ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.5K 94 1
                                    

Chapter 158

ဘာမှ ထပ်ပြောစရာမလိုတော့ဘူး ... ရှအန်းက တကယ်ကို ‌ကြိုးကြိုးစားစားလေ့လာနေတာပဲ ...

[ ရှအန်းက အရွယ်ရောက်နေသူဆိုပေမယ့် အင်္ဂလိပ်စာကို ကောင်းကောင်းသင်နိုင်သေးတာပဲ ... ငါလည်း အင်္ဂလ်ပ်စာကို လေ့လာမှဖြစ်မယ် ]

[ ငါ့အမြင်မှာ အင်္ဂလိပ်စာလေ့လာတာက သရုပ်ဆောင်တာထက် ပိုခက်သလိုပဲ ... ဒါပေမဲ့ ရှအန်းက ဒါကိုကျော်လွှားနိုင်ခဲ့တယ်ဆိုတော့ သရုပ်ဆောင်ချိန်မှာလည်း ပြဿနာမရှိလောက်ဘူးပေါ့ ]

[ ရှအန်းက ငါတွေ့ဖူးသမျှထဲမှာ အလေးနက်ဆုံး အမျိုးသမီးအနုပညာရှင်ပဲ ]

[ ရိုးရိုးသားသားပြောရမယ်ဆိုရင် ရှအန်း အဘန်းခံရတဲ့ကိစ္စက အစတည်းက ယုတ္တိမရှိတာပဲ သူမသာ တားမြစ်မခံရရင် "ရှအန်း၏စတားဘဝ" လို ရသစုံရှိုးမျိုးကို ယူအက်စ်မှာ ဘာလို့လွှင့်နိုင်မှာလဲ  ]

[ ငါ ရှအန်းနဲ့ ရိုက်ကူးရေးအဖွဲ့အတွက် စိတ်မကောင်းဘူး ... တချို့လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဒီလောက်ကောင်းတဲ့ ရသစုံရှိုး က ပျက်စီးခဲ့ရတယ် ]

[ အားလုံးသိတဲ့အတိုင်းပဲ ရှအန်းအကြောင်း သတင်းကောင်းတွေတက်လာရင် ဆိုးဝါးတဲ့အမြင်တွေက ဘယ်ကမှန်းမသိ ထွက်လာပြီ ... ငါထင်တာ ရှအန်းကို နာမည်ဖျက်ဖို့ ဆိုက်ဘာအဖွဲ့တွေကို ငှားထားတာလား မသိဘူး ]

[ ရှအန်း တရုတ်ကိုပြန်လာဖို့မျှော်လင့်မိပေမယ့် ပြည်တွင်းက ဖျော်ဖြေရေးနယ်ပယ်က မှောင်မိုက်လွန်းနေတယ် ... ရှအန်းသာ ပြည်ပက ဖျော်ဖြေရေးနယ်ပယ်မှာ ဆက်လုပ်မယ်ဆိုလည်း သူမပြန်မလာရင်တောင် ငါလက်ခံပေးနိုင်တယ် ]

[ ရှအန်းကို ပြည်တွင်း အနုပညာအသိုင်းအဝိုင်းက ပိတ်ဆို့ထားတာကို ရပ်တန့်စေချင်တယ် ... ရှအန်း တရုတ်ပြည်ကို ပြန်ရောက်လာရင်ကောင်းမှာပဲ ]

ရှအန်း၏ စာလေ့လာနေသည့်ဗီဒီယိုကြောင့် တစ်နိုင်ငွလုံး၏အမြင်က ပြောင်းပြန်ဖြစ်သွားပြီး ဆွေးနွေးမှုများကလည်း အထွဋ်အထိပ်ရောက်နေသည်။

ရှုထျန်းထျန်း၏ တွက်ချက်မှုများကြောင့် ရှအန်းကို သဘောကျနှစ်သက်မှုများက အမြင့်ဆုံးသို့ရောက်နေသည်။

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေWhere stories live. Discover now