Chapter 165
H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲတွင် ပထမရသည့်ဓာတ်ပုံဆရာမှာ အယ်လန်ဖြစ်သည်။
ဒိုင်များကို စိတ်ရှုပ်ထွေးစေခဲ့သည့် မော်ဒယ်ကြယ်ပွင့်မှာ ရှအန်းဖြစ်သည်။
H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲရလဒ်ကို ကြေညာလိုက်သည်နှင့် ဒိုင်လူကြီးများ မျှော်လင့်ထားသည့်အတိုင်း အင်တာနက်ပေါ်တွင် ဂယက်ထသွားသည်။
အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်မှာ ရှအန်းမော်ဒယ်အဖြစ်ရိုက်ထားသည့် ဓာတ်ပုံဖြစ်သည်။
H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲကို လူများက အလွန်အာရုံမစိုက်ကြပေ။
၎င်းက အတတ်ပညာဆိုင်ရာဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်၍ ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်မကျော်ပေ။
ဤပြိုင်ပွဲကို စိတ်ဝင်စားကြသူများက ဓာတ်ပုံဆရာအချို့နှင့် ဓာတ်ပုံပညာရပ်ကို စိတ်အားထက်သန်စွာလိုက်စားသူအချို့သာဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲ၏ရလဒ်နှင့်ပတ်သက်၍ အလွန်ဂယက်မထသွားပေ။
အားလုံးစိတ်ဝင်စားကြသည်မှာ H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲတွင် ပထမရရှိသွားသူက တရုတ်လူမျိုးဖြစ်နေခြင်းကိုပင်။
"မျှော်လင့်ချက်နှင့် ကတိတည်ခြင်း"ဟူသည့် ဓာတ်ပုံမှ မော်ဒယ်မှာ သူတို့၏ နတ်ဘုရားမလေးဖြစ်ကြောင်း လူအချို့က မှတ်မိကြသည်။
[ နင်တို့အားလုံး ယုံမယ်တော့မထင်ဘူး ဒီနှစ် H.S နိုင်ငံတကာဓာတ်ပုံဆုပေးပွဲမှာ ပထမရသွားတဲ့မော်ဒယ်က နတ်ဘုရားမလေးရှအန်းတဲ့ ]
[ ဘုရားရေ ... ရှအန်းရဲ့ဓာတ်ပုံက အရမ်းလှတာပဲ... မျှော်လင့်ချက်နှင့် ကတိတည်ခြင်း ဆိုတဲ့နာမည်နဲ့လိုက်ဖက်ပါပေတယ် ]
[ ပထမဆုရတဲ့ ပုံဖြစ်သင့်ပါပေတယ် ... တကယ်မိုက်တာပဲ ... မျှော်လင့်ချက်ဆိုတဲ့ ခံစားချက်ကိုရတယ် ]
[ ရှအန်းရဲ့ မျက်နှာက တကယ့်ကို အံ့အားသင့်စရာပဲ ... တရုတ်က "Come on Challenger" အစီအစဉ်ကိုကြည့်တုန်းက ရှအန်းက စွမ်းအားရှိတဲ့လူတစ်ယောက်လိုပဲ ... "ရှအန်း၏စတားဘဝ" မှာတော့ ရှအန်းက အလုပ်ကြိုးစားတဲ့ အမေတစ်ယောက်လို ခံစားရတယ် ... မျှော်လင့်ချက်နဲ့ ကတိတည်ခြင်းဆိုတဲ့ပုံမှာတော့ ရှအန်းမျက်နှာပေါ်မှာ စိတ်ပျက်ဝမ်းနည်းမှုနဲ့ မျှော်လင့်ချက်တွေကို မြင်ရတယ် ... ရှအန်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ ... သူမ “Return to Earth”မှာလည်း ကောင်းကောင်းသရုပ်ဆောင်ထားမယ်လို့ ထင်မိတယ် ]
ESTÁS LEYENDO
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...