Chapter 138
ရှအန်းက အမေရိကန်တွင် အမှန်တကယ်ရှိနေကြောင်း သိလိုက်ရသောအခါ တရုတ်မှ လူများက အတွေးမျိုးစုံဖြင့် ပို့စ်တင်ကြတော့သည်။
ရှအန်း၏ ရသစုံရှိုးအသစ်က အမေရိကန်ရှိ FX TVတွင် ပြသခါနီးပြီဖြစ်သည်။
[တကယ်ပဲလား... အဲ့ရှိုးက FX TVမှာ တကယ်ပြတော့မှာလား...]
[မဖြစ်နိုင်တာ.... ရှအန်းက ပိတ်ပင်ခံထားရတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အမေရိကန် TVမှာ ပေါ်လာမှာတဲ့လဲ...]
...
သို့သော် မကြာခင်တွင် ထိုကဲ့သို့ မေးခွန်းထုတ်ချင်စရာ ကွန်းမန့်များက စကားလမ်းကြောင်း လွဲသွားတော့သည်။
[ကြည့်ကြဦး... ရှအန်းက ထပ်ပြီး လှလာတယ်လို့ မထင်ဘူးလား... သူ့ကြည့်ရတာ "Come on Challenger"တုန်းကထက် ပိုပြီးကြည့်ကောင်းလာတယ်နော်...]
[နတ်ဘုရားမက အခုထိ အစားသမားလေးဖြစ်နေတုန်းပဲ... ငါတရုတ်တန်းမှာ နတ်ဘုရားမနဲ့ ဆုံဖူးချင်လိုက်တာ... နတ်ဘုရားမစားနေတာကိုကြည့်ပြီး ငါပါ စားချင်စိတ်တွေ ဖြစ်လာပြီ...]
[ရှအန်းရဲ့ Blondeဗားရှင်းက နတ်သမီးလေးအတိုင်းပဲ... အရမ်းလှတယ်... ငါတို့ တရုတ်တွေရဲ့ အလှအပရေးရာ စံသတ်မှတ်ချက်တွေနဲ့ မတူတဲ့ နိုင်ငံခြားသားတွေတောင် သူမကို သဘောကျကြတယ်... ရှအန်းရဲ့ အလှတရားက အင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ပြောရင်တောင် မလွန်ဘူးလား...]
[နတ်ဘုရားမကလေ အလှတရားတန်ဖိုး ပိရမစ်ရဲ့ ထိပ်ဆုံးမှာရှိတယ်သိလား... လူရှုပ်လူပွေတဲလက်စ်ကတောင် သူမကို သဘောကျသွားတယ်... ငါလေးတော့ ပြောစရာစကားတွေပါ ပျောက်ရှနေပါပြီနော်...]
[ရှအန်းကို ပိတ်ဆို့ထားတယ်ဆိုရင်တောင် ဘာအသုံးဝင်လို့လဲ...ရှအန်း သူမရဲ့အလှတရားကိုချပြလိုက်တာနဲ့ တည်ငြိမ်နေတဲ့ရေကန်ပေါ် ခဲလုံးချလိုက်သလိုပဲ တမ်းခနဲ လွှမ်းမိုးနိုင်တဲ့ လှိုင်းလုံးတွေ လွှမ်းခြုံသွားတာပဲ...]
[*စခင်ရင်ကိုလျက်နေ* နတ်ဘုရားမကတော့ ပိုပိုပြီးကို လှလာနေတာပဲ...]
....
YOU ARE READING
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...