ဧကရာဇ်ပိုင်သောပန်း Part 28

510 14 0
                                    


သူရဲ‌ ကောင်းမလေး

***********************************

အပြောကို အလုပ်နှင့် သက်သေပြတတ်သော အရှင်သည် အဲ့သည်နေ့ကစ၍ ကုမုဒြာ မျက်စိရှေ့ ပေါ်မလာတော့ချေ။

အစပိုင်းရက်တွေမှာ သာကြောင်းနာကြောင်းမေးရန် လူလွှတ်သေးသည်ကို အပျိုတော်များဆီမှ သိရှိရသည်။

ငြိမ်သွားသော အရှင်သည် ယခုတွင် အသားတကျရှိနေလောက်ပြီဟု ကုမုဒြာထင်လေသည်။

ခေါင်းအနည်းငယ် မူးဝေနေ၍ မွေ့ယာထက် လှဲနေသော ကုမုဒြာသည် ဒီရက်ပိုင်း အဘယ်နေရာမျှ မသွားဖြစ်ချေ။

စက်တော်ဆောင်ထဲ အောင်းနေကာ မွေ့ယာထက် အလွမ်းအဆွတ်များစွာဖြင့် ခွေနေတတ်သည်။

"အရှင်မ အထိန်းတော်ကြီး ဝင်ခွင့်‌တောင်းပါတယ်"

အခန်းရှေ့မှ အပျိုတော်အသံကြောင့် ကုမုဒြာ မွေ့ယာအိအိထက် လက်ထောက်ကာ ထလာသည်။

"ဝင်ပါစေ မမယိုးမယ်"

ကုမုဒြာ မွေ့ယာထက် ဆင်း၍ အခန်းတော်အလယ်ရှိ ကျွန်းသားခုံကြီးနား ထိုင်စောင့်လေသည်။

"အရှင်မကို ဂရဝပြုပါတယ်"

ခါတိုင်းလိုပင် နို့ထိန်းတော်သည် ရိုသေစွာဖြင့် ဝင်လာသည်။

"ကြီးတော် သည်လို့ လုပ်ဖို့မလိုပါဘူး၊ အကျွန်ုပ်သည်လဲ အဘယ်သော ဂုဏ်ထူးများ မရှိပေဘူး"

ပြုံးပြကာ မရွှင်သော အရှင်မမျက်နှာလေးအား နို့ထိန်းတော် စိုးရိမ်စွာ ကြည့်သည်။

"အရှင်မ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်"

အနားမှာ လာထိုင်ပြီး ကုမုဒြာလက်ခလေးအား နို့ထိန်းတော်နွယ်သူဇာက ဆုတ်ကိုင်လိုက်သည်။

နို့ထိန်းတော်၏ စကားကို အပြုံးဖြင့်သာ ကုမုဒြာ တုံ့ပြန်သည်။

"အရှင်မ သည်လောက်ထိ နစ်နာခံစရာမလိုပါဘူး၊ အရှင်မင်းမြတ် သည်လို အလိုတော်ရှိမည်မဟုတ်ဘူး"

"ကြီးတော် ဘာအမှုကို ဆိုလိုပါသလဲ အကျွန်ုပ် နားမလည်နိုင်ပါဘူး"

ဧကရာဇ်ပိုင်သောပန်းWhere stories live. Discover now