပုံရိပ်အား စိတ်ပျက်စွာကြည့်သည်။

မျက်တွင်းအနည်းငယ်ညိုပီး ဘယ်ဘက်လည်တိုင်တွင် နီညိုသော အကွက်ကြီးက ဝါညက်သော အသားအရေကြား ထင်ရှားနေသည်။

အစက်အပျောက်တစ်ခုသာ ထင်းနေတာကို ကံကောင်းတယ်လို့ပြောရမည်။

လိုက်ကာပါးဖြင့် ကာရံထားသော သလွန်တော်ထက် ခိံဏဘေးတစ်စောင်းလှဲနေကာ ရွှေခေါင်းတော်အား လက်ဖြင့်ထောက်ခံထားကာ နို့ထိန်းတော် အကူအညီဖြင့် ပြင်ဆင်ချယ်သနေသော အကြင်သူမကို လှမ်းကြည့်နေတာ ဖြစ်သည်။

လိုက်ကာဖြင့် ကာရံထားလေတော့ ခိံဏပြုံးနေသည်ကို အဘယ်သူမှ မမြင်နိုင်။

အဘယ်သူကမှလဲ အရှင့်မျက်နှာတော်အား ရိုင်းပျစွာ မမော်ဖူးရဲပေ။

"အရှင်မ ဤဆီဆေးနဲ့ အနည်းငယ်လိမ်းခွင့်ပေးပါ"

ငွေကြုတ်ဗူး သေးသေးထဲမှ ဆီဆေးအနှစ်အနည်းငယ်အား နို့ထိန်းတော်နွယ်သူဇာလက်ညိုးဖြင့် တို့ကာ ကုမုဒြာ လည်တိုင်ထက် အချင်းအရာအား လိမ်းပေးသည်။

ကုမုဒြာ ပို၍ စိတ်ဆိုးရသော အရာသည် ရောက်ရှိလာပြီဖြစ်သော မင်းသမီးသုံးပါးအား သွားရောက်တွေ့ဆုံနှုတ်မဆက်ဖို့ စိတ်ကူးမရှိသော အရှင်ကြောင့် ဖြစ်သည်။

ဆက်ဆံရေးညံ့ဖျင်းလှတယ်လို့ အော်ပြောလိုက်ချင်ပေမဲ့ ကြီးမားသော အာဏာဂုဏ်ကြောင့် ကုမုဒြာ နှုတ်ခမ်းသားကိုက်၍ ငြိမ်လိုက်ရသည်။

ရောက်ရှိလာသော မင်းသမီးများအား ကုမုဒြာ နားလည်စွာ ကိုယ်ချင်းစာနိုင်သည်။

အသင်သူမတို့လဲ မွေးရပ်ဌာန မိဘဆွေမျိုးအသိုင်းအဝိုင်းအား စွန့်ခွာလာရတာ ဖြစ်သည်။

မင်းသမီးတစ်ပါး၏တာဝန်ကို မလွန်ဆန်နိုင်ခဲ့လို့လဲ ဖြစ်မည်လေ။

မိမိသည်လဲ မွေးရပ်မြေကို စွန့်ခွာလာခဲ့သူမို့ အထီးကျန်ခြင်း သိမ်ငယ်ခြင်း ကြောက်ရွံခြင်း အားကိုးရာမဲ့ခြင်းစသော ခံစားချက်များအားလုံး ကုမုဒြာ ကောင်းကောင်း နားလည်သည်။

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now