Chapter 168
ရှုထျန်းထျန်းက ပြုံးပြပြီး ရေရွတ်လိုက်သည်။
" သူမက အရမ်းစိတ်လှုပ်ရှားသွားပုံပဲ ... ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး ... နောက်ဆို နေသားကျသွားလိမ့်မယ် ..."ထို့နောက် ရှအန်းက လူဆယ့်တစ်ယောက်၏ ကိုယ်ပိုင်အရည်အချင်းများကို မှတ်ထားလိုက်သည်။ ထိုဆယ့်တစ်ယောက်ထဲတွင် အချို့က မိတ်ကပ်အထူးပြုကျောင်းမှ ဘွဲ့ရခဲ့ပြီး နာမည်ကြီးဆရာများ၏ လက်အောက်တွင် ပညာသင်ခဲ့ကြသဖြင့် မိတ်ကပ်လိမ်းခြယ်ခြင်းနှင့် လက်ယဉ်နေကြသည်။
အချို့က ဖက်ရှင်ဒီဇိုင်းတက္ကသိုလ်မှဘွဲ့ရခဲ့သဖြင့် ဖက်ရှင်ပညာတွင် ထူးချွန်ကြသည်။
ပို၍ကြောက်စရာကောင်းသည်မှာ ဤလူဆယ်ယောက်ထဲတွင် စာရင်းကိုင်များလည်း ပါဝင်ပြီး တချို့က ကွန်ပျူတာဂရိုဂရမ်ရေးဆွဲသူများဖြစ်သည်။
ရှအန်း အနည်းငယ်ရှက်သွားသည်။
ဒီလူအုပ်စုက သူမလက်အောက်က ဖျော်ဖြေရေးနယ်ပယ်မှာ ဘာလို့ လက်ထောက်လာလုပ်ကြတာလဲ ...ဘာများဆိုင်နေလို့လဲ ...
" ရှအန်းကျဲ ကျွန်မဒီလူတွေကို ဂရုတစိုက်ရွေးထားတာပါ ... မိတ်ကပ်နဲ့ ဝတ်စုံဒီဇိုင်းအတွက် ကျွန်မတို့ ကိုယ်ပိုင်လူတွေကိုပဲသုံးရင် ကျဲရဲ့ ပုံရိပ်အတိုင်း ပိုလှအောင်လုပ်ပေးလို့ရတယ် ... စာရင်းကိုင်ကတော့ နောက်ဆိုရင် အခွန်တွေနဲ့ ငွေပေးချေမှုတွေကို ကိုင်တွယ်လိမ့်မယ် ..."
ရှအန်း၏ အကြည့်က မျက်မှန်အနက်ကြီးကိုတပ်ထားပြီး ဆံပင်များက နဖူးအထိရောက်နေသည့် အိုတာခုကို ကြည့်လိုက်သည်။
" သူကရော ... ကွန်ပျူတာပရိုဂရမ်ပိုင်းက တို့တွေအလုပ်နဲ့ ဘာဆိုင်လို့လဲ ..."
သူ၏ နတ်ဘုရားမလေးပြောသည်ကိုကြားသဖြင့် အိုတာခုက စိတ်လှုပ်ရှားစွာဖြင့် ခါးမတ်မတ်ထိုင်လိုက်သည်။ သူမအသံတွင် အနည်းငယ်လှောင်ပြောင်မှု ပါဝင်သွားသဖြင့် သူ အံ့အားသင့်သွားပုံပင်။
" ရှအန်းကျဲ ကျွန်မတို့ရဲ့ programmer ကို အထင်မသေးပါနဲ့ ... သူ့ရဲ့အသုံးဝင်မှုတွေကတော့ ပြောမကုန်အောင်ပဲ ..."
BINABASA MO ANG
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...