Chapter 9
နောက်တစ်နေ့နက်ခင်းတွင် ရှအန်းတစ်ယောက် စားသောက်ပွဲကြီးတစ်ခုတွင် စားနေသည့် အိမ်မက်ဖြင့် နိုးထလာသည်။ ကြက်ပေါင်နှင့် ကိတ်မုန့်များက သူမလက်ထဲတွင်ရှိနေသော်လည်း သူမ မစားနိုင်ခင် ဖုန်းမြည်သံကြောင့် နိုးလာရသည်။
ပထမတွင် သူမ ထိုဖုန်းက်ု လစ်လျူရှုရန်ကြံထားသော်လည်း သူမဘေးမ အကောင်ပေါက်လေးက အိပ်ရာမှနိုးသွားလေသည်။
‘’မာမား… ဖုန်းမြည်နေတယ်နဲ့တူတယ်....’’ထိုဖုန်းသံကြောင့် အကောင်ပေါက်လေးနိုးသွားသည်အား သိလိုက်ရသည့်အတွက် ရှအန်း စိတ်တိုသွားကာ ဖုန်း ကိုင်လိုက်သည်။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းပေါ်မှ နံပါတ်စိမ်းအား ကြည့်လိုက်ကာ ဖြေလိုက်သည်။
ဖုန်းကိုင်လိုက်သည်နှင့် တပြိုင်နက် သူမ အောက်ပါစကားကို ကြားလိုက်ရသည်။‘’မစ္စရှအန်း… ရှင် ယွမ်၃၀၀,၀၀၀(သုံးသိန်း)ဘယ်တော့ပေးပြန်မှာလဲ....’’
တဖက်မှ အမျိုးသမီးဉအသံက အလွန်နူးညံ့ကာ ကောင်းမွန်လေသော်လည်း စကားလုံးများက သူမကို စိတ်ရှုပ်သွားစေသည်။
‘’ ဘာကို…’’ရှအန်း သူမ စိတ်ထဲအထင်မှားသည်ဟုတွေးကာ မျက်လုံးအားပွတ်လိုက်ပြီး ဖုန်းကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်လေသည်။
‘’မစ္စရှအန်း… စာချုပ်ဖျက်လိုက်တဲ့အတွက် ကုမဏီကိုလျော်ကြေးမပေးဘူးဆိုရင် ကျွန်မတို့ဘက်ကလည်း ဥပဒေအရ လုပ်ရပါလိမ့်မယ်...."
‘’ဟား..ဟား… ဒီရက်ပိုင်း လိမ်ပြီးနှောက်ယှက်တဲ့ဖုန်းကောလ်တွေ တော်တော်များတာပဲ… ဒါပေမယ့် ဆောရီးပါ… ကျွန်မက အဲ့လို အရူးလုပ်လို့လွယ်တဲ့ လူမဟုတ်ဘူး....’’
ထိုသို့ပြောပြီးနောက် ရှအန်း ဖုန်းချ လိုက်သည်။ဟမ်…ဟမ်… မနက်စောစောမှာ ဒီလိုအနှောက်အယှက်ဖြစ်စရာ ဖုန်းကောဝင်လာရတယ်လို့... ပြီးတော့ အဲ့ဒါကလည်း မကောင်းတဲ့သတင်းကြီးတဲ့...
ထို့နောက် မနေ့ညက မစားလိုက်ရသည့် သူမ၏စားသောက်ပွဲကြီးကို သတိရသွားလေသည်။
‘’မာမား… လိမ်ပြီးနှောက်ယှက်တဲ့ဖုန်းဆိုတာ ဘာလဲဟင်..’’
ရှအန်း ခေါင်းငြိမ့်လိုက်သည်။
တစ်စုံတစ်ယောက်က စာချုပ်လျော်ကြေး ၃ သိန်းတောင်းနေတယ်တဲ့... ဘယ်လိုလုပ်ဖြစ်နိုင်...
ESTÁS LEYENDO
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...