Chapter 1
‘’ရှအန်း....'’
‘’ညီမလေး...."
ရှအန်း ရုတ်တရက် သူမ မျက်လုံးများအားဖွင့်လိုက်သည်။ ဇွန်ဘီများ၏စားသောက်ခြင်းအား ခံရတော့မည့် သူမသည် သန့်ရှင်းပြီး နူးညံ့သောနေရာတွင် အိပ်ပျော်နေသည်အား တွေ့ရှိလိုက်သည်။
အဖြူရောင်စောင်၊ လတ်ဆက်သောလေထု၊ ထို့နောက် မွှေးပျံ့နေသော ရေမွှေးနံ့…
တစ်ခုခုတော့ မှားနေပြီ…
ကမ္ဘာပျက်ကပ် အတွေ့အကြုံရှိထားသော ရှအန်း နိုးနိုးကြားကြားဖြစ်သွားကာ ချက်ချင်းပင် စောင်ကိုဖယ်ပြီး အိပ်ယာမှ ထဖို့ ကြိုးစားလိုက်သည်။ သို့သော်လဲ သူမစောင်ကိုဖယ်လိုက်စဉ်တွင် ’ဒီ…ဟာ…က.. ငါ့လက်လား’
ရှအန်း သူမ လက်ဖဝါးအား ကြည့်လိုက်သည်။ ဖြူဖွေးနေသော်လဲ ခြောက်သွေ့နေသောလက်ချောင်းများသည် အရိုးအဆစ်များမှ ပြူးထွက်နေလေသည်။ သူမ ချက်ချင်းပဲ အေးခဲသွားသည်။
ကမ္ဘာပျက်ကပ် နေ့ရက်များ၌ ကံကောင်းစွာဖြင့် သူမတွင်စွမ်းအားများရှိလာသည်။ ထိုစွမ်းအားသည် သူမအား ပိုမိုလှပလာစေသည်။
တစ်နေ့ပြီး တစ်နေ့ တခြားသူတွေထက်ပိုလှပလာသည်။
မည့်သည့်ပတ်ဝန်းကျင်၌ နေထိုင်နေပါစေ၊ မည်မျှပင် သူမ ဆာလောင်နေပါစေ၊ မည်မျှပင် အာဟာရအစာများစားနေပါစေ၊ မည်မျှပင် သူမ ကျန်းမာနေပါစေ၊ သူမခန္ဓာကိုယ်တွင်းတွင် သန့်စင်နေပြီး အချိန်တိုင်း သန့်ရှင်းခဲ့သည်။ ထို့ကြောင့် သူမသည် ဘယ်တုန်းကမှ ညစ်ပတ်ခြင်း၊ ပိန်ကပ်ခြင်း မရှိခဲ့ပေ။
သူမ ခန္ဓာကိုယ်သည် ဖြူဖွေးနူးညံ့ သန့်ရှင်းပြီး ကျန်းမာသည့်အတွက် ကမ္ဘာပျက်ကပ် နေ့ရက်များတွင် သူမရှင်သန်နေသည်ဟုပင် မထင်ရပေ။
ထိုလှပသောခန္ဓာကိုယ်သည် များပြားလှသော ပြသနာများအား ဖြစ်စေသည့်အတွက် သူမ မလိုချင်ခဲ့သော်လဲ ယခုမြင်နေရသည့်လက်မှာတော့ သူမကိုယ်ပိုင် လက်များမဟုတ်သည်အား နားလည်သည်။
သူမသည် သူမ၏စွမ်းအားကြောင့် သူမ၏မျက်နှာကြောင့် သူတိုင်း၏စိတ်ဝင်စားခြင်းကို ခံရသူဖြစ်သည်။
YOU ARE READING
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...