ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.6K 111 0
                                    

Chapter 96

“Come on Challenger” ပထမပိုင်းလွှင့်ခဲ့စဉ်အခါကမှ ရှအန်းကဲ့သို့လူ ရှိကြောင်းရှာဖွေတွေ့ခဲ့ကြသည်။  ဖျော်ဖြေရေးနယ်ပယ်မှလူအားလုံး သူမက သေချာပေါက်အောင်မြင်လာမည့် ကံကောင်းသော ကြယ်ပွင့်ဖြစ်ကြောင်း  သိရှိခဲ့ကြသည်။

ထို့ကြောင့် “Come Challenger”၏ ဒုတိယပိုင်းကို ထုတ်လွှင့်သည့်အခါမှ ရှအန်းက နှစ်ပေါင်းများသွာ မပေါ်ထွန်းလာနိုင်ခဲ့သည့် စူပါစတားတစ်ယောက်ဖြစ်နေကြောင်း သတိပြုမိခဲ့ကြသည်။

မြေအောက်ရထားဘူတာရုံ ရထား ဘတ်စ်ကား နေရာအနှံ့တွင် လူများက ဖုန်းများကိုင်ပြီး “Come Challenger” အစီအစဉ်ကို ကြည့်ရှု့နေကြသည်ကို မြင်နိုင်သည်။ အချင်းချင်းတွေ့လျှင်လည်း အပြောအများဆုံး လူနာမည်က ရှအန်းသာဖြစ်သည်။

ပထမဆုံးပွဲဦးထွက်ရှိုးက အလွန်အောင်မြင်လူကြိုက်များခဲ့သည့်အတွက် ဟန်ယွဲ့ ဝမ်းသာမဆုံးဖြစ်နေသည်။ ပထမအပိုင်းနှစ်ခု၏ အဆင့်သတ်မှတ်ချက်များအပေါ် အခြေခံ၍ သူနှင့်သူ့ကုမ္ပဏီ၌ တောက်ပသောအနာဂတ်ရှိလာမည်ကို သူကြိုမြင်နိုင်ခဲ့သည်။

ရိုက်ကူးရေးအတွက်ရှအန်းကိုခေါ်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းက ကံကောင်းခြင်း၏အစဖြစ်ခဲ့သည်ဟု ဟန်ယွဲ့ထင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့ကိုကောင်းချီးပေးခဲ့သာ့် အနုပညာကြယ်ပွင့်ရှအန်းကို မည်သို့ကျေးဇူးတင်ရန် တွေးနေသည်။

ထိုအချိန်၌ ကောင်းချီးပေးခံရသည့် ကြယ်ပွင့်လေးရှအန်းမှာ ဝေးလံခေါင်သီသည့် တောင်တန်းနားမှ ရွာတစ်ရွာတွင် အယ်လန် ဓာတ်ပုံရိုက်ရန်အတွက် မော်ဒယ်လုပ်ပေးနေသည်။

" အရမ်းကောင်းတယ် ရှအန်း ... မင်းရဲ့မျက်လုံးတွေက မျှော်လင့်ချက်နဲ့ပြည့်ပြီး စိတ်ဓာတ်ကျမှုကင်းစင်နေတယ် ... မျက်လုံးထဲမှာ မျှော်လင့်ချက်လေး နည်းနည်းထပ်ထည့်လိုက်ဦး ..."

စိမ်းလန်းစိုပြည်သည့် အပင်ကြီးအောက်တွင် ရှအန်းက အဖြူရောင်လီနင်ဝတ်စုံကို ဝတ်ထားပြီး စုတ်ပြဲနေသည့် ဘာသာစကားစာအုပ်တစ်အုပ်ကို ကိုင်ထားကာ ကလေးတစ်အုပ်စုက သူမကို ဝန်းရံထားသည်။ အနောက်ဘက်တွင် ဆိတ်များ၊ ခြင်းတောင်းများ၊ အဝတ်စများလည်း ရှိနေသည်။

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေHikayelerin yaşadığı yer. Şimdi keşfedin