အခန်း(၇)

114 2 0
                                    

## အချစ်ဦးမဟုတ်ပါသို့သော်… ###
အခန်း(၇)

"ဘယ်လိုလုပ်ရမလဲ..."
မှန်ထဲကိုကြည့်ကာ တစ်ယောက်ထဲစကားပြောနေမိသည်။ တွေးလိုက်တိုင်း ရင်တွေတုန်လာမိသဖြင့် အသက်ကိုမှန်အောင်ရှူနေမိလေသည်။
"မဖြစ်ဘူး ကိုကိုနဲ့တွေ့ရမယ်... ကိုကို့ကို ဒီအကြောင်းတွေပြောပြပြီး..."
"ဒေါက်... ဒေါက်..."
"သမီး... ကိုး..."
အတွေးတွေကို ရပ်တန့်လိုက်ကာ ကိုး အတတ်နိုင်ဆုံးပြံုးထားရင်းနဲ့ ထိုင်နေရာကနေ ထလိုက်ပြီး တံခါးသွားဖွင့်လိုက်လေသည်။
"မေမေ..."
"ဟင်... သမီးကျောင်းကို တကယ်သွားမှာလား..."
ကိုး မေမေ့ကို ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်... ကိုး နေကောင်းပါတယ် မေမေရဲ့... အဲ့ဒါကြောင့်လည်း ကိုး ဆေးရုံကဆင်းလာတာပေါ့..."
မေမေ့မျက်နှာကတော့ စိတ်မချသည့်ပုံပင်။ ဒါပေမယ့် ကိုးက လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်နေသဖြင့် ခေါင်းကိုငြိမ့်တယ်ဆိုရုံသာငြိမ့်ပြပြီး
"သမီးနေကောင်းတယ်ဆိုရင်လည်း သွားပါ... မေမေက စိုးရိမ်နေလို့... တော်ကြာ ကျောင်းရောက်မှ မူးလဲနေရင်..."
"မေမေရယ်... ကိုး တကယ်နေကောင်းသွားပါပြီ..."
"ဟုတ်ပါပြီ... အခု အားလုံးပြင်ပြီးသွားပြီလား..."
"ဟုတ် ပြီးပြီ..."
"အဲ့ဒါဆိုလည်း အောက်ဆင်းရအောင်လေ... အောက်မှာ မဏိက သမီးကိုကျောင်းလိုက်ပို့ရင်းနဲ့ Car Show Room ကိုသွားမလို့တဲ့..."
"ဟုတ်ကဲ့... သမီး ဆင်ခဲ့မယ်မေမေ..."
"အင်း..."
မေမေလည်း အခန်းထဲကထွက်သွားရော ကိုး လိုအပ်တဲ့ပစ္စည်းတွေကို အမြန်ယူလိုက်ကာ အခန်းထဲကနေထွက်လာလိုက်လေသည်။ ကိုကို့နဲ့အမြန်ဆုံးတွေ့ချင်ပြီ...
"ဟော... မင်းသမီးလေး လာပါပြီ..."
မမက လှေကားပေါ်ကနေဆင်းလာတဲ့ ကိုးကိုလှမ်းကြည့်ကာပြောလိုက်တော့ ကိုး မမကို ရယ်ပြလိုက်ရင်းနဲ့ မမရဲ့ဘေးကခုံမှာ ဝင်ထိုင်လိုက်လေသည်။
"မနက်စာစားလေ ကလေး... ပြီးရင် မမ ကျောင်းလိုက်ပို့ပေးမယ်..."
"ကိုး ဗိုက်မဆာဘူးမမ... ကျောင်းရောက်မှပဲ သူငယ်ချင်းတွေနဲ့အတူ ကန်တင်းမှာ တစ်ခုခုစားလိုက်တော့မယ်..."
"အင်းပါ... ကျောင်းရောက်ရင်တော့ စားဖြစ်အောင်စားနော် ကလေး... အခုမှနေကောင်းတာဆိုတော့ တော်ကြာ အားပြတ်ပြီးလဲကျသွားဦးမယ်..."
"ဟုတ်ကဲ့ပါ မမ..."
"သြော် မေမေပြောရဦးမယ်..."
မေမေက တစ်ခုခုကိုသတိရသွားသလို ကိုးနဲ့မမကိုကြည့်ကာ ပြောလာ၏။
"ဟုတ်..."
"မောင်စဝ်ဘုန်းရိပ်ခေါင်က သမီးကျောင်းသွားရင် လိုက်ပို့ပေးမယ်လို့တောင်မှ မေမေ့ကို ပြောထားသေးတယ်..."
"ဟင်..."
ကိုးအ့ံသြသွားသလို စိတ်ထဲမှာ အလိုမကျလည်း ဖြစ်သွားမိလေသည်။
"မေမေကလည်း ကိုးကို မဏိပဲလိုက်ပို့လိုက်ပါ့မယ်... ကိုးက ကျောင်းသားတစ်ယောက်ပဲရှိပါသေးတယ် မေမေရယ်... ကိုး လွတ်လွတ်လပ်လပ်နေပါစေဦး..."
မမပြောချင်တဲ့အဓိပ္ပါယ်ကို ကိုးက နားလည်သဖြင့် ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်သည်။ အဲ့ဒီ့တော့မှ မေမေက မျက်နှာမကောင်းဖြစ်နေတဲ့ ကိုးရဲ့မျက်နှာကို သတိထားမိလိုက်ပြီး
"ဒါတော့ ဒါပေါ့ သမီးရယ်... ဒါပေမယ့် မောင်စဝ်ဘုန်းရိပ်ခေါင်က ကိုးအတွက် စိတ်ပူနေတဲ့သူဆိုတော့ ဂရုစိုက်တာပါ..."
"ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုအချိန်မှာ သူ ကိုးကိုပိုင်ဆိုင်သေးတာမဟုတ်တဲ့အတွက် သူ့မှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူး မေမေ..."
"မဏိ... ကိုးက မောင်စဝ်ဘုန်းရိပ်ခေါင်ကို သဘောမကျတာ မေမေသိပါတယ်... ဒါပေမယ့် သမီးကပါ ဘယ်လိုဖြစ်နေတာလဲ..."
"ကိုးက သဘောမကျတာကို မေမေတို့သိရဲ့သားနဲ့ ဇွတ်အတင်းစီစဉ်ခဲ့ကြတာပဲ မဟုတ်လား..."
"မမ တော်ပါတော့မမရယ် ကိုးတို့ သွားကြရအောင်နော်..."
"ဒါဆို မေမေလည်း ဘာမှမပြောနဲ့တော့လေ..."
"မဏိ..."
"မေမေ ကိုးတို့သွားတော့မယ်နော်..."
"သြော်... အေး အေး သမီး..."
"ဟုတ်ကဲ့..."
ကိုး မေမေ့ရှေ့ကနေ မမကို ဆွဲပြီးခေါ်လာခဲ့ရသည်။ မမက ကိုးရဲ့ရင်ထဲကစကားလုံးတွေကို သတ္တိမရှိတဲ့ ကိုးရဲ့ကိုယ်စား ပြောပေးနေပေမယ့် မေမေကတော့ လက်မခံပေ။ ကားပေါ်ရောက်တော့လည်း မမက အလိုမကျသလို မျက်နှာပျက်နေသေးသည်။
"မမရယ် မေမေ့ကို အဲ့လိုပြန်ပြောရင် မမပဲ ငရဲကြီးမှာပေါ့..."
"မမပြန်ပြောတာမဟုတ်ဘူး ကိုး... ပြောသင့်တာပြောရတာ... မမက ကိုးလိုမျိုး ငြိမ်ခံနေမယ့်လူမျိုးမဟုတ်ဘူး ပြောသင့်တာတော့ပြောရမှာပဲ..."
"မမ အဲ့လိုပြောလိုက်တော့ရော ကိုးတို့ရဲ့မင်္ဂလာကိစ္စက ပျက်သွားမှာမှ မဟုတ်တာ မမပဲ ငရဲကြီးရမှာပေါ့ မမရယ်..."
မဏိ ကားမောင်းရင်းကနေ ကိုးကို ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်တယ် ကိုးပြောတာမှန်တယ်... မေမေ့ကိုပြောရုံနဲ့တော့ ဒီကိစ္စက ပျက်သွားမှာမဟုတ်ဘူး... ဒါပေမယ့် ဟိုလူ့ကိုပြောမယ်ဆိုရင်တော့ ပျက်နိုင်တယ်..."
"ဟင်..."
မမရဲ့စကားကြောင့် ကိုး လန့်သွားတော့ မမက ကိုးကိုမကြည့်ဘဲ ကားကိုဂရုစိုက်မောင်းနေလေသည်။
"ဟုတ်တယ် ကိုး... မမ သူနဲ့တွေ့ပြီး ကိုးက သူ့ကိုသဘောမကျတဲ့အကြောင်း ပြောပြမယ်..."
"ဟင့်အင်း မလုပ်ပါနဲ့မမရယ်... အဲ့လိုသာလုပ်လိုက်ရင် ဖေဖေနဲ့မေမေ မျက်နှာပျက်ရမှာပေါ့..."
"ကျွတ်... မျက်နှာပျက်လည်း ခဏပဲပေါ့ ကိုးရာ... နောက်တော့လည်း ပြီးသွားမှာပဲ..."
"ဒါပေမယ့် မမရယ်..."
"ကိုး တော်တော့... ကိုးလည်း မပြောရဲဘူးမို့လား... မမပြောမယ်..."
ကိုး မမစိတ်ကိုသိသဖြင့် ဘာမှမပြောတော့ဘဲ ငြိမ်သွားမိတော့သည်။ ကိုးရဲ့ကိုယ်စား မမက ကြားထဲကနေ အမုန်းခံပြီးပြောပေးမှာဆိုတော့ တကယ်လို့များ မမပြောလိုက်လို့ အဲ့ဒီ့လူက လက်လျှော့သွားမယ်ဆိုရင် ကိုး မမအတွက်ရော... ဖေဖေနဲ့မေမေအတွက်ပါ စိတ်ပူသွားမိလေသည်။ ကျောင်းရောက်တဲ့အထိ ကိုးနဲ့မမ စကားမပြောဖြစ်ကြတော့ပေ။
"ကိုး ဘိုင့်..."
မမက ကားပေါ်ကနေ လက်ပြရင်းနဲ့ပြံုးပြနေသဖြင့် ကိုးလည်း ပြန်ပြီး လက်ပြနှုတ်ဆက်လိုက်ကာ
"မမ ကားကိုဂရုစိုက်မောင်းနော်..."
"အင်း..."
မမလည်းကားမောင်းထွက်သွားရော ကိုး ကျောင်းထဲလှည့်ဝင်လိုက်ရာ
"ကိုး..."
"ဟင် ကိုကို..."
အနောက်ကနေ ကြားလိုက်ရတဲ့အသံကြောင့် ကိုး ချက်ချင်းလှည့်ကြည့်လိုက်တော့ ကိုကိုက ကိုးဆီသို့ ပြေးလာပြီး ကိုးကို ဖက်ထားသဖြင့် ကိုး ရင်တွေတုန်သွားသလို အ့ံသြလည်းအ့ံသြသွားလေသည်။
"ကိုးရယ် ကိုယ် ကိုးကိုအရမ်းလွမ်းနေတာ..."
"လွှတ်ပါဦး ကိုကိုရယ်... သူများတွေမြင်သွားပါဦးမယ်..."
တွန်းလည်းတွန်း ကိုး ပါးစပ်ကနေလည်းပြောလိုက်တော့မှ ကိုကိုက ကိုးကို လွှတ်ပေးတော့သည်။ ကိုး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ တချို့ကျောင်းသားတွေက ကိုးတို့ကိုကြည့်ကာ ရယ်နေကြလေသည်။
"ဆောရီးနော် ကိုး... ကိုယ် ကိုးကို အရမ်းလွမ်းနေလို့ပါ..."
ကိုးလည်းပဲ ကိုကို့မျက်နှာကို လွမ်းဆွတ်စွာကြည့်လိုက်ရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကိုး... လာ ကန်တင်းကိုသွားရအောင်... ကန်တင်းမှာ ကိုးရဲ့သူငယ်ချင်းတွေလည်း စောင့်နေကြတယ်..."
"ဟုတ်..."
ကိုကိုနဲ့ကိုး လက်ချင်းတွဲကာ ကန်တင်းကိုထွက်လာကြလေသည်။ ကိုးလက်ကိုဆုပ်ကိုင်ထားတဲ့ ကိုကိုရဲ့လက်ကြောင့် ကိုး ရင်ထဲမှာ နွေးထွေးလုံခြံုသွားရလေသည်။
"ကိုး... အခုရော သက်သာရဲ့လား..."
"ဟုတ်... ကိုး လုံးဝနေကောင်းသွားပါပြီ ကိုကိုရဲ့..."
ကိုးဆီရောက်လာတဲ့ ကိုကို့အကြည့်တွေက ကိုးကို မယုံကြည်သလိုကြည့်နေသဖြင့် ကိုး ပြံုးပြရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်၏။
"ကိုယ်လေ... ကိုးကို အရမ်းလွမ်းနေတာ ကိုးရဲ့... ကိုး ကျောင်းကိုမလာတော့ ကိုယ့်ရင်ထဲမှာ ဟာတာတာနဲ့ တစ်စက္ကန့်လေးတောင်မှ မပျော်ခဲ့ဘူး..."
"မယုံပါဘူး..."
ကိုးက စနောက်သလိုပြောလိုက်တော့ ချက်ချင်းပဲ ကိုကိုက မျက်နှာပျက်သွားကာ
"ကိုး တကယ်ပြောတာလား..."
"ဟုတ်တယ်လေ ကိုး မယုံပါဘူး..."
"ကိုး..."
ကိုး ကိုကို့မျက်နှာကိုကြည့်လိုက်တော့ ကိုကိုက ကိုးကိုစိတ်ဆိုးနေသည့်ပုံပင်။
"ကိုယ် ကိုးကိုတကယ်လွမ်းနေတာနော် ကိုး..."
ကိုကို့မျက်နှာကိုကြည့်ရင်းနဲ့ ကိုး ရယ်လိုက်ပြီး
"ယုံပါတယ် ကိုကိုရယ်... ကိုးက စတာပါ... ကိုကိုက ကိုးကို တကယ်စိတ်ဆိုးသွားတာလား..."
"စိတ်မဆိုးပါဘူး..."
"စိတ်မဆိုးဘူးသာပြောတယ် ကိုကို့မျက်နှာက ဘာလို့ စူပုတ်နေတာလဲ..."
ခညောင်း သူမခေါင်းလေးကို အသည်းယားစွာနဲ့ ပုတ်လိုက်ပြီး
"ကိုးက ဘာလို့ ကိုယ့်ကိုမယုံဘူးလို့ပြောလဲ..."
"ကိုးက စတာကို..."
"ဟုတ်ပါပြီ အချစ်ရယ်... ကိုယ် သိပါတယ်ကွာ..."
အချစ်ရယ်ဆိုတဲ့ အခေါ်အဝေါ်ကြောင့် ကိုး ရင်ထဲမှာ ကြည်နူးသွားရတော့သည်။
"ဟော... လာကြပါပြီ..."
ရာဇာရဲ့စကားကြောင့် ခညောင်းနဲ့ကိုး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်လိုက်ကြလေသည်။
"ကိုး... နေကောင်းသွားပြီလား..."
"အင်း ငါနေကောင်းသွားပြီ..."
စိမ်းနဲ့မဒီ ကိုးကိုကြည့်ကာ ပြံုးနေရင်းနဲ့ မဒီက စိမ်းကို မျက်ခုံးပင့်ပြလိုက်ကာ
"အရင်နေ့တွေက နေမကောင်းရင်တောင်မှ ဒီနေ့တော့ ကောင်းသွားပြီ စိမ်းရဲ့... ဘာလို့လဲဆိုတာသိလား..."
"ဟင့်အင်း ဘာလို့လဲ..."
"သူ့ဘေးမှာ နေကောင်းစေတဲ့ဆေးရှိနေပြီလေ စိမ်းရဲ့..."
"ဟာ ဟုတ်ပ ဟုတ်ပ..."
စိမ်းအစား ရာဇာက ဝင်ပြောလိုက်တာဖြစ်သည်။ စိမ်းကတော့ ပြံုးတယ်ဆိုရုံသာ ပြံုးနေ၏။ စိတ်ထဲမှာတော့ ခံစားရတာမကောင်းပေ။
မဒီ့စကားကြောင့် ကိုး ရှက်သွားကာ ကိုကို့ရဲ့လက်ကို အားကိုးတကြီးဆွဲဖက်ထားလိုက်မိတော့ ကိုကိုက သဘောကျစွာဖြင့် ပြံုးနေ၏။
"ကြည့်ပါဦး ကိုး ရှက်နေတာများ ကင်းရဲ့ရင်ခွင်ထဲကို ဝင်တော့မယ့်အတိုင်းပဲ..."
"ဟာ မဒီနော်..."
ကိုး မျက်စောင်းထိုးကာပြောလိုက်တော့ မဒီနဲ့ရာဇာက ရယ်နေကြလေသည်။
"မဟုတ်လို့လား..."
ကိုး သူတို့ကိုမျက်စောင်းထိုးရင်းနဲ့ ကိုကို့ကိုမော့ကြည့်လိုက်ကာ
"ကိုကို့... ကြည့်ဦးလေ ကိုးကိုပြောနေကြတယ်..."
"အဲ့တော့လည်းဘာဖြစ်လဲ ကိုးရယ်... ကိုယ်က ကိုးကို ကိုယ့်ရင်ခွင်ထဲမှာတင်မဟုတ်ဘူး ကိုယ့်ဘဝထဲမှာပါ တစ်သက်လုံးဆွဲခေါ်ထားပစ်မှာပေါ့..."
"ဟာ ကိုကိုနော်..."
"အ... မလုပ်နဲ့လေ ကိုးရဲ့..."
ကိုး သူ့ခါးကိုမနာအောင်ဆွဲလိုက်တော့ ကိုကိုက ကိုးရဲ့လက်ကိုဆွဲထားရင်းနဲ့ ကိုးရဲ့ခန္ဓာကိုယ်လေးကို အတင်းဆွဲဖက်ထားလေတော့သည်။
"ဟာ... ငါတို့မျက်စိရှက်တယ်နော် ခညောင်း..."
"ကင်းနော်... မဒီတို့က ကြည့်ရဲတာမဟုတ်ဘူး..."
"လွှတ်ပါ သူများတွေကြည့်နေကြပြီ..."
"ဘာဖြစ်လဲ ကိုးရယ်... ကိုယ့်ချစ်သူကိုယ်ဖက်တာကို..."
"အို လူတွေနဲ့လေ..."
"သြော် လူတွေမရှိရင်တော့ အဖက်ခံမယ်ပေါ့လေ ဟုတ်လား ကိုး..."
"အစုတ်ပလုတ် မဒီမနော်..."
ကိုးက မျက်စောင်းထိုးကာပြောလိုက်တော့ သူတို့တွေ သဘောကျစွာရယ်နေကြတော့သည်။
"ဒီရက်တွေမှာ ကိုယ့်ချစ်သူလေးကနေမကောင်းတော့ ကိုယ့်မှာ စားမရအိပ်မရဖြစ်နေတာ ကိုးရယ်... အခုတော့ အလွမ်းသယ်ပါရစေဦးနော်..."
ကိုကိုကပြောလည်းပြော ကိုးရဲ့ခါးကိုလာဖက်သဖြင့် ကိုး ရင်ခုန်မြန်သွားကာ ကိုကို့ရဲ့လက်ကို အတင်းခွာချလိုက်ကာ
"ကိုကိုကလည်း သူငယ်ချင်းတွေရှေ့မှာကို..."
"ဟုတ်ပါပြီ ကိုးမကြိုက်ဘူးဆိုလည်း ကိုယ် ကိုးရဲ့စကားကို နားထောင်ပါ့မယ်နော်..."
"ကြည့်ပါဦး... ကင်းက ကိုးကိုအရမ်းချစ်တာပဲ ကိုးရဲ့စကားကိုနားထောင်တာများ ကလေးလိုပဲ..."
မဒီကဝင်ပြောလာတော့ ကိုကို့အကြည့်တွေက ကိုးဆီသို့ရောက်လာကာ ကိုးမျက်လုံးတွေကို သေချာစိုက်ကြည့်လာပြီး
"ကျွန်တော်က ကိုးကိုအရမ်းချစ်တယ် မဒီရဲ့... နောက်ပြီး ကိုးက ကျွန်တော့်ဘဝမှာအချစ်ဦးပဲ..."
"ကိုးဘဝမှာလည်း ကင်းက အချစ်ဦးဖြစ်ခဲ့တာပါ ကင်းရယ်... ပြောလိုက်လေ ကိုးရဲ့..."
မဒီက ကိုးကိုကြည့်ကာပြောလာသဖြင့် ကိုး ကိုကို့ကိုခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်ပါတယ် ကိုကိုက ကိုးဘဝမှာ အချစ်ဦးပါပဲ..."
"ကိုယ် အရမ်းပျော်တယ် ကိုးရယ်..."
ကိုးရင်ထဲမှာလည်း ကြည်နူးဝမ်းသာသွားမိလေသည်။ ကိုး ကိုကို့ကိုချစ်တယ်။
"ကိုယ့်မိဘတွေကိုပြောပြီး ကိုးရဲ့မိဘတွေဆီမှာ လာတောင်းမယ် ကိုး..."
"ဟင်..."
"ပြီးရင် ကိုယ်တို့တွေစေ့စပ်ထားကြမယ်... ကျောင်းပြီးတော့မှ ကိုယ်တို့တွေ လက်ထပ်ကြမယ်လေ..."
ကိုး ရင်ဘတ်ထဲမှာ စူးပြီးအောင့်သွားတော့သည်။ ဟုတ်တယ် ကိုး မေ့နေခဲ့တာ။ ကိုကိုနဲ့တွေ့လိုက်ကတည်းက တခြားအရာအားလုံးကို ကိုးမေ့သွားခဲ့တာ။ ကိုကို့ကိုပြောရမယ့်စကားကို တွေးလိုက်မိတော့ ကိုး ဝမ်းနည်းသွားတော့သည်။ ကိုးမှာ မိဘတွေသဘောတူထားတဲ့သူရှိနေတာကို ကိုး ဘယ်လိုပြောရမလဲ။ ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ပတ်သက်တဲ့အကြောင်း ကိုကို့ကို ကိုး ဘယ်လိုပြောရမလဲ။ ကိုး ငိုချင်လာမိတော့သည်။
"ဟင် ကိုး ဘာဖြစ်လို့လဲ..."
ကိုး ဟန်ဆောင်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ
"ဟင့်အင်း... ကိုး ဘာမှမဖြစ်ပါဘူး..."
"မဟုတ်ပါဘူး ကိုး မျက်နှာက တစ်ခုခုဖြစ်နေသလိုပဲ..."
"ကိုးတို့ အတန်းသွားတက်တော့မယ်လေ ကိုကို..."
"ကိုး..."
"နောက်ကျမှာစိုးလို့ပါ... နောက်ပြီး ကိုး Toilet လည်း သွားချင်လို့..."
"ဟင်... ဟုတ်လား အဲ့ဒါဆိုလည်းသွားလေ ကိုးရဲ့..."
"ဟုတ် အဲ့ဒါဆို ကိုးသွားတော့မယ်နော် ကိုကို..."
"အင်း... အင်း..."
ကိုး ရင်ဘတ်ထဲမှာ အောင့်လာသဖြင့် တင်းခံလိုက်ကာ စိမ်းနဲ့မဒီကိုကြည့်လိုက်ပြီး
"စိမ်း... မဒီ ကိုးတို့သွားရအောင်လေ.."
"သြော်... အေး ကိုး.. "
မဒီက ရုတ်တရက်ကြီး သွားရအောင်လို့ပြောနေတဲ့ ကိုးကိုကြည့်ကာ အူကြောင်ကြောင်ဖြစ်သွားရာကနေ ထလိုက်လေသည်။ ကိုး ကိုကို့ကိုနှုတ်ဆက်ပြီး စိမ်းတို့နဲ့အတူ ကန်တင်းထဲကနေ အမြန်ထွက်လာလိုက်၏။
"ကိုး ဘာဖြစ်လို့လဲ..."
"အေးလေဟာ ချက်ချင်းကြီး နင့်မျက်နှာကြီးကလည်း ပျက်ယွင်းသွားလိုက်တာဟာ..."
ကိုး သူငယ်ချင်းတွေကိုပြောပြဖို့ အားယူလိုက်ပေမယ့်လည်း အလိုလိုဝမ်းနည်းလာကာ မပြောနိုင်ဘဲ မျက်ရည်တွေသာ ဝဲလာတော့သည်။
"ကိုး ပြောပြလေဟာ... နင် ဘာဖြစ်နေတာလဲ..."
ကိုး ခေါင်းရမ်းလိုက်ပြီး
"ကိုး... ကိုး ဘာမှမဖြစ်ပါဘူး..."
"မဟုတ်ဘူး ကိုး... နင် တစ်ခုခုတော့ဖြစ်နေတယ်နော်..."
မဒီက ကိုးလက်ကိုဆွဲကာပြောလိုက်တော့ ကိုး မျက်ရည်တွေကျလာကာ မဒီ့ကိုကြည့်လိုက်ပြီး
"ကိုးကို မေမေက အိမ်ထောင်ပြုပေးတော့မယ်..."
ကိုးရဲ့စကားကြောင့် မဒီ စိမ်းကိုကြည့်လိုက်ကာ သဘောကျစွာရယ်နေတော့သည်။
"ဟား... ဟား... ဘာများလဲလို့ ကိုးရယ်... နင့်မှာ ကင်းတစ်ယောက်လုံးရှိနေပြီပဲ ဘာစိတ်ပူစရာလိုလို့လဲ... မဟုတ်ဘူးလား စိမ်း..."
"အေးလေ ကိုးကလည်း..."
ကိုး မျက်ရည်တွေကြားထဲကနေ သူတို့ကို ခေါင်းရမ်းပြလိုက်ပြီး
"ကိုးမှာမိဘချင်းသဘောတူထားတဲ့သူရှိတယ်... သူက ကိုကိုမဟုတ်ဘူး..."
"ဟင်..."
"ဘယ်လို ကိုး..."
"ဟုတ်တယ်... ဖိုးဖိုးတို့လက်ထက်ကတည်းက သဘောတူခဲ့တဲ့လက်ထပ်ပွဲတစ်ခု..."
"ဟင်..."
"သူတို့က ကိုးတို့လို သာမန်လူတွေမဟုတ်ကြဘူး... နန်းမျိုးနန်းနွယ်တွေ... သူတို့က စော်ဘွားအနွယ်တွေပဲ..."
"ကိုး... နင် တကယ်ပြောနေတာလား..."
မယုံနိုင်စွာမေးလာတဲ့စိမ်းကိုကြည့်ကာ ကိုး ခေါင်းငြိမ့်ပြလိုက်ပြီး
"အခု ကိုးပုံစံက စနောက်နေတာနဲ့တူလို့လား စိမ်းရယ်..."
"ရုတ်တရက်ဆိုတော့ ငါတို့လည်း မယုံနိုင်လို့ပါဟာ..."
"သူ့နာမည်က ဦးစဝ်ဘုန်းရိပ်ခေါင်တဲ့... ကိုးထက် ဆယ်နှစ်နီးပါးလောက်ကြီးတယ်..."
"နင့်ထက်အသက်ကြီးတယ်..."
"အင်း ဟုတ်တယ်..."
"နေပါဦး အဲ့ဒါဆို နင် ကင်းကို ဘယ်လိုလုပ်မှာလဲ ကိုးရဲ့..."
ကိုး စိမ်းကို ခေါင်းရမ်းပြလိုက်ကာ
"ကိုကို့မျက်နှာကို တွေ့လိုက်တော့ ကိုး အဲ့ဒီ့ကိစ္စတွေအားလုံးကို မေ့သွားခဲ့တယ်... အဲ့ဒါကြောင့် ကိုး... ကိုး ကိုကို့ကို ပြောမထွက်ခဲ့ဘူး..."
ကိုးရဲ့စကားကြောင့် စိမ်းနဲ့မဒီ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကာ ခေါင်းရမ်းလိုက်ကြလေသည်။
"နင် အဲ့ဒီ့လူကို ငြင်းလို့မရဘူးလား ကိုး..."
"ဟင့်အင်း... အဲ့ဒါဆိုရင် ကိုး တမလွန်က ဖိုးဖိုးနဲ့ဖွားဖွားတို့ကို ဘယ်လိုမျက်နှာပြရမှာလဲ... ဖိုးဖိုးနဲ့ဖွားဖွားက ကိုးကို အရမ်းချစ်ကြတာ... ကိုး ဘယ်လိုငြင်းရက်မှာလဲ..."
"ကိုးရယ်..."
"ဒါပေမယ့် ကိုး ကိုကို့ကိုပဲချစ်တယ်..."
သူတို့နှစ်ယောက် ကိုးကို ဂရုဏာသက်စွာ ကြည့်နေမိတော့သည်။ ရုတ်တရက်ပြောင်းလဲလာတဲ့အခြေအနေကိုလည်း သူတို့တွေ မယုံကြည်နိုင်ခဲ့ပေ။ ဒါပေမယ့် ကိုးက ကင်းကိုပဲချစ်တယ်ဆိုတာကိုတော့ သူတို့လည်း သိပါတယ်။
"အဲ့ဒါကြောင့် နင် ကင်းရှေ့ကနေ ရှောင်ထွက်လာတာလား..."
ကိုး ခေါင်းငြိမ့်လိုက်ရင်းနဲ့ ကိုကိုရှိနေတဲ့ ကန်တင်းရှိတဲ့နေရာကိုလှမ်းကြည့်ကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကိုးရယ်..."
"ငါတို့တွေလည်း ကူပြီး စဉ်းစားပါဦးမယ်ဟာ... အခုတော့ ငါတို့တွေ အတန်းသွားတက်ကြမယ်ဟာ... လက်ရှိမှာ ပျော်အောင်နေကြမယ်နော်... အဲ့ဒီ့စိတ်ညစ်စရာတွေကို ဘေးဖယ်ထားလိုက်ဟာ... နော် ကိုး..."
"ဟုတ်တယ် မငိုပါနဲ့ ကိုးရယ် အဆင်ပြေသွားမှာပါဟာ..."
ပြောလည်းပြော မဒီက ကိုးကိုမျက်ရည်တွေသုတ်ပေးလာသဖြင့် ကိုး ခေါင်းငြိမ့်ပြလိုက်ကာ
"အင်း... ကိုး မငိုတော့ဘူး..."
"လာ... ဒါဆို အတန်းသွားတက်မယ်..."
"အင်း..."
စိမ်းနဲ့မဒီက ကိုးလက်နှစ်ဖက်ကို ဘေးကနေ တစ်ယောက်တစ်ဖက် ကိုင်ရင်းနဲ့ ကျောင်းခန်းဘက်ကို ထွက်လာကြလေသည်။ ကိုးရဲ့သူငယ်ချင်းနှစ်ယောက်က ကိုးကိုသိပ်ချစ်ကြသည်။ ကိုးမှာရှိတဲ့ စိတ်ညစ်စရာ... ပျော်စရာတွေရော အားလုံးကို မျှဝေခံစားပေးကြသူများလည်းဖြစ်သဖြင့် ကိုးအတွက် အားပေးဖော်တွေပါပဲ။ အခုကိစ္စမှာလည်း ကိုး ကိုကိုနဲ့မဝေးရဖို့ သူတို့က ကိုးအတွက် အစွမ်းကုန်ကြိုးစားပေးမယ်ဆိုတာ ကိုး ယုံသည်။
#######
ကုမ္ပဏီကပါလာတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့ သူ့အတွေးတွေက သူမဆီသို့ရောက်သွားလေသည်။
"ချာတိတ်ရော သက်သာရဲ့လားမသိဘူး... ဟူး... ဖုန်းနံပါတ်တောင်းဖို့အတွက် အားနာနေခဲ့မိတာ နောင်တရလိုက်တာ..."
"တူတော်..."
အသံနဲ့အတူ အနားကိုရောက်လာတဲ့ ဒွေးတော်ကို သူ မော့ကြည့်လိုက်ကာ
"ဒွေးတော် မအိပ်သေးဘူးလား..."
"စက်လို့မပျော်ပါဘူးကွယ်..."
အိပ်လို့မပျော်ဘူးလို့ပြောနေတဲ့ဒွေးတော်ကို ကြည့်ပြီး ဘုန်းရိပ် နားမလည်ဖြစ်သွားမိလေသည်။
"ဘာဖြစ်လို့များလဲ ဒွေးတော်ရဲ့..."
ဒွေးတော်က သက်ပြင်းတစ်ခုကို မသိမသာချလိုက်ပြီး ခေါင်းရမ်းလိုက်ကာ
"တူတော့်ကို ဒွေးတော် တစ်ခုမေးပါဦးမယ်..."
"ဟုတ်ကဲ့..."
"တူတော်နဲ့ထိမ်းမြားပေးမယ့် ကိုးအသင်္ချေဆိုတဲ့ မိန်းကလေးကို တူတော် သဘောကျရဲ့လား..."
မျှော်လင့်တကြီး မေးလိုက်ပေမယ့် ချက်ချင်းဆိုသလို မျက်နှာပျက်ယွင်းသွားတဲ့တူတော့်ကိုကြည့်ပြီး ဒေါ်နန်းခမ်းမာလာ သက်ပြင်းချလိုက်မိပြန်လေသည်။
"ဒွေးတော် သိပါတယ်... တူတော်က ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူ... အဲ့ဒီ့မိန်းကလေးကို သဘောမကျဘူးဆိုရင် ဘယ်တော့မှ..."
"ကျွန်တော်သဘောမကျပါဘူးလို့များ ပြောလိုက်မိလို့လား ဒွေးတော်ရယ်..."
"ဟင်..."
သူ့စကားကြောင့် ဒွေးတော်ကအ့ံသြသွားကာ ချက်ချင်းပဲ မျက်နှာမှာလည်း အပြံုးရောင် သမ်းသွားတော့သည်။
"တူတော် တကယ်ပြောတာပေါ့..."
"တကယ်တော့ စေ့စပ်ပွဲမလုပ်ခင်ကတည်းက ကျွန်တော်က သူမကိုစတွေ့ခဲ့ပြီး သဘောကျခဲ့တာ..."
"ဟင် ဘယ်လို တူတော်..."
ဒွေးတော်က မယုံကြည်နိုင်စွာ မေးလာသဖြင့် သူ ခေါင်းငြိမ့်ပြလိုက်လေသည်။
"ဟုတ်တယ်... ကျွန်တော်နဲ့ ထိမ်းမြားပေးမယ့်မိန်းကလေးဆိုတာ မသိခင်ကတည်းက ကျွန်တော် ကိုးအသင်္ချေကို ချစ်မိခဲ့တာ..."
"ဒါဆိုရင်တော့ တူတော့်အတွက် ဒွေးတော်စိတ်ပူစရာမလိုတော့ဘူးပေါ့ကွယ်..."
သူမမျက်နှာလေးကို မြင်ယောင်လိုက်ရင်းနဲ့ သူ သဘောကျစွာ ပြံုးလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။ စားပွဲပေါ်မှာတင်ထားတဲ့ လက်တော့ပ်ထဲက စာရင်းဇယားတွေတောင်မှ အလိုလိုနေရင်း သူမမျက်နှာဖြစ်သွားတော့သည်။ Enter တစ်ချက်ခေါက်ဖို့အတွက် သူ တွန့်ဆုတ်သွားမိပြီး သူမမျက်နှာကို ငေးကြည့်နေမိပြန်၏။
"တူတော့်သဘောထားကြောင့်သာ ဒီစေ့စပ်ပွဲက ဒီလောက်နဲ့ပြီးသွားခဲ့တာ... မဟုတ်ရင် ခမ်းခမ်းနားလုပ်ပစ်မှာ... နောက်ပြီး မိန်းကလေးကလည်း သိပ်ပြီးနေမကောင်းတာကြောင့် လူကြီးတွေအချင်းချင်းလည်း နားလည်မှုယူပြီး လက်ခံခဲ့ကြတာ... ဒါနဲ့ မိန်းကလေးရော သက်သာသွားပြီလား တူတော်..."
ဟုတ်တယ် တစ်ကြိမ်တစ်သာတွေ့ဖူးခဲ့တဲ့ သူမအပြံုးတွေက နေရောင်အောက်မှာပွင့်လန်းနေတဲ့ နေကြာပန်းလေးကဲ့သို့ပင်။ ချာတိတ်ရယ်... ကိုယ့်ရင်ခုန်သံတွေထိန်းချုပ်လို့မရလောက်အောင် မင်းကို ချစ်သွားမိပြီကွာ။
"တူတော်... တူတော်..."
"ဟင်... ဗျာ ဒွေးတော် ဘာပြောလိုက်တာလဲ..."
"သြော်... ဘာတွေများ အတွေးလွန်နေတာလဲ တူတော်ရယ်... အဲ့ဒီ့မိန်းကလေးသက်သာရဲ့လားလို့ ဒွေးတော်မေးနေတာလေကွယ်..."
"ဟုတ်လား... ဟုတ် ချာတိတ်သက်သာနေပါပြီ..."
သူ့ရဲ့အခေါ်အဝေါ်ကြောင့် ဒွေးတော် မျက်လုံးပြူးသွားကာ
"ချာတိတ် ဟုတ်လား တူတော်... အဲ့ဒါ ဘာအခေါ်လဲ..."
မသိနားမလည်သလို ကြားလည်းမကြားဖူးခဲ့တဲ့ ဒေါ်နန်းခမ်းမာလာ မျက်မှောင်ကုတ်သွားမိ၏။
"ချာတိတ်ဆိုတာ ကျွန်တော့်ထက်ငယ်လို့ပါ ဒွေးတော်... အပြင်ကလူတွေကတော့ အဲ့လိုခေါ်လေ့ရှိကြတယ်..."
"ဒါပေမယ့် တူတော်က အဲ့လို မခေါ်ရဘူးလေ..."
အခေါ်အဝေါ်တွေကအစ ဂရုတစိုက် လိုက်နာတတ်တဲ့ ဒွေးတော်ကြောင့် သူ စိတ်ညစ်သွားမိလေသည်။ ချာတိတ်သည်လည်း သူ့လိုပဲ ဒီစံအိမ်တော်က အခေါ်အဝေါ်တွေနဲ့ အပြုအမူတွေကို ကြိုက်မှာမဟုတ်ဘူး။ အဲ့လိုသာဆို ဘယ်လိုလုပ်မလဲ။
"နောင်တစ်ချိန်မှာ အဲ့ဒီ့မိန်းကလေးက တူတော့်ရဲ့ မဟာဒေဝီဖြစ်လာမယ့်သူ..."
"အဲ့လိုအခေါ်အဝေါ် အသုံးအနှုန်းတွေကို ချာတိတ်က ကြိုက်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် ဒွေးတော်..."
"ဟင်..."
သူ့စကားကြောင့် ဒွေးတော်ကအ့ံသြသွားကာ သူ့မျက်နှာကို သေချာစွာငေးကြည့်နေ၏။
"ဟုတ်တယ် ဒွေးတော်... အဲ့ဒါကြောင့် ကျွန်တော်ကိုယ်တိုင်ကလည်း ကိုးကိုချစ်တဲ့အတွက် ကိုးကိုပျော်အောင်ထားပေးမှာ..."
ဒွေးတော်က ဘာမှမပြောဘဲ သူပြောတာတွေကိုသာ နားထောင်နေလေသည်။
"ကိုးကို နည်းနည်းလေးတောင်မှ မျက်နှာအပျက်ခံမှာမဟုတ်ဘူး ဒွေးတော်... ဘာလို့လဲဆိုတော့ ကျွန်တော် ကိုးကို အရမ်းချစ်လို့ပဲ..."
ဒေါ်နန်းခမ်းမာလာ တူတော်ကိုသေချာကြည့်နေရင်းနဲ့ ကြည်နူးအ့ံသြနေမိလေသည်။ ဘယ်တုန်းကမှ မတွေးမိဘူးတဲ့ အကြောင်းတရားတွေက ဖြစ်ပျက်လာခဲ့ပြီဖြစ်သည်။ ဒီဘဝမှာ တူတော်နှစ်သက်ရမယ့်မိန်းကလေး ရှိမှာမဟုတ်ဘူးလို့ထင်ခဲ့တာ သူမတစ်ယောက်ထဲမဟုတ်ဘဲ တခြားအကိုတော် အစ်မတော်တွေရော အပါအဝင်ဖြစ်သည်။ တချို့အိမ်တော်တွေက ထိမ်းမြားဖို့ကမ်းလှမ်းလာခဲ့လည်း ခမည်းတော် မယ်တော်တို့က လက်မခံဘဲ စကားပရိယာယ်သုံးကာ ငြင်းပယ်ခဲ့ကြတာဖြစ်သည်။ တူတော်ကိုယ်တိုင်ကလည်း ခါးခါးသီးသီးငြင်းဆန်ခဲ့တာလည်းပါခဲ့သည်။ အ့ံသြစရာကောင်းလောက်အောင်ကို တူတော်က မေတ္တာရှိရမယ့်လူရှိလာခဲ့ပြီပဲဖြစ်သည်။
"ဒွေးတော်တို့လည်း ကျွန်တော့်ကို အဲ့လိုပဲဖြစ်စေချင်ခဲ့တာမို့လား..."
သူမ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်တော့ တူတော့်ရဲ့မျက်နှာကလည်း ကျေနပ်စွာ ပြံုးသွားလေသည်။
"တူတော် စိတ်ကျေနပ်တယ်ဆိုရင်ပဲ ဒွေးတော်တို့က ကျေနပ်နေတာပါ တူတော်ရယ်..."
"ဒါနဲ့ ဖိုးဖိုးရဲ့ကျန်းမာရေးရော ကောင်းမွန်ရဲ့လား ဒွေးတော်..."
"အင်း... ပုံမှန်ပြန်ဖြစ်သွားပါပြီ... ဒါပေမယ့် သမားတော်တွေကိုတော့ အချိန်ပြည့်အနီးကပ်စောင့်ကြည့်ထားဖို့ စေခိုင်းထားတယ် တူတော်..."
"ကောင်းတယ် ဒွေးတော်... ဖိုးဖိုးနဲ့ဖွားဖွားတို့သာ စံနန်းတော်ကို အလည်လာရင် သိပ်ကောင်းမှာပဲ..."
"အင်း... တူတော်က ဟော်နန်းကိုမသွားချင်တော့လည်း အခက်သားပဲ တူတော်ရယ်..."
အနည်းငယ်ပျက်ယွင်းသွားတဲ့ ဒွေးတော်ရဲ့မျက်နှာက ဒွေးတော်ဝတ်ထားတဲ့ ကျောက်စိမ်းရောင် ချည်ဝမ်းဆက်နဲ့ဆန့်ကျင်စွာ ညှိုးနွမ်းနေလေသည်။
"ဟုတ်တယ် ဒွေးတော်... ဒီစံအိမ်တော်မှာနေရတာတောင် ကျွန်တော့်အတွက် မလွတ်လပ်ဘူးလို့ထင်ခဲ့တာ ဟော်နန်းမှာသာဆိုရင်တော့ ကျွန်တော် ခဏတောင်နေနိုင်မှာမဟုတ်ဘူး..."
"ဟုတ်ပါပြီတူတော်ရယ်... ဒါနဲ့ မိန်းကလေးကိုးအသင်္ချေအတွက် ဟော်နန်းကနေ တိုင်းရင်းဆေးတွေ ရောက်လာတယ်... အဲ့ဒါ တူတော် မနက်ခင်းသွားပို့မလား... ဒါမှမဟုတ် ဒွေးတော်ပဲ သွားပို့လိုက်ရမလား..."
"ဟင်... ကျွန်တော်သွားပို့လိုက်ပါ့မယ် ဒွေးတော်ကလည်း..."
"တူတော် သွားချင်လို့လားကွယ်... ရပါတယ် တူတော်မသွားချင်လည်း..."
"ဟာ ဒွေးတော်ကလည်း ကျွန်တော်သွားချင်လို့ပါဆို..."
ကလေးတစ်ယောက်လိုပြောလာတဲ့ တူတော်ဖြစ်သူ ဘုန်းရိပ်ကိုကြည့်ပြီး ဒေါ်နန်းခမ်းမာလာ ပြံုးပြီး မျက်စောင်းထိုးလိုက်လေသည်။
"တူတော်နော် ဒွေးတော်ရှေ့မှာတောင် အိနြေမဆည်နိုင်အောင်ဖြစ်နေတယ်..."
"ကျွန်တော် ကိုးကို သိပ်မြတ်နိုးတယ် ဒွေးတော်ရယ်..."
"ဟုတ်ပါပြီကွယ်... ဒါဆိုလည်း မနက်ခင်း တူတော်ပဲသွားလိုက်ပါ... မိန်းကလေးရဲ့မိသားစုအတွက် ဒွေးတော် မြန်မာမုန့်နည်းနည်းပါးပါးလည်း လုပ်ပေးလိုက်ဦးမယ်..."
"တကယ်လား ဒွေးတော်..."
"တကယ်ပေါ့... နောက်ဆို ခမည်းခမက်တော်ရမယ့်လူတွေဆိုတော့ အခုချိန်ကတည်းက ဂရုစိုက်ထားရမယ်လေ..."
အရေးကြီးပေ့ဆိုတဲ့ ဧည့်သည်တွေလာခဲ့ရင်တောင် တစ်ခါမှ ဒွေးတော်ကိုယ်တိုင် လုပ်ပေးခဲ့တာမရှိခဲ့။ အခုတော့ ချာတိတ်တို့မိသားစုအပေါ်မှာ ဒွေးတော်က မေတ္တာရှိစွာ မုန့်တွေလုပ်ပေးမယ်ဆိုတော့ သူ အ့ံသြနေမိတာဖြစ်သည်။
"ကဲ တူတော်... အလုပ်ကိစ္စတွေပြီးရင်လည်း စက်တော့နော်... ဒွေးတော်လည်း ဘုရားဝတ်ပြုပြီးရင် စက်တော့မယ်..."
"ဟုတ်ကဲ့ ဒွေးတော်..."
သူ့ရှေ့ကနေထွက်သွားတဲ့ ဒွေးတော်ကိုကြည့်ကာ သူ တစ်ခုခုကိုတွေးမိပြီး ပြံုးလိုက်လေသည်။ ဒွေးတော်ပြောသလိုပဲ ကျွန်တော်လည်း စက်လို့ပျော်မှာမဟုတ်တော့ဘူးဒွေးတော်ရယ်။ ဘာလို့လဲဆိုတော့ အိမ်မက်အထိတောင် ချာတိတ်က လိုက်လာမယ်ဆိုတာ သေချာလို့ပဲ။ အခုရက်ပိုင်း ချာတိတ်က သူ့ရဲ့ အိမ်မက်တိုင်းမှာ စိုးမိုးနေသူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ရှေ့လျှောက် သူ့အိမ်မက်တွေ... သူ့ရဲ့အနာဂတ်အထိတောင်မှ ချာတိတ်က အစဉ်အမြဲစိုးမိုးသွယးမယ်ဆိုတာ သူယုံတယ်။ ဘာလို့လဲဆိုတော့ တစ်ခါမှမချစ်ဖူးခဲ့တဲ့ သူ့နှလုံးသားက ချာတိတ်ကိုချစ်မိသွားခဲ့လို့ပဲဖြစ်သည်။ ချာတိတ်ကိုစချစ်မိခဲ့တဲ့အချိန်ကတည်းက သူ့နှလုံးသားကိုသူမပိုင်တော့ပဲ ချာတိတ်တစ်ယောက်ထဲပဲ ပိုင်တော့တယ်ဆိုတာ သူ ချာတိတ်ကိုသိစေချင်သည်... ချာတိတ်သိအောင်လည်း သူ့နှလုံးသားလေးကို ဖွင့်ပြောပစ်ချင်ပြီ... တစ်နေ့တော့ ချာတိတ်သိလာရမယ်ဆိုတာ သူယုံပါတယ်... အဲ့လိုဖြစ်အောင်လည်း သူကြိုးစားသွားမှာဖြစ်သည်။ အဲ့ဒါကတော့ ချာတိတ်အပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာပါပဲ... မြတ်နိုးတန်ဖိုးထားတယ် ချာတိတ်ရယ်...
#######
ဆက်ရန် - အခန်း(Kya
Eain Mat Kya

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now