အခန်း(၉)

95 2 0
                                    

အချစ်ဦးမဟုတ်ပါသို့သော်… ### အခန်း(၉)

"ကုမ္ပဏီကပစ္စည်းတွေကို လူသိများအောင်လို့ သရုပ်ဆောင်တစ်ယောက်ယောက်နဲ့ ကြော်ငြာဖို့ စဉ်းစားထားပါတယ် သခင်လေး..."
သူ ခေါင်းကိုတစ်ချက်ငြိမ့်ပြလိုက်ပြီးမှ စားပွဲပေါ်ကဖိုင်ကိုယူပြီး ဖွင့်ကြည့်လိုက်လေသည်။
"ကုမ္ပဏီကပစ္စည်းတွေရဲ့အရည်အသွေးက တော်တော်များများလည်း သိပြီးသားပဲလို့ ငါထင်တယ် ကိုသက်..."
"ဟုတ်ပါတယ် သခင်လေး..."
"အဲ့ဒါဆိုရင်..."
ဆက်ပြောဖို့အတွက် စဉ်းစားလိုက်ရင်းနဲ့ သူ ဖိုင်ထဲက ပရိဘောဂပစ္စည်းတွေကို တစ်ခုချင်းစီ လိုက်ကြည့်နေမိလေသည်။
"သခင်လေး ဘယ်လိုလုပ်ဖို့ စိတ်ကူးရှိလို့လဲ သခင်လေး..."
"နာမည်ကြီးသရုပ်ဆောင်နဲ့တော့ မကြော်ငြာချင်ဘူး... တက်သစ်စ မော်ဒယ်တစ်ယောက်လောက်ဆို အဆင်ပြေမယ်ထင်တယ် ကိုသက်..."
"ဟုတ်ကဲ့ ကောင်းပါတယ် သခင်လေး..."
ဘုန်းရိပ် လက်ထဲကဖိုင်ကိုပိတ်လိုက်ကာ စားပွဲပေါ်သို့ တင်လိုက်လေသည်။
"အင်း... အဲ့ဒါဆို မင်း စုံစမ်းထားလိုက်ပါ..."
"ဟုတ်ကဲ့ပါ သခင်လေး..."
သူ မတ်တပ်ရပ်လိုက်ကာ သူ့ရှေ့မှာထိုင်နေတဲ့ ကိုသက်ကိုကြည့်လိုက်ပြီး
"အခု ဘာလုပ်စရာရှိသေးလဲ..."
"အရေးကြီးတဲ့ကိစ္စတော့မရှိပါဘူး သခင်လေး..."
"အင်း... အဲ့ဒါဆို မင်း သွားတော့လေ..."
"ဟုတ်ကဲ့ပါ သခင်လေး..."
ကိုသက် ရုံးခန်းထဲကထွက်သွားတော့မှ သူ ဖုန်းကိုဖွင့်လိုက်ကာ ဖုန်းကွန်တက်ထဲကနေ ကြင်ယာတော်ဆိုတဲ့နာမည်ကို ရှာလိုက်လေသည်။ ဖုန်းနံပါတ်ကို တစိမ့်စိမ့်ကြည့်ရင်း ပြံုးလိုက်ကာ
"လွမ်းလိုက်တာ ချာတိတ်ရယ်..."
သူမဆီက ဖုန်းနံပါတ်တောင်းထားခဲ့ပေမယ့် သူ တစ်ခါမှတော့ မခေါ်ဖူးခဲ့ပါ။
"ဟင်... ဒါဆို ကိုးက အဲ့ဒီ့လူကိုလက်ထပ်မှာလား ကိုး..."
ကိုး ကိုကို့အမေးကို ခေါင်းလည်းမငြိမ့်မိသလို ခေါင်းလည်းမခါမိခဲ့။
"အခုလောလောဆယ် ကိုးမှာ အဖြေမရှိသေးဘူး ကိုကို..."
"ကိုး..."
ခညောင်း ကိုးရဲ့လက်ကိုဆုပ်ကိုင်လိုက်တော့ ကိုးရဲ့အကြည့်တွေက သူ့ဆီသို့ ရောက်လာကာ
"ဒါပေမယ့် ကိုး ကိုကို့ကိုပဲချစ်တယ် အဲ့ဒါတော့ ကိုးကိုယုံပေးပါ ကိုကို..."
"ကိုယ် ကိုးကိုယုံတယ် ကိုး... ဒါပေမယ့် ကိုးရဲ့မိဘတွေကိုတော့ ကိုယ် မယုံကြည်နိုင်ဘူး..."
"တကယ်တော့ ကိုးမှားခဲ့တာတွေပါ... မေမေမေးတော့ ကိုးမှာချစ်ရသူမရှိခဲ့သေးတဲ့အချိန်ဖြစ်နေခဲ့တယ်... အဲ့ဒါကြောင့် ကိုး အဲ့ဒီ့လူကို ငြင်းလို့မရခဲ့တာ..."
"ဟင့်အင်း ကိုးရဲ့အပြစ်မဟုတ်ပါဘူး ကိုးရယ်... ကိုယ်သာ စတွေ့ကတည်းက ကိုးကိုဖွင့်ပြောခဲ့မယ်ဆိုရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး... ဒါတွေအားလုံးက ကိုယ့်အမှားပါ..."
ကိုကို့စကားတွေကြောင့် ကိုး နာကျင်သွားမိလေသည်။
"ဒါပေမယ့် ကိုး ကိုယ့်ကိုချစ်တယ်မို့လား ကိုး..."
"ဟုတ် ကိုး ကိုကို့ကိုချစ်တယ်..."
"ဟုတ်ပါပြီ ဒါဆိုဘာမှမပူပါနဲ့... ကိုယ်တို့အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ကိုယ်တို့တွေ ဝေးမှာမဟုတ်ပါဘူး..."
ကိုး ခေါင်းငြိမ့်ပြလိုက်ပြီး ကိုကို့ရဲ့ပခုံးကို အသာမှီလိုက်လေသည်။ ကိုကိုရယ်... ကိုးမှာ ငြင်းလို့မရတဲ့အကြောင်းတွေရှိနေတယ်ဆိုတာ ကိုကိုမသိပါဘူး။ ကိုကို့ကိုချစ်တဲ့အချစ်တစ်ခုထဲနဲ့ ကိုး အားလုံးကိုဆန့်ကျင်ဖို့ဆိုတာ ကိုးအတွက် ခက်ခဲတဲ့အလုပ်ပဲ ကိုကို။
"ကိုး စိတ်ညစ်နေတာလား..."
"အမှန်အတိုင်းပြောရရင် ကိုး စိတ်ရှုပ်နေတယ် ကိုကို..."
သူ့ပခုံးပေါ်မှာ မှီထားတဲ့ ကိုးရဲ့ခေါင်းလေးကို အသာပွတ်သပ်လိုက်ကာ
"ကိုယ်တစ်ယောက်လုံးရှိနေတာပဲ ကိုးရယ်... စိတ်မပူနဲ့နော် ကိုယ်တို့တွေ အခက်အခဲတွေကို အတူတူကျော်ဖြတ်ကြတာပေါ့..."
"ဟုတ်..."
ကိုး သူ့ကိုချစ်တယ်ဆိုတာ သူယုံတယ်။ ဒါပေမယ့် ကံကြမ္မာဆိုတဲ့ အရာကြီးကိုတော့ သူ မယုံပေ။ အဲ့ဒီ့လူက ဘယ်သူလဲဆိုတာတော့ သူ စုံစမ်းဖို့လိုလာပြီဖြစ်သည်။ ကိုးက အဲ့ဒီ့လူကို မချစ်ပဲနဲ့ လက်ထပ်ရမှာ။ ဒါကလည်း ရှေးရိုးစွဲတဲ့ လူကြီးတွေရဲ့ကတိစကားတွေကြောင့်ပဲ။ ဒီလို နှစ်ဆယ့်တစ်ရာစုကြီးမှာ အဲ့ဒီလိုရှေးရိုးစွဲတွေက ရှိသေးတာပဲလား... ဟူး... ရင်မောလိုက်တာ ကိုးရယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ် ကိုးကို အဆုံးရှုံးခံမှာမဟုတ်ဘူး ကိုး...။
#######
ကိုကို ကိုးကိုချစ်တယ်ဆိုတာကိုလည်း ကိုးသိသည်။ နောက်ပြီး ကိုကို့အချစ်တွေဟာလည်း ကိုးအပေါ်မှာ ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်... အဲ့ဒါကိုလည်း ကိုး သိတယ်။ ဒါပေမယ့် ကိုကိုရယ်... ကိုကိုပြောသလိုပဲ ကိုးလည်း ကံကြမ္မာဆိုတဲ့အရာကြီးကို မယုံဘူး။
"ကလေး..."
ကိုး ခုတင်ပေါ်မှာထိုင်ပြီး တစ်ယောက်ထဲတွေးနေမိလေသည်။
အသံနဲ့အတူ အခန်းထဲဝင်လာတဲ့ မမကိုကြည့်ပြီး ကိုး ပြံုးပြလိုက်ကာ
"မမ..."
မဏိ အခန်းထဲကိုဝင်လိုက်ပြီး ခုတင်ပေါ်က ကိုးရဲ့ဘေးမှာ ဝင်ထိုင်လိုက်ကာ
"ဘာဖြစ်လို့လဲ ကိုး..."
"ကိုးနဲ့ဦးစဝ်ဘုန်းရိပ်ခေါင်အကြောင်းကို ကိုကိုသိသွားပြီ မမ..."
"ဟင်..."
ကိုးရဲ့စကားကြောင့် မဏိ မျက်မှောင်ကုတ်ကာ အ့ံသြသွားမိလေသည်။
"ဟုတ်တယ် မမ... ကိုး ဘယ်လိုလုပ်ရမှန်းမသိဘူး..."
"ခညောင်းရှင်က ကလေးကို ဘာပြောလဲ..."
"ကိုကိုက ကိုးကိုနားလည်ပေးပါတယ်... ကိုး အဲ့ဒီ့လူကိုမချစ်ဘူးဆိုတာကိုလည်း ကိုကိုသိတယ်... နောက်ပြီး ကိုကိုကပြောသေးတယ် ကိုးတို့အချစ်တွေသာ စစ်မှန်ခဲ့ရင် မဝေးဘူးတဲ့..."
"သူနားလည်တယ်မို့လား... အဓိကကတော့ သူနဲ့ကလေးတို့ကြားမှာ နားလည်မှုရှိဖို့က အဓိကပါပဲ..."
"ဒါပေမယ့် ဒီလက်ထပ်ပွဲက ငြင်းလို့ရမယ်လို့ ကိုးမထင်ဘူး မမ... အဲ့ဒါကြောင့် ကိုး ဘယ်လိုလုပ်ရမှန်းမသိဘူး..."
"ကလေးရယ် စိတ်မပူပါနဲ့... သူပြောသလိုပဲ ကလေးတို့အချစ်တွေသာစစ်မှန်ရင် မဝေးရပါဘူးကွယ်..."
"တီ... တီ... တီ..."
ဖုန်းသံကြောင့် ကိုး ရင်တွေခုန်သွားကာ ဖုန်းကိုအမြန်ယူကာကြည့်လိုက်လေသည်။
"ဘယ်သူလဲ ကလေး... ခညောင်းရှင်လား..."
ကိုး မမကို ခေါင်းရမ်းပြလိုက်ကာ
"မဟုတ်ဘူး မမ... ဖုန်းနံပါတ်ကအစိမ်းပဲ..."
"ကိုင်လိုက်လေကွယ်..."
"ဟုတ်ကဲ့ မမ..."
ကိုး ဖုန်းကို နားအနားကပ်လိုက်ကာ
"ဟယ်လို..."
"ချာတိတ်..."
"ဟင်..."
"ချာတိတ်အ့ံသြသွားတာလား..."
"ကလေး ဘယ်သူလဲ..."
ကိုး ဖုန်းကိုလက်နဲ့အသာပိတ်လိုက်ကာ မမကိုကြည့်လိုက်ပြီး
"ဦးစဝ်ဘုန်းရိပ်ခေါင်..."
"ဟယ်လို ချာတိတ်..."
"ရှင်... ဟုတ်ကဲ့ ကိုး နားထောင်နေပါတယ် ဦး..."
"ကိုး အခု ဘာတွေလုပ်နေတာလဲ..."
"ကိုး စာကျက်နေတာပါ..."
"ဟုတ်လား... ကိုယ် ကိုးနဲ့ ထပ်ပြီးတွေ့ချင်တယ် ကိုး... စကားတွေအေးအေးဆေးဆေးပြောချင်တယ်... ကိုယ့်အကြောင်းကိုလည်း ကိုးသိအောင် ပြောပြချင်တယ်..."
"ကိုး..."
ကိုး မမကို အားကိုးတကြီးကြည့်လိုက်ကာ ဘာပြန်ပြောလိုက်ရမှန်းမသိ ဖြစ်သွားလေသည်။
"ဘာဖြစ်လို့လဲ ချာတိတ်..."
"ကိုး အခုရက်ပိုင်းက အချိန်မအားသေးဘူး ဦး..."
"ဟုတ်လား..."
"ဟုတ်ကဲ့..."
"အင်းပါ... အဲ့ဒါဆိုရင် ချာတိတ်အားတဲ့နေ့ ကိုယ့်အတွက် အချိန်ပေးနိုင်မလား..."
"ကိုး..."
ရင်ခုန်တာမဟုတ်ပါဘဲနဲ့ စကားပြောဖို့အတွက် ကိုး တွန့်ဆုတ်နေမိလေသည်။ ကိုယ့်ထက်အသက်ကြီးတဲ့သူမို့လို့ပဲ ကိုး မရဲတာလားတော့မပြောတတ်။ နောက်ပြီး သူ့ရဲ့မျိုးနွယ်... ဟင့်အင်း မဆိုင်ပါဘူး... အဲ့ဒါတွေကြောင့်တော့ မဖြစ်နိုင်ဘူး။
"ရမလား ချာတိတ်..."
"ဟုတ်ကဲ့ပါ ဦး... ကိုး အားတဲ့နေ့ ဦးကို ဖုန်းဆက်လိုက်ပါ့မယ်..."
"တကယ်နော် ချာတိတ်..."
"ဟုတ်ကဲ့..."
"ပျော်လိုက်တာ ချာတိတ်ရာ... ကိုယ် ချာတိတ်ကို အရမ်းကျေးဇူးတင်ပါတယ်..."
"ဟုတ်..."
"ချာတိတ် စာကျက်နေတာဆိုတော့ ဖုန်းချလိုက်တော့လေ ချာတိတ်... တကယ်တော့ ကိုယ်က ချာတိတ်နဲ့ အကြာကြီးပြောချင်တာ ချာတိတ်စာလုပ်နေတာ အနှောင့်အယှက်ဖြစ်မှာလည်း စိုးတယ်..."
"ဟုတ်ကဲ့ ကိုး စာလုပ်နေတာပါ..."
"အင်းပါ... အဲ့ဒါဆို ဖုန်းချလိုက်တော့လေ ကြင်ယာတော်..."
"ရှင်... သြော် ဟုတ်ကဲ့ ဦး..."
ကိုး ဖုန်းချလိုက်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက်လေသည်။ ကြင်ယာတော်ဆိုတဲ့ အခေါ်အဝေါ်ကို တစ်ခါကြားမိတိုင်း ကိုးရင်ထဲမှာ လှိုက်ဖိုမောသွားမိလေသည်။
"ကလေး ဘာတဲ့လဲ..."
"ဦးက ကိုးနဲ့တွေ့ချင်နေတာ မမ..."
"ကလေးရဲ့ဖုန်း မမကို ခဏပေး..."
ကိုး ခေါင်းငြိမ့်ပြလိုက်ပြီး မမကို ဖုန်းပေးလိုက်တော့ မမက ကိုးရဲ့ဖုန်းထဲက ဦးရဲ့ဖုန်းနံပါတ်ကိုယူကာ မှတ်နေလေသည်။
"ကလေး သူ့ကိုမချစ်ဘူးမို့လား..."
ကိုး မမကို ဘာမှပြန်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်တော့ မမက ကိုးရဲ့ဖုန်းကိုပြန်ပေးကာ ကိုးရဲ့မျက်နှာကို သေချာကြည့်လိုက်ပြီး
"ဒါပေမယ့် ကလေးအနေနဲ့လည်း ငြင်းရခက်နေတယ်... အဲ့ဒီ့တော့ ဒီမင်္ဂလာပွဲပျက်အောင်လုပ်ဖို့ မမတို့ဘက်ကမလွယ်ကူနိုင်ဘူး ကလေး..."
မမပြောတာမှန်သည်။ ကိုးလည်း ငြင်းဝ့ံမှာမဟုတ်သလို မေမေတို့ဘက်ကလည်း လက်လျှော့မှာမဟုတ်။
"အဲ့ဒါဆိုရင် ဘယ်လိုလုပ်မလဲ မမ..."
"ဦးစဝ်ဘုန်းရိပ်ခေါင် ကတော့ ဒီမင်္ဂလာပွဲကို ငြင်းဝ့ံမှာပါ..."
ကိုးရဲ့ခေါင်းထဲမှာ ဦးပြောခဲ့တဲ့စကားတစ်ချို့ကို ကြားယောင်လိုက်ကာ ခေါင်းရမ်းလိုက်လေသည်။
"သူ့ဘက်ကလည်း ငြင်းမှာမဟုတ်ဘူး မမ..."
မဏိ မျက်မှောင်ကုတ်သွားကာ
"ဘာလို့လဲ ကိုး..."
"ကိုးနဲ့သူ မဆုံခင်ကတည်းက သူက ကိုးကိုချစ်နေခဲ့တာတဲ့..."
"ဘာ..."
"ဟုတ်တယ် မမ..."
"မဖြစ်နိုင်တာ ကိုးရယ်... ကိုးနဲ့ သူနဲ့က ဘယ်တုန်းကဆုံဖူးလို့လဲ... ကိုး သိလို့လား..."
"ဟင့်အင်း ကိုး မသိပါဘူး..."
"အဲ့ဒါဆို ဘာလို့ ကိုးက ယုံနေတာလား..."
"မမ ကိုးကို လက်ဆောင်ပေးထားတဲ့ လိပ်ပြာရင်ထိုးလေးသာ သူ့လက်ထဲမှာမရှိခဲ့ရင် ပိုး ယုံမှာမဟုတ်ဘူး မမ..."
"ဟင်... သူ့လက်ထဲမှာ ကိုးရဲ့ရင်ထိုးရှိနေတာလား..."
ကိုး မမကို ခေါင်းငြိမ့်ပြလိုက်တော့ မမရဲ့အကြည့်တွေက ထူးဆန်းအ့ံသြနေသကဲ့သို့ ကိုးကို ပြန်ကြည့်နေလေသည်။
"ဘာပဲဖြစ်ဖြစ် ကလေးရာ... ကလေး သူ့ကို မချစ်ဘူးဆိုရင် လက်မထပ်ရအောင် မမ လုပ်ပေးမယ်... သူတို့လို ရှေးရိုးစွဲအသိုင်းအဝိုင်းထဲ ကလေးကို မမ ထည့်မပေးလိုက်နိုင်ပါဘူး..."
မမက ကိုးဘက်ကနေ မခံမရပ်နိုင်အောင်ပြောနေလေသည်။
"သူနဲ့ပတ်သက်ပြီး ဘယ်လိုကိစ္စပဲရှိရှိ ကလေး မမကိုပြောပြနော် ကလေး..."
"ဟုတ်ကဲ့ မမ..."
"အင်း... အဲ့ဒါဆိုလည်း ကလေး စာလုပ်တော့နော်... အဲ့ဒီ့ကိစ္စကို ခေါင်းထဲကထုတ်ထားပြီး လွတ်လွတ်လပ်လပ်ပဲနေပါ..."
"ဟုတ်ကဲ့ပါ မမ... ကိုးအပေါ် အခုလို ဂရုစိုက်ပေးလို့ ကိုး မမကို ကျေးဇူးတင်ပါတယ်..."
မမက ကိုးရဲ့လက်တွေကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်ပြီး
"မမက ကလေးကိုမချစ်ဘူးလို့ ကလေးထင်နေခဲ့တာလား... ကလေးက မမရဲ့တစ်ဦးတည်းသော ချစ်ညီမလေးပါ ကလေးရယ်... မမက ကလေးကိုချစ်တာပေါ့..."
ကိုး ကြည်နူးစွာ ပြံုးလိုက်မိလေသည်။ ဟုတ်တယ် မမက ကိုးကိုချစ်တယ်ဆိုတာ ကိုးသိတယ်။ မမက အပေါ်ယံသာမာကျောတာ အတွင်းစိတ်က အရမ်းနူးည့ံတဲ့သူတစ်ယောက်။
"ဟုတ်ကဲ့ မမ..."
"အင်း အဲ့ဒါဆို မမ သွားတော့မယ်နော်..."
"ဟုတ်..."
မမ အခန်းထဲကထွက်သွားတာကို ငေးကြည့်ရင်းနဲ့ ကိုး ကျန်ခဲ့လေတော့သည်။ ကိုကို... ကိုး ကိုကို့ကိုပဲချစ်တာပါ... ကိုး ဦးကိုမချစ်ဘူး...။
#######
"ခညောင်း ဧည့်သည်လာနေတယ်..."
"ဧည့်သည် ဟုတ်လား..."
သူ မျက်မှောင်ကုတ်ကာ မေးလိုက်တော့ ခြံစောင့်ဦးလေးကြီးက ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်တယ်... ဦးလေး အထဲကိုခေါ်ခဲ့လိုက်မယ်နော် ခညောင်း..."
"ဟုတ်ကဲ့..."
"ဘယ်ကဧည့်သည်လဲ ဦးမောင်လှ..."
မီးဖိုထဲကနေထွက်လာတဲ့မေမေက ဦးလေးဦးမောင်လှကိုကြည့်ကာ မေးလိုက်တော့ ဦးမောင်လှအကြည့်တွေက မေမေ့ဆီသို့ရောက်သွားကာ
"နန်းမဟာမြိုင် မြန်မာ့လက်မှုပရိဘောဂကုမ္ပဏီကလို့ ပြောပါတယ် မမကြီး..."
"ဟင်..."
မေမေ့မျက်လုံးတွေမှာ အရောင်တွေတောက်သွားတယ်လို့ ခညောင်းထင်လိုက်လေသည်။
"အထဲကိုခေါ်လိုက်ပါ..."
"ဟုတ်ကဲ့..."
"သား မေမေ ဧည့်သည်စားဖို့ တစ်ခုခုသွားစီစဉ်လိုက်ဦးမယ်နော်..."
"ဟုတ်ကဲ့ မေမေ..."
မေမေလည်း မီးဖိုထဲဝင်သွားရော ဧည့်သည်က အိမ်ထဲကို ဝင်လာလေသည်။ ခညောင်း မတ်တပ်ရပ်လိုက်ကာ
"ထိုင်ပါ ခင်ဗျ..."
"ကျေးဇူးတင်ပါတယ် ညီလေး..."
သူ့ထက် အနည်းငယ်သာ အသက်ကြီးမယ်ထင်ရတဲ့ လူက သူ့ရှေ့တည့်တည့်ကခုံမှာဝင်ထိုင်လိုက်ပြီး လက်ထဲကဖိုင်ကို စားပွဲပေါ်တင်လိုက်လေသည်။
"အကိုက နန်းမဟာမြိုင် မြန်မာ့လက်မှုပရိဘောဂကုမ္ပဏီက မန်နေဂျာ သက်ဦးမောင် လို့ခေါ်ပါတယ်..."
"ဟုတ်ကဲ့ ကျွန်တော်နဲ့တွေ့ချင်တာ ဘာအတွက်များပါလဲ..."
"ဒီလိုပါ ခညောင်းရှင်... အကိုတို့ကုမ္ပဏီရဲ့ ပရိဘောဂပစ္စည်းတွေကို ကြော်ငြာဖို့အတွက် သရုပ်ဆောင်တစ်ယောက်ကို အကူအညီတောင်းချင်လို့ပါ..."
"ဟုတ်ကဲ့..."
"ကုမ္ပဏီက MD က နာမည်ကြီးသရုပ်ဆောင်တွေကို မသုံးချင်တာနဲ့ အကိုလိုက်ရှာကြည့်လိုက်တာ... အကို့ညီတစ်ဝမ်းကွဲက ခညောင်းရှင်နဲ့တွေ့ဖို့ပြောတာနဲ့ အကိုကောက်လာတာပါ..."
"သြော်... ကျွန်တော့်ကို အကူအညီတောင်းဖို့ ရောက်လာတာပေါ့..."
"ဟုတ်ပါတယ် အကိုတို့ကုမ္ပဏီရဲ့ ပရိဘောဂပစ္စည်းတွေကို ကြော်ငြာပေးဖို့ ခညောင်းရှင်ကို ငှါးရမ်းချင်ပါတယ်... တကယ်လို့ MD သာ သဘောကျမယ်ဆိုရင် ခညောင်းရှင်ကို ပင်တိုင်မော်ဒယ်အဖြစ် စာချုပ်ချုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်..."
"ဟင်... အဲ့ဒါတကယ်ပဲလား..."
အသံနဲ့အတူ မေမေက အချိုရည်လင်ဗန်းလေးကိုကိုင်ကာ မီးဖိုထဲကနေ ထွက်လာလေသည်။ ထို့နောက် သူ့ဘေးမှာထိုင်လိုက်ပြီး အအေးဖလားကို ဓည့်သည်ရှေ့မှာချပေးလိုက်ကာ
"အန်တီ့သားကို တကယ်ပဲ ပင်တိုင်မော်ဒယ်ထားပေးမှာလား..."
"ကုမ္ပဏီရဲ့MDဖြစ်တဲ့ ဦးစဝ်ဘုန်းရိပ်ခေါင်သာ သဘောကျမယ်ဆိုရင်ခညောင်းရှင်ကို ပင်တိုင်မော်ဒယ်အဖြစ် စာချုပ်ချုပ်မှာပါ..."
"သား လက်ခံလိုက်ပါ သားရယ်... နန်းမဟာမြိုင် ကုမ္ပဏီဆိုတာ မေမေတို့မြန်မာနိုင်ငံမှာ နာမည်အရှိဆုံးကုမ္ပဏီတစ်ခုပဲ... သားသာ လက်ခံလိုက်မယ်ဆိုရင်  သား နာမည်ကြီးတစ်ယောက်ဖြစ်လာမှာ..."
မေမေက အားတက်သရော ပြောနေသဖြင့် သူ ခေါင်းငြိမ့်လိုက်ကာ မန်နေဂျာဆိုတဲ့လူကိုကြည့်လိုက်ပြီး
"ကျွန်တော် အခုချက်ချင်း အကြောင်းပြန်ရမှာလား... ဒါမှမဟုတ် စဉ်းစားဖို့အချိန်ပေးဦးမှာလား..."
"ကောင်းပါပြီ ခညောင်းရှင်... ဒီနေ့တစ်ရက် အချိန်ပေးပါ့မယ်... စဉ်းစားပြီးရင်တော့ အကို့ကိုအကြောင်းကြားပေးပါ... ဒါက အကို့ရဲ့လိပ်စာကတ်..."
ပြောလည်းပြော လိပ်စာကတ်ကိုလည်း သူ့ဆီကိုကမ်းလာသဖြင့် သူ ယူလိုက်လေသည်။
"ဟုတ်ကဲ့..."
"နောက်ပြီး ဒီဖိုင်ထဲက ပစ္စည်းတွေက ခညောင်းရှင် ကြော်ငြာပေးရမယ့်ပစ္စည်းတွေပါ..."
"သြော်... ဟုတ်ကဲ့..."
"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး..."
"ဟုတ်ကဲ့..."
ဧည့်သည်လည်းထွက်သွားရော မေမေက စားပွဲပေါ်က မန်နေဂျာထားခဲ့တဲ့ဖိုင်ကို ဆွဲယူလိုက်ကာ
"ဘာလို့စဉ်းစားနေဦးမှာလဲ သားရယ်..."
"မေမေကလည်း သူတို့ကုမ္ပဏီက ဘယ်လိုပဲနာမည်ကြီးကုမ္ပဏီဖြစ်ဖြစ် ကျွန်တော် ချက်ချင်းလက်ခံလိုက်လို့ မဖြစ်ဘူးလေ မေမေရဲ့..."
"ဒါပေမယ့် သား ငြင်းတော့မငြင်းဘူးမို့လား..."
သူ မေမေ့ကိုပြန်မဖြေဘဲ ငြိမ်နေမိ၏။ မေမေပြောသလိုပဲ တကယ်လို့ သူသာ လက်ခံလိုက်မယ်ဆိုရင် သူ့အတွက် တက်လမ်းတစ်ခုကို ရှာတွေပြီဖြစ်သည်။
"ဒီဘီဒိုလေး လှလိုက်တာ သားရယ်..."
မေမေက မိန်းကလေးပီပီ ပရိဘောဂပစ္စည်းတွေကို စိတ်ဝင်စားစွာ ကြည့်ပြီးပြောနေလေသည်။ နောက်ဆုံး သူ လက်ခံဖို့ ဆုံးဖြတ်လိုက်တော့သည်။
"မေမေ ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ်..."
"ဟင်... ဘယ်သွားမှာလဲ သား..."
"သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ပါ..."
"အပြင်တွေကို အရမ်းမထွက်ပါနဲ့သားရယ်... နောက်ပြီး ထိုင်ပါဦး မေမေ သားကို အရေးကြီးတာ ပြောစရာရှိတယ်..."
"ဘာမေးမလို့လဲ..."
"ထိုင်ပါဦးဆို..."
မေမေက သူ့လက်ကိုဆွဲလိုက်သဖြင့် သူ မေမေ့ဘေးမှာ ထိုင်ချလိုက်လေသည်။
"မေးလေ မေမေ..."
"သားကို အိမ်ထောင်ချပေးမလို့..."
"ဗျာ..."
လုံးဝမထင်မှတ်ထားတဲ့ကိစ္စဖြစ်နေသဖြင့် သူ အ့ံသြသွားကာ မေမေ့မျက်နှာကိုကြည့်လိုက်တော့ မေမေ့မျက်နှာက တည်ငြိမ်နေလေသည်။
"ဟုတ်တယ် သား... သားလည်း ကျောင်းပြီးတော့မယ်မဟုတ်လား..."
"သားမှာ ချစ်ရတဲ့သူရှိတယ်..."
"ဟင်..."
မေမေ့စကားကြောင့် သူ အ့ံသြခဲ့သလို မေမေလည်း သူ့စကားကြောင့် အ့ံသြသွားသဖြင့် သူ ကျေနပ်သွားမိလေသည်။
"ဟုတ်တယ် မေမေ... သားချစ်သူကို လက်ထပ်ဖို့အထိ သားရည်ရွယ်ထားတာ..."
"သားမှာ ချစ်သူရှိမယ်လို့ မေမေတကယ်မထင်ထားဘူး... အဲ့ဒါကြောင့် မေမေ့အသိတစ်ယောက်ရဲ့ တူမနဲ့ သားကိုလက်ထပ်ပေးမလို့ စဉ်းစားနေတာ..."
"သားရဲ့ချစ်သူကလွဲပြီး တခြားမိန်းကလေးကို သား လက်ထပ်မှာမဟုတ်ဘူး မေမေ..."
"ကောင်းပြီလေ... သားရဲ့ချစ်သူကို မေမေနဲ့တွေ့ပေး... မေမေသဘောကျရင်တော့ မကန့်ကွက်ဘူး... မဟုတ်ရင်တော့ မေမေကန့်ကွက်ရလိမ့််မယ် သား..."
"သားလက်ထပ််မယ့်ကိစ္စကို မေမေ ဝင်ပြီးမစွက်ဖက်ရင်ကောင်းမယ် မေမေ..."
"ဘာဖြစ်တယ် ခညောင်းရှင်... မင်း ဘာပြောလိုက်တယ်..."
"ဟုတ်တယ် မေမေ... သား ကိုးကိုပဲလက်ထပ်မှာ... မေမေ သဘောကျကျ မကျကျ..."
"ဟင်..."
မေမေက သူ့စကားကြောင့် အ့ံသြနေလေသည်။ မေမေအ့ံသြလည်း သာ မတတ်နိုင်ပေ။ သူနဲ့ကိုးကြားမှာ ဘယ်သူမှ ဝင်ပြီးဖျက်ဆီးမှာကို သူ လက်ခံမှာမဟုတ်။
"ကောင်းပြီလေ... မင်းဘက်က အဲ့လိုပြောနေမှတော့ မေမေ အဲ့ဒီ့မိန်းကလေးကို သေချာအကဲခတ်ဖို့လိုပြီထင်တယ်..."
"မေမေလည်းသဘောကျမယ်လို့ သားထင်တယ်..."
"ဟုတ်ပါပြီ သားရယ်... မေမေ အကဲခတ်ကြည့်ပါဦးမယ်..."
မေမေ့အသံကို သူ့စကားတွေအပေါ် ကျေနပ်တဲ့ပုံမပေါ်ပေ။ သူ သိပေမယ့် မသိချင်ယောင်ဆောင်လိုက်ကာ
"ကိုးအားတဲ့တစ်နေ့ ကျွန်တော် မေမေနဲ့တွေ့ပေးပါ့မယ်..."
"ကောင်းပြီလေ..."
"ဒါဆို သားသွားတော့မယ်..."
မေမေ့ဆီက ဘာသံကိုမှမကြားရတော့သဖြင့် သူ မေမေ့ရှေ့ကနေထွက်လာလိုက်သည်။ ရင်ထဲမှာ လှိုင်းတံပိုးတစ်ခုကတော့ မသိမသာ ကပ်ပါလာလေတော့သည်။ ဟူး... ကိုးရဲ့အခက်အခဲက မဖြေရှင်းရသေးဘူး သူ့ရဲ့အခက်အခဲက ပေါ်လာပြီဖြစ်သည်။ သူများတွေပြောသလို အချစ်စစ်မှန်လို့ပဲ ဒီလောက်အခက်အခဲတွေတွေ့နေရတာလားမသိပေ။ ဘာပဲဖြစ်ဖြစ် ကိုးရယ်... ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ်တို့တွေ ဝေးသွားလို့မဖြစ်ဘူး...။
#######
ဆက်ရန် - အခန်း(၁၀) Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now