ဧကရာဇ်သာပိုင်သောပန်း
***********************************
"အမေ့!!! ဖ...ဘုရား"
နောက်ကျောဘက်ကပ်၍ နားရွက်နား တိုးညင်စွာ ခေါ်လိုက်သော အရှင်ကြောင့် မူးလဲသွားမတတ် ကုမုဒြာလန့်ကာ ကယောင်ကတမ်းဖြင့် ထူးလိုက်ပီး ရင်ဘတ်ကို ဖိထားကာ နှလုံးသားတစ်ခုလုံး ပြုတ်ထွက်လာမှာကို စိုးရိမ်နေလို့ဖြစ်သည်။
လန့်၍ ဆတ်ခနဲ လှည့်ပြန်လာသော အကြင်သူမက အရှင်၏ ရင်အုတ်ဖြင့် မျက်နှာချင်းဆိုင်ရသည်။
တုန်ယင်ပြာယာသော အကြင်သူမ၏ အသံနှင့် လန့်ဖျန့်၍ ဝိုင်းစက်လာသော မဟူရာရောက်မျက်ဆံနက်ကြီးအပြင် ဆတ်ဆတ်တုန်ချင်နေသော နှုတ်ခမ်းသား ဖုဖုလေးက ခိံဏဂီဠိမျက်စိထဲ အလှပဆုံး အရာဖြစ်ပေသည်။
အကြင်သူမ၏ ခန္ဓာငယ်ကို ရှည်သောလက်မောင်းများဖြင့် ခိံဏဂီဠိ မျက်နှာချင်းဆိုင် သိုင်းဖက်ထားလိုက်သည်။
"ကျွန်တော်..မျိုးမကို ပြန်.ခွင့်ပြုပါအုံးအရှင်"
ကပြတ်ကတောက် ဖြစ်ချင်နေသော အသံဖြင့် ကုမုဒြာ ဒူးမပျော့သွားခင် အရှင်ရှေ့မှောက်မှ ထွက်သွားချင်သည်။
"ဟမ်း? အဘယ်သို့ သွားမည်လဲ? ကိုယ်တော် သွားခွင့်မပြုဘူး"
ရှင်းလင်းသွားပြီလား ကုမုဒြာ....
နားထဲ ကြားလိုက်ရသော အရှင်၏ ပြတ်သားသောအဖြေကြောင့် ပြန်ခွင့်တောင်းမိလေသော မိမိကိုယ်ကို ကုမုဒြာ ဆူမိသည်။
"အရှင်..အရှင် ဆိုလိုရင်းက ဘာတဲ့လဲ?"
မေးပြီးသောအခါမှ မိမိသျှာဖျားအား ကုမုဒြာ အခဲကြီးစွာ ပြန်ကိုက်မိလေသည်။
"သည်လောက် ရှည်လျားတဲ့ ညဥ့်ကြီးထဲ ကိုယ်တော့်ကို အထီးကျန်စွာ ဖြတ်သန်းခိုင်းမလို့လား? ငါးနှစ်တာအတွင်း မယ်မိကို တမ်းတသောစိတ်နဲ့ ကိုယ်တော်အထီးကျန်ဖူးပေါင်း များလေပြီ၊ ကိုယ်တော်ထပ်ပြီး စောင့်ဆိုင်းရအုံးမည်ဆိုရင် ကိုယ်တော်ရင်ဝကိုသာ ဓားစိုက်ပြီး ကိုယ်တော်အသက်ကို ယူသွားချေ"
YOU ARE READING
ဧကရာဇ်ပိုင်သောပန်း
Romance-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...