ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.6K 87 1
                                    

Chapter 161

ရှအန်းက တရုတ်လူမျိုးများ၏ အနူးအညွတ်မေတ္တာရပ်ခံမှုများစွာ ရရှိထားသော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။

ရှအန်းက ယခုအခါ ယူအက်စ်တွင် ကုမ္ပဏီတစ်ခု ဖွင့်လှစ်ထားသည်။

ထို့အပြင် သူမ၏ သားလိမ္မာလေးကလည်း ယူအက်စ်တွင် ပညာသင်ကြားနေသည်ဖြစ်၍ လတ်တလောတွင် တရုတ်နိုင်ငံသို့ ပြန်မသွားနိုင်တော့ပေ။

" ဘာ...  ရှအန်း ... Return to Earth ရိုက်ပြီးရင်လည်းတရုတ်ကိုမပြန်တော့ဘူးလား ..."

ဟန်ယွဲ့ မယုံကြည်နိုင်ပေ။ ရှအန်းက နိုင်ငံခြား‌ဖျော်ဖြေရေးလောက ဈေးကွက်ကို ထိုးဖောက်နိုင်သူဖြစ်သော်လည်း သူမက တရုတ်လူမျိုးသာဖြစ်သည်။  သူမ၏ အဓိကစစ်မြေပြင်က သူမ၏နိုင်ငံသာဖြစ်သည်။

" ရှအန်း ငါတို့က တရုတ်လူမျိုးတွေလေ ... ငါတို့ တစ်ခါတစ်ရံ အမေရိကဈေးကွကို ရောက်လာဖို့ပဲလိုတာ ... မင်းဒီမှာ ‌အခြေကျချင်တယ်ဆိုတာ ငါသိပ်ပြီး အားမပေးဘူး ..."

ရှအန်းကို ကြည့်ရသည်မှာ မတုန်မလှုပ်ပင်။ ဟန်ယွဲ့က သူတို့အနားသို့ ရှုထျန်းထျန်းကို ဆွဲခေါ်လာသည်။

" ထျန်းထျန်း မင်းကသူ့ရဲ့ အေးဂျင့်လေ နည်းနည်းပါးပါး ဖျောင်းဖျဦး ..."

သို့ရာတွင် ရှုထျန်းထျန်းက သူနှင့်ဆန့်ကျင်ဘက်ဖြစ်နေမည်ဟု ဟန်ယွဲ့မထင်ထားပေ။

" ကျွန်မမှာ တခြားထင်မြင်ချက်တွေ မရှိပါဘူး ... သူမသွားသမျှနေရာတိုင်းကို ကျွန်မလိုက်မယ် ..."

" မင်း ... မင်း ... မင်းကတကယ့်ကို သူ့ပရိသတ်ပဲ ... ပရိသတ်တွေက အနုပညာရှင်တွေရဲ့အေးဂျင့် ဘာလို့မဖြစ်သင့်တာလဲဆိုတာ ငါအခု နားလည်သွားပြီ ..."

ဟန်ယွဲ့၏ပူပန်နေသော မျက်နှာကိုကြည့်ပြီး ရှအန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
" ကျွန်မက ပြည်တွင်းဈေးကွက်ကို ပြန်မသွားဘူးလို့မပြောမိပါဘူး ... ဆိုလိုတာက ယူအက်စ်မှာပဲနေမယ်ဆိုပေမယ့် ပြည်တွင်းရှိုးတွေကို လက်မခံဘူးလို့ မပြောမိဘူးလေ ..."

ရှအန်းက သူမ၏အတွေးများကို ရှင်းပြနေသည်။ သူမက သရုပ်ဆောင်ခြင်းကို စိတ်မဝင်စားသော်လည်း variety show များကို ယခုအခါ၌ အနည်းငယ်စိတ်ဝင်စားလာပုံရသည်။

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေTahanan ng mga kuwento. Tumuklas ngayon