*********************************
နဂါးရုပ်များ ဖော်ထားသော ဖယောင်တိုင်ကြီးများ၏ အလင်းရောင်သည် အမှောင်ကိုခွင်း၍ အရာအားလုံးကို မြင်နိုင်အောင် အလင်းပေးသည်။
ကနုပ်ပန်းကြေများဖြင့် ကွပ်ထားသော ကြေးမုံရှေ့ ကုမုဒြာထိုင်ကာ တပြုံးပြုံးဖြင့် မိမိဆံနွယ်ရှည်များအား ဖြီးပေးနေသော အရှင်အား ကြေးမုံထဲမှတစ်ဆင့် သူမ ကြည့်နေသည်။
ဒီနေ့သည် ညဥ့်မနက်သေးသည်၌ အရှင်စောစွာ ရောက်ရှိလာသည်။
နေ့တိုင်းလာမည်လို့ ပြောဖူးသော အရှင်၏ စကားကို ကုမုဒြာမယုံခဲ့ပေမဲ့ ကတိတည်စွာ အရှင်လက်တွေ့ကျကျ သက်သေပြသည်။
သစ်ချဘီးဖြင့် အကြင်သူမ၏ နူးညံ့သော ဆံနွယ်များကို ခိံဏ တယုတယဖြီးပေးနေသည်။
ဓားကိုင်မြဲ လက်ဖဝါးကြီးက သည်လို အနုစိတ်အလုပ်များဖြင့် အံမဝင်ပေမဲ့ အယုယဆုံး လုပ်ဆောင်ပေးသည်။
"မယ်မိ ဘာကိုအလိုမကျသည်လဲ မျက်နှာမကောင်းပါလား"
တရိပ်ရိပ်အကဲခတ်နေသော အရှင်က မေးတော့ မြင်သာထင်သာလောက်အောင် မျက်နှာပျက်မိတဲ့ ကုမုဒြာ ချက်ချင်း သတိပြန်ဝင်လာသည်။
"......ဘာမှမဟုတ်ပါဘူးအရှင်၊ ကျွန်တော်မျိုးမ ဒီလိုသာ ကြုံရာတွေးနေတာပါ"
ကြေးမုံထဲမှတစ်ဆင့် ကုမုဒြာ၏ မျက်လုံးအား စေ့စေ့ကြည့်နေသော အရှင်ကြောင့် လိမ်ညှာမှုအရိပ်ပြမိမှာစိုး၍ ကုမုဒြာ မျက်လွှာချကာ ကြေးမုံရှေ့ ထိုင်ခုံထက်မှ ထလိုက်သည်။
ရိုးရှင်းသော အကြင်သူမ၏ အဖြေသည် မရိုးရှင်းသော တစ်စုံတစ်ခု ပါနေသည်ကို ခိံဏ ခံစားရသည်။
စက်တော်ဆောင်အလယ် ခုံပေါ်မှ တင်ထားသော ပုဝါအား ယူ၍ ချည်ထိုးရန် ကုမုဒြာနေရာယူလိုက်သည်။
သူ့ကို ဂရုမစိုက်ဟန်ပြသော အကြင်သူမကြောင့် ခိံဏမျက်ခုံးအစုံတို့ တွန့်ဝင်သွားသည်။
တစ်နေ့ တစ်နေ့ အကြင်သူမကို သတိရလွမ်းဆွတ်သောစိတ်ဖြင့် ဘာကိုမှ ပီပီပြင်ပြင်မလုပ်နိုင် ခနခန လာတွေ့ရင်လဲ မှူးမတ်များက မကောင်းမြင်တတ်သည်မို့ ဘုရင့်သိက္ခာကိုလဲ ထိန်းရသေးသည်။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...