Chapter 185
ရှရှင်းချန်က ကုရှုမော့ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားလိုက်ပြီး စကားဆက်ပြောလို့ မရအောင် လုပ်လိုက်သည်။ ရှုအန်းက လှည့်ကြည့်လိုက်သည်။
ရှအန်းက ကုရှုမော့ ပြောသည်များကို နားလည်ပြီး ရှရှင်းချန် ခုရက်ပိုင်း မပျော်သည်ကိုလည်း သိသည်။
အဲ့လိုဖြစ်တာ သူတို့က ရှရှင်းချန် အဖေကိုသိချင်နေကြလို့လား....
ဒီကလေးတွေက ဘာတွေ တွေးနေကြတာလဲ....
"အ်ိုခေ..ရှောင်ရှင်း ရှောင်ချန်းကို လွှတ်လိုက်တော့..မင်းက သူ့ကို အသက်ရှုရခက်အောက် လုပ်နေတယ်...."
ရှအန်းက သူ၏ လက်ဖဝါးကို ကုရှုမော့ဆီကနေ ဖယ်ပေရလိုက်သည်။ရှရှင်းချန်က ကုရှုမော့ကို ပြင်းထန်သော စကားများ ပြောခြင်းမှ ရပ်စေချင်သော်လည်း ရှအန်း၏ စကားလုံးများကြောင့် သူမပြောသည်ကို နာခံပြီး လွှတ်ပေးလိုက်ရသည်။
"ဟူး..”
ကူးရှု့မော့သည် အသက်ပြင်းပြင်းရှုလိုက်ပြီး ပြုံး၍ပြောလိုက်သည်။
"မမနတ်သမီးက သားအပေါ် အရမ်းကောင်းတယ်ဆိုတာ သားသိတယ်...""မင်းက ကလေးလေးလေ..."
ရှအန်းသည် အလွန်ငယ်ရွယ်နေသေးသော ကုရှုမော့ကို ကြည့်လိုက်ပြီး စိတ်ထဲ၌ တွေးနေသည်။
ဒါက တကယ့်အမျိုးသားဇာတ်ဆောင်ရော ဟုတ်ရဲ့လား....
"ဟမ့်..."
ရှအန်းက ကုရှုမော့ကို စိတ်ဆိုးစွာ ကြည့်နေသော သူမ၏ သားဘက်လှည့်လိုက်သည်။ သူမစိတ်အေးသွားသည်။
"ရှောင်ရှင်း..စိတ်မတိုနဲ့တော့..သားက အတွေးလွန်နေတာ..."
ရှအန်းသည် သူမ၏ သားက ယခုလိုကိစ္စတွေမှာ စိတ်တိုတတ်လိမ့်မယ်လို့ မထင်ခဲ့ပေ။
သူမ အနည်းငယ် ငိုချင်လာသည်။
"သားအတန်းဖော် ပြောတာတွေကို ဂရုမစိုက်နဲ့..မေမေက သားအတွက် အဖေတစ်ယောက် လုံးဝ ရှာပေးမှာမဟုတ်ဘူး..."
ရှအန်းသည် မတ်တပ်ရပ်လိုက်ပြီး ကောင်ကလေးဆီ သွား၍ ခေါင်းက်ို ညင်သာစွာ ပုတ်လိုက်သည်။ သူမ ဝိညာဉ်ကူးပြောင်းသွားပြီး နောက်ပိုင်းတွင် သူ လွတ်လပ်စွာ တစ်ယောက်တည်းဘဲ နေချင်သည်။
YOU ARE READING
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...