အခွင့်ဟူသည် နှစ်ခါမရှိ
*******************************
"မယ်မိကို ပြောစရာရှိလေတယ်"
ဖယောင်းတိုင်တုတ်ကြီးပေါ် ဓားသေးလေးဖြင့် ကြာပန်း ကြာပင်ကနုပ်ပန်းများ ထွင်းနေသော ကုမုဒြာသည် အရှင့်မြွက်ကြားသံကြောင့် ဆင်စွယ်ရောင် ဖယောင်းတိုင်မှ အကြည့်ခွာကာ အရှင့်မျက်နှာတော်အား မော့ကြည့်လာသည်။
"အမိန့်ရှိပါအရှင်"
"မနက်ဖြန် အရုဏ်ဦးချိန် ကိုယ်တော် ဒီနန်းတော်ကနေ မရှိတော့ပြီ၊ ကိုယ်တော်ပြန်မရောက်ခင် အတောတွင်း မယ်မိ ကောင်းကောင်းနေပါ့မယ်လို့ ကတိပေးပါ"
"ဘယ်လို? အရှင်...ဘာလို့ ရုတ်တရက်ကြီး ဘယ်သွားမည်လဲ?"
ကုမုဒြာ လန့်သွား၍ တစ်ခါတည်းမှာပင် မေးခွန်းများစွာက ခေါင်းထဲ ထိုးဖောက်လာသည်။
"ရုတ်တရက်ဆိုလို့ မဟုတ်ဘူး၊ ကိုယ်တော် ဖြေရှင်းစရာအမှုလေး ကျန်နေသေးလေတယ်၊ ကိုယ်တော် ခရီးထွက်ဖို့ စီအစဥ်ထားနှင့်နေပြီ"
ကုမုဒြာ ဘာကိုမှ မသိလိုက်ပါ။ အရှင် လုပ်ဆောင်မှုများအားလုံး အဘယ်သို့ သိနိုင်မည်လဲ။
မိမိအား ယခုမှ ပြောလာသည်က မိမိအစောကြီး သိထားရင်တောင် ဘာကိုမှ မကူညီနိုင်မှာကို အရှင်သိလို့ဖြစ်မည်။
အကျွန်ုပ်နဲ့ မဆိုင်သောကိစ္စပဲ အရှင်က အသိပေးစရာ မလိုဘူးလေ....
ကုမုဒြာ အားငယ်သွားသလိုလိုနဲ့ အတွေးများလေသည်။
"အရှင်လဲ ဂရုစိုက်သွားပါ၊ ဘယ်လောက်ကြာမည်လဲ"
တလိမ့်လိမ့် တိုးလာသော ဝမ်းနည်းစိတ်တွေကို ကုမုဒြာ အသက်ဖြေးဖြေးရှူရင်း ထိန်းချုပ်ကာ ပုံမှန်မေးခွန်းဖြင့် မေးလိုက်သည်။
"အကန့်အသတ်မရှိဘူး၊ ကိစ္စ မြန်မြန်ပြီးစီးလေ ကိုယ်တော် မယ်မိဆီ မြန်မြန်ပြန်လာနိုင်မယ်၊ မယ်မိနဲ့ ထပ်မခွဲခွာချင်ဘူးဆိုတာ မယ်မိသိသားပါ"
"အရှင်ပြန်လာမည်ကို ကျွန်တော်မျိုးမ စောင့်နေမှာပါ"
အရှင်တောင် မထွက်သွားရသေးပဲနဲ့ လွမ်းဆွတ်စိတ်တို့က ကုမုဒြာရင်ထဲ အုပ်မိုးလာသည်။
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...