အခန်း(၃၁)

121 1 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၃၁)

"ဒီနေ့ မင်း ဘယ်သွားစရာရှိလဲ ခညောင်းရှင်..."
"ဆရာကန်တော့ပွဲကိုသွားစရာရှိတယ် ကိုစိုင်းအိုက်မော်... ဘာဖြစ်လို့လဲ..."
"ငါစဉ်းစားမိတာကို ပြောပြမလို့..."
"အင်း ဘာလဲ ပြောလေ..."
ကိုစိုင်းအိုက်မော်ရဲ့မျက်နှာက အရေးကြီးတဲ့စကားပြောဖို့်အတွက် အချိန်ယူနေသည့်ပုံမျိုးဖြစ်နေလေသည်။
"ဘာဖြစ်လို့လဲ ကိုစိုင်းအိုက်မော်..."
"အခြေအနေကောင်းရင် ဒီနေ့ပဲ ငါတို့တွေ အကောင်အထည်ဖော်လိုက်ရအောင် ခညောင်းရှင်..."
"ဟင် ဖြစ်ပါ့မလား..."
သူက အဲ့လိုပြန်မေးလိုက်တော့လည်း ကိုစိုင်းအိုက်မော်က စဉ်းစားနေသလို တွေဝေသွားပြန်လေသည်။
"ဆရာကန်တော့ပွဲက ညနေပိုင်းမို့လား..."
"အင်း ဟုတ်တယ်..."
"ဟုတ်ပြီ ဒီလိုလုပ် ခညောင်းရှင်..."
"အင်း..."
"ဒီနေ့ညနေ ဆရာကန်တော့ပွဲပြီးသွားတဲ့အခါ မင်း ကိုးအသင်္ချေကို ရအောင်ခေါ်ထုတ်ခဲ့..."
"ဟင်..."
"ဟုတ်တယ် အဲ့ဒါအောင်မြင်တယ်ဆိုရင် ငါ့ကိုဖုန်းဆက်ပြီးပြောပေး... အဲ့ဒါအောင်မြင်မှ ကျန်တာတွေဆက်လုပ်ဖို့အတွက် ငါ ဖုန်းနဲ့ပဲညွှန်ကြားပေးမယ်..."
"ခင်ဗျား ဘယ်လိုစဉ်းစားထားလို့လဲ..."
ကိုစိုင်းအိုက်မော်က မျက်နှာကို အရှေ့သို့တိုးလာသဖြင့် သူလည်း အရှေ့သို့တိုးလိုက်လေသည်။
"အဆင်ပြေရင် မင်း ဒီနေ့ပဲ ကိုးအသင်္ချေကို ခိုးပြေးသွားလို့ရတယ် ခညောင်းရှင်..."
"ဟင်..."
လေသံတိုးတိုးနဲ့ပြောလာတဲ့ သူ့ရဲ့စကားကြောင့် ခညောင်း အ့ံသြသွားတော့၏။
"ဟုတ်တယ် ခညောင်းရှင်... မင်း လုပ်မယ်မို့လား..."
ကိုးနဲ့ချစ်သူဖြစ်ခဲ့တဲ့အချိန်တွေက သူ့ခေါင်းထဲသို့ ပြန်ဝင်လာကြတော့သည်။ နှစ်ယောက်သား အတူပျော်ရွှင်ခဲ့ကြတဲ့အချိန်တွေ... ပျော်ရွှင်စွာနဲ့ လည်ပတ်ခဲ့တာတွေ... စားသောက်ခဲ့တာတွေ... ကျောင်းစာတွေလုပ်ခဲ့တာတွေ... ကန်တင်းမှာ စကားပြောခဲ့တာတွေက ခေါင်းထဲသို့ စီတန်းဝင်ရောက်လာခဲ့တော့၏။ အခုတော့ အဲ့ဒါတွေက အတိတ်ကပုံရိပ်တွေဖြစ်သွားခဲ့ပြီဖြစ်သည်။ ဒါတွေအားလုံးက ဦးစဝ်ဘုန်းရိပ်ခေါင်ကြောင့်ပဲ... ဟုတ်တယ် အဲ့ဒီ့တော့ သူ လက်စားပြန်ချေရမယ်... သူ့လက်ထဲကနေ ကိုးကို ပြန်လုယူပြီး သူ့ကိုနာနာကျင်ကျင်ခံစားရအောင် ပြန်လုပ်မယ်။
"ကျွန်တော် လုပ်မယ်... ကိုစိုင်းအိုက်မော်..."
"ကောင်းပြီ... ဒါဆိုရင် မင်းဘက်ကအောင်ြ
မင်တာနဲ့ ငါ့ကိုအကြောင်းကြားလိုက်... ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ကိုးအသင်္ချေကို မင်း ရအောင်ခေါ်သွား... တကယ်လို့ ဆေးသုံးရမယ်ဆိုရင်လည်း သုံးလိုက်... ရော့ ဒီမှာ..."
စားပွဲပေါ်သို့ရောက်လာတဲ့ ဆေးဘူးလေးကိုကြည့်ပြီးမှ သူ ကိုစိုင်းအိုက်မော်ကို ကြည့်လိုက်တော့ ကိုစိုင်းအိုက်မော်ကလည်း သူ့ကိုပြန်ကြည့်နေ၏။
"ငါက မင်းထက်ပိုပြီး အလျင်လိုနေတယ်ဆိုတာ ဝန်ခံပါတယ်... တကယ်လို့ စံအိမ်တော်မှာ ဒီပြဿနာသာဖြစ်လာခဲ့ရင် ဟော်နန်းမှာလည်း ဆူညံပွက်လောရိုက်နေတော့မှာပဲ... ဟား... ဟား... ဟား... အဲ့ဒါဆိုရင် ငါဖြစ်စေချင်သလို အစ်ကိုတော်လည်း ငါ့လိုမျိုး အသည်းကွဲဒဏ်ရာကို ခံစားဖူးမယ်... မင်းလည်း မင်းချစ်တဲ့သူကို ပြန်ပြီးပိုင်ဆိုင်ရမယ်... နောက်ပြီး ငါလည်း စော်ဘွားငယ်လေးတစ်ယောက်ဖြစ်ပြီ..."
"ဟင်... ခင်ဗျားက ဒီလိုခေတ်ကြီးမှာ အဲ့လိုဂုဏ်မျိုးကို မက်မောနေသေးတယ်ပေါ့ ဟုတ်လား..."
"မက်မောတယ်ဆိုတာထက် ငါက အားလုံးရဲ့အရေးပေးဂရုစိုက်ခြင်းကို ခံချင်ရုံပါကွာ... ဘာပဲဖြစ်ဖြစ် ငါဖြစ်ချင်သလိုသာဖြစ်ခဲ့မယ်ဆိုရင် အနွယ်တော်ထဲမှာ ငါ အခုလို မျက်နှာငယ်စရာမလိုတော့ဘူးလေ..."
"ထားပါတော့ အဲ့ဒါက ခင်ဗျားရဲ့အပိုင်းပဲ... ကျွန်တော့်အလုပ်က ကိုးကို ခိုးပြေးဖို့ပဲ ဟုတ်တယ်မို့လား..."
"Yes... ဒါဆို မင်းနည်းမင်းဟန်နဲ့ ကိုးအသင်္ချေကို ခိုးပြေးသွားလိုက်... ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လုံးဝနောက်ကိုပြန်မလှည့်ခဲ့နဲ့နော်... ဒီက အခြေအနေတွေအားလုံးပုံမှန်ပြန်ဖြစ်သွားပြီဆိုမှ ငါ မင်းကို ဖုန်းဆက်လိုက်မယ်..."
"ကောင်းပြီ... ဒါဆို ကျွန်တော်သွားတော့မယ်..."
"အင်း..."
သူ့ရှေ့ကဆေးဗူးကိုကောက်ယူပြီး ခညောင်း ထွက်လာလိုက်တော့သည်။ အခြေအနေတွေက ဒီလောက်ထိမြန်လာမယ်လို့မထင်မိတာအမှန်ပဲဖြစ်သည်။ အခုတော့ သူ ကိုးကို ပြန်ပြီးပိုင်ဆိုင်ရတော့မယ်... အရင်လိုအချိန်တွေကို ကိုးနဲ့အတူ သူ ပြန်ပြီးဖန်တီးမယ်... ဟင့်အင်း မဟုတ်ဘူး... အရင်ထက်ပျော်ဖို့ကောင်းတဲ့အချိန်တွေကို သူ ကိုးကိုဖန်တီးပေးမယ်... ဟုတ်တယ်... သူ ကိုးကို အရင်လိုချစ်တုန်းပဲဆိုတာကို ကိုးသိအောင် ပြောမယ်... ကိုးကိုချစ်တယ်... သူ ကိုးကိုသိပ်ချစ်တယ်... သိပ်ချစ်တယ် ကိုးရယ်...။
#######
"သမီးလေးမှာ ကိုယ်ဝန်နှစ်လရှိနေပါပြီ..."
"ရှင်..."
"ကိုး... နင့် နင့်မှာ ကိုယ်ဝန်ရှိနေပြီတဲ့..."
စိမ်းရော မဒီရောက ကိုးအတွက် ဝမ်းသာကာ မျက်ရည်တွေဝဲနေကြလေသည်။ ကိုးကတော့ ကြားရတဲ့စကားတွေကို မယုံနိုင်စွာဖြင့်ပင်။
"ဒေါက်တာ... ကိုး... ကိုးမှာ ကိုယ်ဝန်နှစ်လရှိနေပြီဆိုတာ တကယ်လားဟင်... သေချာအောင် ထပ်ပြီးစစ်ပေးပါဦးလား ဒေါက်တာရယ်..."
ဒေါက်တာက ကိုးရဲ့မျက်နှာကိုကြည့်ကာ ပြံုးနေလေသည်။
"သေချာပါတယ် သမီးရယ်... နှစ်ခါပြန်စစ်စရာမလိုပါဘူး... အခုလည်း သမီးမူးလဲတယ်ဆိုတာ အားနည်းနေလို့ပါ... အဲ့ဒါကြောင့် အားရှိမယ့်အစားအစာများများစားနော်..."
"ဟုတ်ကဲ့ပါ ဒေါက်တာ..."
"အဲ့ဒါဆို ဒေါက်တာ့ကိုခွင့်ပြုပါဦး..."
"ဟုတ်... ဟုတ်ကဲ့... သမီးတို့သူငယ်ချင်းကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်ဒေါက်တာ..."
"ရပါတယ်ကွယ်... သမီးတို့ သူငယ်ချင်းကိုသာ ဂရုစိုက်လိုက်ပါနော်..."
"ဟုတ်ကဲ့ပါ ဒေါက်တာ..."
"ဟုတ်ကဲ့ပါရှင့်..."
သူငယ်ချင်းနှစ်ယောက်က ဒေါက်တာ့ကို ဝမ်းသာအားရနှုတ်ဆက်နေကြသလို ကိုးရင်ထဲကနေလည်း ကျေးဇူးတင်စကားတွေ ဘယ်လောက်တောင်မှ ပြောနေမိမှန်းမသိတော့ပေ။
"ကိုး... ကိုး နင် ဝမ်းသာတယ်မို့လား..."
ကိုး မျက်ရည်တွေဝဲရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်လေသည်။ ထို့နောက် ခုတင်ပေါ်ကနေ ထလိုက်တော့ စိမ်းရော မဒီရော နှစ်ယောက်သား ကိုးကို ဆွဲထူလိုက်လာကြ၏။
"ဖြည်းဖြည်း... ဖြည်းဖြည်းထပါ ကိုးရယ်... နင့်ဗိုက်ထဲမှာ ကလေးလေးရှိနေပြီဟ..."
"ဟုတ်တယ် ကိုးရဲ့..."
ကိုးထက်တောင်မှ ပိုပြီးဝမ်းသာနေတဲ့ သူတို့နှစ်ယောက်ကိုကြည့်ကာ ကိုး မျက်ရည်တွေကျလာမိတော့၏။
"အင်းပါဟာ ငါ သိပါတယ်ဟ..."
"အေးပါဟာ... ဖြည်းဖြည်း..."
စိမ်းကပြောရင်းနဲ့ ခေါင်းအုံးကို ကျောနောက်မှာမှီပေးလာ၏။ ကိုး စိမ်းနဲ့မဒီတို့ရဲ့လက်ကို ဆုပ်ကိုင်လိုက်ကာ
"ငါ အရမ်းပျော်တာပဲဟာ..."
အတိုင်းမသိပျော်နေတဲ့သူမကိုကြည့်ကာ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။
"ကိုး... နင် အဲ့ဒီ့မှာနေရတာရော အဆင်ပြေရဲ့လား..."
ကိုး မဒီကို ခေါင်းငြိမ့်ပြလိုက်တော့ စိမ်းက သူမကိုကြည့်လာကာ
"ဟုတ်ရဲ့လား ကိုးရယ်... နင့်မျက်နှာက တစ်မျိုးပဲဟာ... နင့်မျက်နှာက မနေ့ကနဲ့မတူဘူး... နင် တစ်ခုခုဖြစ်နေတာလား..."
"ဟုတ်တယ် ကိုး... နင် ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့နေရတာ အဆင်မပြေဘူးဆိုရင်လည်း ငါတို့ကို ရင်ဖွင့်ပါဟာ... ငါတို့က သူငယ်ချင်းတွေပါ... နင် ငါတို့ကိုမှ ရင်မဖွင့်ရင် ဘယ်သူ့ကိုပြောပြမှာလဲ..."
"ဟုတ်တယ် ကိုး... မနက်က နင့်ကို လာခေါ်တော့လည်း နင့်ယောက္ခမရဲ့မျက်နှာက တစ်မျိုးကြီးပဲ... ငါတို့လာတာကိုမကြိုက်တဲ့အပြင် နင့်ကိုပါ မကြည်သလိုကြီးဖြစ်နေတာဟ..."
"ဟုတ်တယ် ငါလည်း အဲ့လိုထင်တယ်... အဲ့ဒါကြောင့် ငါ မနက်ကတည်းက မေးမလို့ပဲ..."
ကိုး သူငယ်ချင်းတွေရဲ့မျက်နှာကို ဝမ်းသာအားရကြည့်လိုက်ကာ
"ဦးရဲ့မေမေက ငါ့ကိုချစ်ပါတယ်... ဒါပေမယ့် မနေ့က ဦးတို့မိသားစု စကားတွေပြောကြတယ်ဟ... အရင်ကဆိုရင် ငါက အမြဲတမ်း ဦးရဲ့လက်ကိုဆွဲပြီး ဦးနဲ့အတူလိုက်နေကျ... စကားပြောဆောင်မှာပြောတဲ့စကားတွေအားလုံးကိုလည်း ငါ ကြားခွင့်ရှိသလို ပြောခွင့်လည်း ရှိခဲ့တယ်... ဒါပေမယ့် ညကစကားဝိုင်းမှာ ငါမပါခဲ့ဘူး... ငါ့ကိုမခေါ်ခဲ့နဲ့လို့ ဦးကိုပြောတယ်ဟ..."
"ဟင်..."
"အဲ့ဒါကို ဦးစဝ်ဘုန်းရိပ်ခေါင်က ဘာမှမပြောဘူးလား..."
"ဦးပြောပေးလည်း သူတို့ပြောမယ့်စကားက ငါ့ကိုမသိစေချင်ဘူးဆိုတာ ငါသိရဲ့နဲ့ လိုက်သွားရမှာလား..."
"ကိုးရယ်..."
"ဒါပေမယ့် ဦးပြန်လာတော့ အရမ်းကိုစိတ်တိုနေတဲ့မျက်နှာကြီးနဲ့ပဲ... ငါ့ကိုစိတ်တိုတာတော့မဟုတ်ဘူး... ဦးရဲ့မိဘတွေနဲ့ ဦးလေးတွေအဒေါ်တွေက ဘာတွေပြောခဲ့လဲတော့ ငါလည်း မသိပါဘူး... အခန်းထဲကိုပြန်ရောက်တော့ ရုတ်တရက်ကြီး သူ့ကိုချစ်လားဆိုပြီးမေးတယ်... ငါလည်း ချစ်တယ်လို့ ပြောခဲ့တယ်..."
"ဪ..."
"ဟုတ်တယ် ငါ ဦးကို တကယ်ချစ်ခဲ့မိပြီ... ဦးက ငါ့အချစ်နဲ့ ပြဿနာတွေအကုန်လုံးကို ဖြတ်ကျော်မယ်လို့လည်းပြောတယ်... ဘာစကားတွေပြောလို့ ဘာတွေဖြစ်ကြတယ်ဆိုတာတော့ ငါလည်းမခန့်မှန်းတတ်ဘူးဟာ... ဒါပေမယ့် ဦးက ငါ့အတွက်နဲ့ စံအိမ်တော်တစ်ခုလုံးကို တော်လှန်နေသလိုမျိုးပဲ..."
"သူက နင့်ကိုအရမ်းချစ်တာပါ ကိုးရယ်..."
"ငါသိပါတယ်ဟာ... အဲ့ဒါကြောင့်လည်း ငါ ဦးအပေါ်ကြည်ဖြူခဲ့တာပေါ့... ဒါပေမယ့် မနက်က ဦးမေမေရဲ့ဆက်ဆံပုံက ငါနဲ့ သူစိမ်းလိုမျိုးဖြစ်သွားသလိုပဲဟာ..."
"အဲ့ဒါတော့ ငါတို့လည်း သတိထားမိပါတယ် ကိုးရယ်..."
"ဒါပေမယ့် နင့်မှာ ကိုယ်ဝန်ရှိတယ်ဆိုတာသာသိရင် သူတို့တွေအရမ်းပျော်မှာဟ... နင့်ကို အခုလိုလည်း ဆက်ဆံမှာမဟုတ်တော့ဘူးလေ..."
"ဟင်..."
ဝမ်းသာစွာပြောလာတဲ့ စိမ်းရဲ့စကားကြောင့် ကိုးလည်း အ့ံသြသွားတော့၏။
"ဟုတ်တယ် ကိုး... နင် အရင်ဆုံး ဦးစဝ်ဘုန်းရိပ်ခေါင်ကို ပြောပြလိုက်လေဟာ..."
"ဟာ အဲ့ဒါမကောင်းဘူး မဒီရဲ့... ကိုး နင်ပြောတဲ့ စကားပြောတဲ့နေရာမှာ အားလုံးကိုခေါ်ပြီး အားလုံးသိသွားအောင် ပြောလိုက်ရင်ရော ဘယ်လိုလဲ..."
"စကားပြောဆောင်ပါ စိမ်းရယ်..."
"ဪ... အေး ဟုတ်တယ် ဟုတ်တယ်... အဲ့ဒီ့နေရာဟာ..."
"အင်း နင်ပြောတာ မဆိုးဘူး စိမ်း... ဒါပေမယ့် အခုတော့ ငါ့မှာကိုယ်ဝန်ရှိနေပြီဆိုတာကို ငါတို့သုံးယောက်ကလွဲပြီး ဘယ်သူမှ မသိစေနဲ့ဦးနော်..."
"အင်းပါဟာ..."
"ငါတို့ တခြားလူကိုမပြောပါဘူးဟ..."
"အင်း ကျေးဇူးပါဟာ..."
"ရပါတယ် သူငယ်ချင်းရာ... ငါတို့က နင့်အတွက် အရမ်းဝမ်းသာနေတာဟာ..."
"နင် ဒီနေ့မှ အရမ်းလှနေသလိုပဲ ကိုးရာ... ဧကန္တ ကလေးအမေဖြစ်တော့မှာမို့လို့များလား..."
မဒီ့စကားကြောင့် ကိုး မျက်စောင်းထိုးလိုက်ကာ
"ငါ ဆရာကန်တော့ပွဲအတွက် အခုမှ အလှပြင်ပြီးလို့ပါဟာ နင်တို့ကလည်း..."
ဆရာကန်တော့ပွဲကို တက်ဖို့အတွက် သုံးယောက်သား အလှပြင်ဆိုင်မှာ အလှပြင်နေကြရင်း အားလုံးလည်းပြီးရော ကိုး မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ မူးပြီးလဲကျသွားတာနဲ့ ဆေးခန်းကိုရောက်လာတာဖြစ်သည်။
"နင်က မျက်ကပ်မှန်နဲ့အရမ်းလှတာပဲ ကိုးရဲ့... နောက်ဆိုလည်း ဒီလိုပဲ နေပါဟာ..."
"အင်းပါ... ငါ အရမ်းလှနေတယ်ပေါ့ ဟုတ်လား..."
"ဒါပေါ့ဟ..."
ကိုး ပြောရင်းနဲ့ ဗိုက်ကလေးကို အသာပွတ်လိုက်ကာ
"ငါ့ဗိုက်ထဲက ကလေးလေးက ယောကျာ်းလေးလား... မိန်းကလေးလား မသိဘူးနော်..."
"အခုမှ နှစ်လပဲရှိသေးတော့ ဘယ်လိုလုပ်ပြီး သိဦးမှာလဲ ကိုးရဲ့..."
"တကယ်လို့ ယောကျာ်းလေးသာဆိုရင် ဦးပြောသလို ဘုန်းရိပ်အသင်္ချေလို့ပေးမယ်... မိန်းကလေးဆိုရင်တော့ အသင်္ချေဘုန်းရိပ်လို့ပေးမယ်ဟာ..."
"နင်တို့က နာမည်တွေတောင် ပေးပြီးသွားကြပြီပဲ..."
"ညက မထင်မှတ်ဘဲ ဦးက ကလေးအကြောင်းပြောရင်းနဲ့ နာမည်ပါ ပါသွားတာပါဟာ..."
"ဘာပဲဖြစ်ဖြစ် နာမည်တွေကတော့ မိုက်တယ်ဟာ..."
"အင်း ဟုတ်တယ် အရမ်းကိုခန့်ညားတယ်..."
"ဟုတ်လား..."
"အင်း... ဦးစဝ်ဘုန်းရိပ်ခေါင်ကတော့ ပျော်နေမှာပဲနော်..."
"ဟုတ်တယ် ဦးအရမ်းပျော်နေမှာ..."
"ကဲပါ ငါတို့တွေ သွားကြရအောင်လေဟာ... တော်ကြာ ဆရာကန်တော့ပွဲနောက်ကျနေလိမ့်မယ်..."
"ဟုတ်သားပဲ... ကိုးမှာ ကိုယ်ဝန်ရှိတယ်ဆိုတာနဲ့ ဆရာကန်တော့ပွဲကို မေ့သွားတယ်..."
"ခဏလေး... ကိုး ကိုယ်ဝန်ရတဲ့အထိမ်းအမှတ်အနေနဲ့ ငါတို့သုံးယောက် ဆယ်လ်ဖီဆွဲရအောင်..."
မဒီကပြောလိုက်တော့ စိမ်းက မျက်စောင်းထိုးလိုက်ကာ
"ဘာမှလည်း မဆိုင်ဘဲနဲ့..."
"လာပါဟာ..."
"အင်းပါ... ကဲ ပြံုးကြ... ဝမ်း တူး သရီး..."
မဒီက ဆယ်လ်ဖီကို တဖျတ်ဖျတ်ဆွဲနေတော့၏။
"ကဲ ကျေနပ်ပြီလား... မယ်မင်းကြီးမ..."
"အင်း ကျေနပ်ပြီ..."
"လာ ဒါဆို ငါတို့သွားကြမယ်..."
"အင်း..."
သုံးယောက်သား ဆေးခန်းထဲကနေ ပျော်ပျော်ရွှင်ရွှင်ထွက်လာကြတော့သည်။ ကိုး အရမ်းပျော်တာပဲ ဦးရယ်... ကိုးမှာ ဦးရဲ့ရင်သွေးလေးကို လွယ်ထားရပြီဆိုတဲ့အကြောင်း ဦးသာသိရင် ဘယ်လောက်တောင်မှ ပျော်နေမလဲ... ပြီးတော့ ဦးရဲ့မေမေရောသိရင် ဘယ်လိုနေမလဲ... ကိုးရဲ့မိဘတွေကိုလည်း အ့ံသြသွားအောင်ပြောပြရမယ်... ဟုတ်တယ်...။
#######
"ဒီနေ့ ဆရာကန်တော့ပွဲမှာ သီဆိုဖျော်ဖြေပေးမယ့်သူကတော့ ဒီကျောင်းရဲ့ မေဂျာကင်းတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ခညောင်းရှင်ပဲဖြစ်ပါတယ်ဗျာ..."
"ဟေး... ဟေး..."
"ကင်းခညောင်းရှင်တဲ့ဟေ့..."
"ဆိုပါဗျို့..."
အစီအစဉ်ကြေညာသူ ရာဇာက ကြေညာပေးလိုက်တော့ အားလုံးက ဝမ်းသာအားရ အားပေးကြလေသည်။ ကိုးတို့သုံးယောက်လည်း လက်ခုပ်တီးကာ အားပေးလိုက်ကြလေသည်။ ခဏနေတော့ ကင်းက စင်ပေါ်ကို တက်လာ၏။ အနက်ရောင် အနောက်တိုင်းဝတ်စုံနဲ့ ကင်းရဲ့ပုံစံက ခန့်ညားလိုက်တာလို့ ကိုး တွေးလိုက်မိသည်။
"အားလုံးပဲ မင်္ဂလာပါဗျာ... ကျွန်တော်ကတော့ ခညောင်းရှင်ပါ..."
"သိပါတယ်ဗျို့... သီချင်းသာ မြန်မြန်ဆိုပေးပါ မင်းသားရယ်..."
အောက်ကနေ တစ်ခဲနက်လက်ခုပ်တီးအားပေးနေကြတဲ့ပရိသတ်ကြောင့် ကင်းလည်း ဆိုဖို့အတွက် နောက်က တီးဝိုင်းဆရာကိုလှည့်ကြည့်လိုက်ကာ အချက်ပြလိုက်လေသည်။ တီးလုံးသံက စပြီး ဝင်လာခဲ့၏။
"ကျွန်တော်ဆိုမယ့်သီချင်းကတော့ ထက်မွန်ရဲ့ ကြွေကာပျက်စီးဆိုတဲ့သီချင်းပါ... ကျွန်တော်အရမ်းချစ်ရသူအတွက်ပါဗျာ..."
"အိုး..."
တော်တော်များများဆီကနေ အာမေဍိတ်သံတွေထွက်လာသလို တစ်ချို့လူတွေရဲ့အကြည့်တွေကလည်း ကိုးတို့သုံးယောက်ထိုင်နေတဲ့စားပွဲဆီသို့ ရောက်လာကြလေသည်။ ကိုး စိမ်းကို အားနာစွာကြည့်လိုက်မိတော့ စိမ်းက နားလည်သည့်သဘောဖြင့် ခေါင်းကိုအသာရမ်းပြလာပြီး ကိုးရဲ့လက်ကိုဆုပ်ကိုင်လာကာ
"ရတယ် ကိုး ငါ ဘာမှမဖြစ်ဘူးနော်... နင့်စိတ်ထဲလည်း ဘာမှမဖြစ်ပါနဲ့ဟာ..."
"ဟုတ်တယ် ကိုးရဲ့... စိမ်းက နင့်ရဲ့စိတ်ကို နားလည်နေပြီဟ..."
"ငါ အားလည်းနာတယ်... ကျေးဇူးလည်းတင်ပါတယ် စိမ်းရယ်..."
ကိုး မျက်ရည်ဝဲလာတာကိုကြည့်ကာ စိမ်းက ခေါင်းရမ်းလိုက်ပြီး
"ရပါတယ်ဆို ကိုးကလည်း... နင် ဘာလို့မျက်ရည်ဝဲနေတာလဲ... နင့်ဗိုက်ထဲမှာကလေးလေးရှိနေပြီဟ ကိုယ်ဝန်ဆောင်သည်ဆိုတာ မျက်ရည်မကျရဘူးလေ... ထားလိုက် ကင်းကိုရော နင့်ကိုရော ငါ နားလည်ပါတယ်ဆို... တိတ် မငိုရဘူးနော်..."
ကိုး ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ချလိုက်ကာ ခေါသ်းငြိမ့်ပြလိုက်မိလေသည်။
🎼🎼🎼 ××× ငါ့အသည်းများလည်း ကွဲကာကြေကာပျက်စီးတော့ ××× နင်လည်းတစ်ပါးသူအချစ်မှာ ပျော်နိုင်ပြီပေါ့နော် ××× ငါနဲ့ချစ်နေစဉ်မှာ တစ်ပါးသူအကြင်နာ ရအောင်ယူလှည့်စားနေသူဟာ မင်းပါပဲနော် ××× သူနဲ့အနမ်းများပေးတာ ဘယ်နှစ်ကြိမ်လဲပြော ××× အမှန်အတိုင်းပြောပါ ကလေးရယ် လိမ်ညာမနေနဲ့နော် ××× သူက ငါ့ထက်သာတယ် အရမ်းချမ်းသာတယ် ရပ်လိုက်ပါကွာ မပြောပါနဲ့တော့  ××× နောင်ဘဝကျရင် မင်းလိုမိန်းကလေးတွေ တွေ့ခွင့်ရရင် နာကျင်စေချင်တယ် ××× ငါ့နှလုံးသားကို နင်းချေသွားတဲ့ မိန်းမလှလေးရေ ပျော်နေပါစေကွယ် ××× ရင်ခုန်နှုန်းတွေ ထူးထူးခြားခြား ရပ်တန့်သွားအောင် နင်ဟာဖောက်ပြားခဲ့ ××× နင့်အပြံုးလေးတွေ တောက်တောက်ပပ ဖြစ်ရခဲ့ပြီ အဆွေများနဲ့ငါ အခန်းထဲကြိတ်ငိုမယ် ××× မင်းပြောတဲ့ချစ်တယ်ဆိုတာ ငါ့ဘဝအတွက်လင်းရောင်ခြည်ပါ ××× ဘယ်တော့မှမထားခဲ့ဘူးဆိုပြီးတော့ ငါ့ကို မုန်းနေပြီလား ××× အချစ်စစ်မှမပေးနိုင်ရင်လည်း အစကတည်းကမပတ်သက်ပါနဲ့ အရူးအမူးပဲချစ်ခဲ့ပြီးမှ ငါ့ရဲ့အသည်းကိုခွဲရက်တယ်ဟာ ××× 🎼🎼🎼
ခံစားချက်တွေပါ ပါနေလို့လားမသိ ကင်းရဲ့သီချင်းထဲမှာ အားလုံးက ငြိမ်သက်စွာစီးမျောနေကြလေသည်။ တစ်ချက်တစ်ချက် ကိုးတို့ထိုင်နေတဲ့စားပွဲဝိုင်းကို ရောက်ရောက်လာတဲ့အကြည့်တွေကို ကိုး မမြင်ချင်ယောင်ဆောင်နေမိတာလည်း အကြိမ်ကြိမ်ပင်ဖြစ်သည်။
🎼🎼🎼 ××× နင်အရမ်းမုန်းတဲ့ငါ့ကို အသေသာသတ်သွားတော့ ××× ငါလည်း နင့်ရဲ့အမုန်းကိုမခံနိုင်တော့ဘူးနော် ××× ဟန်ဆောင်ပြီးချစ်ပြနေတာ မသိနိုင်ခင်မှာ မချစ်မိအောင် ငါ မထိန်းနိုင်ခဲ့တော့ ××× မျက်ဝန်းထဲကမျက်ရည် မြေပေါ်ကျသွားတော့ လက်ညှိုးထိုးပြီး ငါ့ကို လှောင်ကာရယ်ပေါ့နော် ××× ငါက ပျော့ည့ံသူပါ မင်းရဲ့ကမ္ဘာမှာ မထိုက်တန်သူပါ အပြစ်တို့တင်ကာ ပြောပါတော့လို့ ××× နောင်ဘဝကျရင် မင်းလိုမိန်းကလေးတွေ တွေ့ခွင့်ရရင် နာကျင်စေချင်တယ် ××× ငါ့နှလုံးသားကို နင်းချေသွားတဲ့ မိန်းမလှလေးရေ ပျော်နေပါစေကွယ် ××× ရင်ခုန်နှုန်းတွေ ထူးထူးခြားခြား ရပ်တန့်သွားအောင် နင်ဟာဖောက်ပြားခဲ့ ××× နင့်အပြံုးလေးတွေ တောက်တောက်ပပ ဖြစ်ရခဲ့ပြီ အဆွေများနဲ့ငါ အခန်းထဲကြိတ်ငိုမယ် ××× မင်းပြောတဲ့ချစ်တယ်ဆိုတာ ငါ့ဘဝအတွက်လင်းရောင်ခြည်ပါ ××× ဘယ်တော့မှမထားခဲ့ဘူးဆိုပြီးတော့ ငါ့ကို မုန်းနေပြီလား ××× အချစ်စစ်မှမပေးနိုင်ရင်လည်း အစကတည်းကမပတ်သက်ပါနဲ့ အရူးအမူးပဲချစ်ခဲ့ပြီးမှ ငါ့ရဲ့အသည်းကိုခွဲရက်တယ်ဟာ ×××🎼🎼🎼
"အားလုံးကို ကျေးဇူးတင်ပါတယ်..."
"ဟေး... နောက်တစ်ပုဒ်လောက်ဆိုပါဦး..."
ကင်းကတော့ စင်အောက်ကို ဆင်းသွားပြီဖြစ်သည်။
"နောက်ထပ်အလှည့်ကျသူကတော့ မေဂျာကွင်း ဆောင်းဦးနွေရဲ့ဖျော်ဖြေမှုပဲဖြစ်ပါတယ်..."
"ဆောင်းလေးရေ... အဆောင်း..."
"နွေလေးရေ ဆိုပါတော့ဗျ..."
ကျောင်းသားတွေရဲ့ အပျော်နောက်ပြောင်မှုအောက်မှာ ကိုးတို့ကျောင်းသူတွေလည်း ပျော်ရွှင်ခဲ့ရလေသည်။
"ကိုး..."
"ဟင် ကင်း..."
ကင်းက သူမတို့်အနားသို့ရောက်လာကာ ကိုးရဲ့ဘေးမှာ ဝင်ထိုင်လိုက်လေ၏။
"ကိုး ဒီနေ့အရမ်းလှတာပဲနော်..."
"ကျေးဇူးတင်ပါတယ် ကင်း..."
ပန်းရောင်ဖျော့ဖျော့ဝမ်းဆက်လေးနဲ့ မျက်ကပ်မှန်လေးကိုတပ်ထားတဲ့ ကိုးရဲ့ပုံစံလေးက ဒီနေ့လာသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးပဲဆိုတာကို သူသိလိုက်လေသည်။
"ကန်တော့ပွဲပြီးရင် ကိုးတို့ ဘယ်သွားစရာရှိလဲ..."
"မရှိဘူး ကင်း... ဘာဖြစ်လို့လဲ..."
ကိုးရဲ့အစား မဒီကဝင်ပြောလိုက်ပေမယ့်လည်း ကင်းရဲ့အကြည့်တွေက ကိုးဆီကနေမခွာဘဲ
"ဒီနေ့ ကျွန်တော် ပါတီလုပ်ချင်လို့ အဲ့ဒါကြောင့် ကိုးတို့လိုက်ခဲ့ပါလား..."
"ပါတီပွဲ ဟုတ်လား ကင်း... ကင်းရဲ့မွေးနေ့လား..."
"မဟုတ်ဘူး စိမ်း... ကျွန်တော် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနဲ့ ရုပ်ရှင်ငါးကားရိုက်ဖို့ စာချုပ်ချုပ်ရတာမို့လို့ ပါတီလုပ်တာပါ..."
"ရုပ်ရှင်ငါးကားတောင်မှ..."
မဒီက အ့ံသြတကြီးပြောလိုက်တော့ ကင်းက ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ပါတယ်... အဲ့ဒါကြောင့် ပါတီလုပ်တာပါ... ကျွန်တော့်ပျော်ရွှင်မှုကို အားလုံးလည်း ဂုဏ်ပြုပေးမယ်မို့လား..."
"ဒါပေါ့... ဂုဏ်ပြုရမှာပေါ့ ဟုတ်တယ်နော် စိမ်း..."
"အင်း ဟုတ်တယ်..."
"ကိုးတော့ မလိုက်တော့ပါဘူး ကင်း..."
"ဟင် ကိုးကအဓိကလေ ကိုးရဲ့..."
ကင်းရဲ့စကားကြောင့် ကိုး စိမ်းကိုမျက်နှာပူသွားကာ ကြည့်လိုက်တော့ စိမ်းက အကြည့်တွေကို တခြားဘက်သို့ လွှဲထားလေသည်။
"ကိုးကို ကူပြောပေးကြပါဦး စိမ်းနဲ့မဒီရယ်... ကျွန်တော်က နောက်ဆို အလုပ်တွေကရှုပ်တော့မှာ အဲ့ဒါကြောင့် တွေ့ဖို့အားမှာမဟုတ်တော့ဘူး... အခုလိုမျိုး ကျောင်းကလုပ်တဲ့ပွဲတွေကိုတောင် ကျွန်တော်တက်နိုင်မှာမဟုတ်တော့လို့ပါ..."
စိမ်းနဲ့မဒီ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။ ကိုးမှာလည်း ဝမ်းသာစရာ အကြောင်းရှိနေသလို ကင်းကလည်း ဝမ်းသာရတဲ့ပွဲတစ်ပွဲဖြစ်နေသဖြင့် ဒီနေ့မှာ သတင်းကောင်းတွေက စုနေတော့သည်။
"ကိုး လုပ်ပါနော်... ဒီတစ်ခါက ကိုယ်တို့တွေ့တာ နောက်ဆုံးဖြစ်ချင်ရင်လည်းဖြစ်နေနိုင်တယ်လေ ကိုးရဲ့... ကျွန်တော်က နောက်ဆို ကိုးကိုတွေ့ချင်ပါတယ်ဆိုရင်တောင် တွေ့လို့ရတော့မှာမဟုတ်တော့ဘူး..."
ကိုး သူငယ်ချင်းနှစ်ယောက်ကိုကြည့်လိုက်တော့လည်း သူငယ်ချင်းတွေရဲ့အကြည့်တွေက နှုတ်ကမပြောပေမယ့် လိုက်စေချင်နေသည့်ပုံပင်။ တကယ်ဆိုရင် ကင်းအတွက် ကိုးလည်း ဂုဏ်ယူသင့်တယ်လို့ ထင်မိပါတယ်။ ရုပ်ရှင်ငါးကားစာချုပ်ချုပ်ဖို့ဆိုတာ နည်းတဲ့အခွင့်အရေးမှမဟုတ်တာ။
"ကိုး... လုပ်ပါ... ကိုယ်ပျော်ရွှင်နေရတဲ့ပွဲမှာ ကိုယ်ချစ်ရတဲ့လူတွေအားလုံးကိုရှိစေချင်လို့ပါ..."
"ကိုး... နင် အဆင်ပြေမယ်ဆိုရင် လိုက်ခဲ့ပါလား..."
"ဟာ မဒီကလည်း... ကိုးမှ လိုက်လို့မရတာကို..."
"ဟာ ဟုတ်သားပဲ ငါဟာလေ... အရမ်းမေ့တတ်တာလဲ..."
"ဟင် ဘာဖြစ်လို့လဲ... ကိုးက ဘာဖြစ်လို့ လိုက်လို့မရတာလဲ..."
ကင်းက ကိုးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာကိုမသိသေးတော့ မဒီတို့ပြောတာကို နားမလည်ဘဲမေးလာသဖြင့် ကိုး ကင်းကို ခေါင်းရမ်းပြလိုက်ကာ
"ဘာမှမဟုတ်ပါဘူး ကင်း... ကိုး လိုက်ခဲ့ပါ့မယ်..."
"တကယ်နော် ကိုး... ကျေးဇူးတင်ပါတယ်ဗျာ..."
"ဟုတ်..."
"ကင်းရဲ့အိမ်မှာပဲလား..."
"အင်း ဟုတ်တယ် စိမ်း..."
"ဒါဆို စိမ်းရဲ့ကားနဲ့ပဲ စိမ်းတို့သုံးယောက်လိုက်ခဲ့မယ်လေ..."
"ဟုတ်တယ် ကင်း... ဒီနေ့ မဒီလည်း ကားမပါဘူး... ကိုးကလည်း လာကြိုမှာဆိုတော့ မဒီတို့ အဲ့လိုပဲ လုပ်လိုက်မယ်နော်..."
"အင်း မဒီတို့အဆင်ပြေသလိုလုပ်ပါ... ဒါပေမယ့် ကျွန်တော် တစ်ခုပြောချင်တာက ကျွန်တော် အခုအိမ်ကိုပြန်နှင့်တော့မယ်... မဒီတို့ကတော့ ကန်တော့ပွဲပြီးမှ လိုက်ခဲ့လည်းရပါတယ်... ကျွန်တော်က အိမ်မှာ ပြင်ဆင်စရာရှိတာပြင်ဆင်ရဦးမှာဆိုတော့လေ..."
"ဪ... ဟုတ်ကဲ့ ရပါတယ် ကင်း... မဒီတို့ နောက်က လိုက်ခဲ့ပါ့မယ်..."
"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး..."
"ဟုတ်..."
"ကိုး ကိုယ်သွားတော့မယ်နော်... ကိုယ် စောင့်နေမယ်..."
ခညောင်း ကိုးခေါင်းပြန်ငြိမ့်ပြတာကို ကြည့်ပြီးမှ ထွက်လာခဲ့လိုက်သည်။ တော်တော်လေးအလှမ်းဝေးတဲ့နေရာကိုရောက်တော့ ရာဇာ့ကို ဖုန်းဆက်လိုက်ကာ
"ဟယ်လို ရာဇာ..."
"ခညောင်း ငါ အဆင်သင့်လုပ်ထားတယ်..."
"ဟုတ်လား... အင်း ကျေးဇူးပဲ ရာဇာ..."
"ရပါတယ်ကွာ... မင်းသာအဆင်ပြေအောင်လုပ်..."
"အင်း... ငါ ကိုစိုင်းအိုက်မော်ကို ဖုန်းဆက်လိုက်ဦးမယ်..."
"အင်း..."
သူ ရာဇာ့ဖုန်းကိုချလိုက်ပြီး ကိုစိုင်းအိုက်မော်ကို ဖုန်းဆက်လိုက်၏။
"ဟယ်လို..."
"ဘယ်လိုလဲ အဆင်ပြေရဲ့လား ခညောင်းရှင်..."
"ကျွန်တော် အဆင်ပြေတယ် ကိုစိုင်းအိုက်မော်... အစီအစဉ်အတိုင်းပဲ ဆက်လုပ်လိုက်တော့မယ်..."
"Ok... မင်း အဆင်ပြေမှာပါ... နောက်ဆုံးတော့ မင်းလည်း မင်းချစ်ရတဲ့သူကို ပြန်ပြီးပိုင်ဆိုင်ရတော့မယ်... ကွန်ဂရက်ကျူရေးရှင်းပါ ခညောင်းရှင်..."
"ကျေးဇူးတင်ပါတယ်... တကယ်တော့ ဒါတွေက ခင်ဗျားကြောင့်ပါပဲ..."
"ရပါတယ်ကွယ်... ကဲ ဒါဆိုလည်း Good Luck ပါ ခညောင်းရှင်... ငါလည်း ငါတို့စီစဉ်ထားသလို အစ်ကိုတော့်ဆီကို သွားလိုက်ဦးမယ်..."
"ကောင်းပါပြီ ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်..."
"အင်း..."
သူ ဖုန်းချလိုက်ကာ တက်ကြွသောခြေလှမ်းတို့ဖြင့် ကားပါကင်ရှိရာသို့ ထွက်လာလိုက်တော့သည်။
#######
ဆက်ရန် - အခန်း(၃၂)

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now