ကြာကန်းထဲက အနမ်း
********************************
နန်းတွင်းနန်းပြင် ကိစ္စအဝဝအား စနစ်တကျပြန်လည် ဖြစ်သွားအောင် စွမ်းဆောင်နေချိန်မို့ ခိံဏဂီဠိမင်းသည် အနားယူဖို့ အချိန်မရှိသည့်ကြား ၅နှစ်တာ စောင့်ဆိုင်းခဲ့ရပါသော အကြင်သူငယ်မ၏ မျက်နှာလေးအား မြင်ချင်လွန်း၍ မနေ့ညက သွားဖြစ်အောင် သွားကြည့်ခဲ့သည်။
တစ္ဆေဝင်ပူးသလို ရလေလိုလေဖြင့် သည်မနက်မှာလဲ စောစောစီးစီး အနှီသူငယ်မ၏ မျက်နှာလေးကို မြင်ချင်ပြန်သည်။
အစွဲအလန်းမရှိ လောဘမကြီးတတ်သော ခိံဏသည် အခုလက်ရှိ ဖြစ်ပျက်နေသော မိမိ၏ ကလူးကလွန့် စိတ်အခြေနေအား အလိုမကျပေ။
ယောက်ယှက်ထနေသော အတွေးများ ဖယ်ရှားရန် ခုံတော်ထက် ပုံနေသော ရုံးတော်တိုင်စာလိပ်ပုံမှ စာတစ်လိပ်အား ယူဖတ်လိုက်သည်။
'မြောက်တိုင်းပြည်မှ အခွန်လျော့ချမှုအဖို့ အလျင်အမြန် လုပ်ဆောင်ပေးရန် အရှင်မင်းကြီးအား လျှောက်တင်ကြောင်း...'
'တောင်စခန်း ဆိပ်ကမ်းမှ အမည်နာမ,မသိ ပင်လယ်ခရီးသွား သင်္ဘောကြီးတစ်စီးအား စစ်ဆေးဖို့ အမိန့်ချရန် အရှင်မင်းကြီးအား လျှောက်တင်ကြောင်း'
'အရှေ့တိုင်းပြည်မှ ဘုရင်ခံသည် အိမ်နီးချင်းတိုင်းပြည်နှင့် ကုန်သွယ်ရေးကိစ္စအား လက်ခံပေးရန် အရှင်မင်းကြီးဆီမှ ခွင့်ပြုခြင်းရယူလိုကြောင်း'
.......................... ............................
ရုံးတော်တိုင်စာဖတ်ရင်းဖြင့် စုစည်းထားသော အာရုံတို့က ဝါနွမ်းနွမ်းစာရွက်ပေါ်မှ လုံးဝန်းသော စာလုံးများအစား အကြင်သူမ၏ မျက်လုံးနှင့် မျက်နှာက ပေါ်လာသည်။
ခိံဏ စိတ်ပျက်ပျက်နှင့်ပင် စာရွက်အား နဂိုအတိုင်း ပြန်လိပ်ကာ နေထိုင်ရာ နန်းဆောင်မှ ထွက်လာသည်။
+++++++++++++++++++++++
"အရှင်မ,အား ဘုရင်ကြီး ဆင့်ခေါ်ပါတယ်၊ နန်းလယ် ကြာကန်ကြီးဘက် ကြွပေးပါ"
အိပ်ဆောင်ထဲ ပျင်းနေတဲ့ ကုမုဒြာသည် အပျိုတော်ဆီမှ သတင်းစကားကြောင့် ဝတ်စားမှုများ ပြောင်းကာ အပျိုတော်တို့နောက် လိုက်လာသည်။
VOUS LISEZ
ဧကရာဇ်ပိုင်သောပန်း
Roman d'amour-နန်းတော်ထဲ ပို့ဆောင်ခံရပါသော သူငယ်မသည် နန်းတော်ကြီးအား မုန်းသည်။ -နန်းတော်၏ ထွေပြားလှသော မာယာများကြား မသိတတ်သေးသော အရွယ်၌တင် ပြည်နှင်ခံရပါသော ပြည်နှင်မင်းသားနှင့် နန်းတော်ကြီးအား မုန်းသော အကြင်သူမတို့၏ ဆန်းကြယ်သော တွေ့ဆုံမှုနှင့် အချစ်များ ဘယ်လိုဖြ...