ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ

1.7K 133 0
                                    

Chapter 67

“Come on! Challenger! V: ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နံပါတ် ၂ အမျိုးသမီးဧည့်သည်ကို ထုတ်ဖော်ပြသလိုက်ပါပြီ ...  သူမ လှတယ်မလား ..."
[ ဓာတ်ပုံ ]

တရားဝင်ဝေ့ပေါ်မှ ပိုစ့်တင်လိုက်သည့်အခါ အင်တာနက်တစ်ခွင်မှ ပရိသတ်များအားလုံး သိချင်စိတ်ဖြစ်သွားပြီး ထိတ်လန့်သွားကြသည်။

ရှအန်းက ဒုတိယမြောက်အမျိုးသမီးဧည့်သည် ဖြစ်နိုင်သည်ဟု  ငြင်းခုန်နေကြသူများပင် အံ့ဩသွားကြသည်။

လူအများစုကလည်း မယုံကြည်နိုင်ကြပေ။

ဒါပေမဲ့ အခုတော့ ...

သူတို့နှစ်သက်ခဲ့သည့် ဒုတိယမြောက်အမျိုးသမီးပါဝင်သူက အင်တာနက်ပေါ်မှာ ကောလဟာလ အများကြီးရှိနေတဲ့ ရှအန်းဆိုတဲ့ ကြယ်ပွင့် ဖြစ်နေပါလား ...

[ ဒီ ရိုက်ကူးရေးအဖွဲ့က လာနောက်နေသလိုပဲ ...]

[“Come on Challenger” က ဒုတိယအလှဆုံး ဧည့်သည်က တကယ်ကြီးပဲ ရှအန်း ဖြစ်နေတာလား ...]

အင်တာနက်သုံးစွဲသူအားလုံး တုံ့ပြန်လိုက်သောအခါတွင် အင်တာနက်ပေါ်တွင် ဝမ်းနည်းမှုတစ်ခု ဖြစ်ခဲ့ရသည်။

ရှအန်းကြောင့် " Come on Challenger " အစီအစဉ်ကို လူရှာဖွေမှုအများဆုံး စာရင်းထဲသို့ ပြန်လည်ရောက်ရှိလာစေခဲ့သည်။

သန်မာသော သတင်းစီးဆင်းမှာကြောင့် အခြားကြယ်ပွင့်များ၏ လူရှာဖွေမှုအများဆုံး သတင်းများကလည်း ချောင်ထိုးခံလိုက်ရသည်။

# အလှဆုံးပါဝင်သူ ရှအန်း #

# Come on! Challenger!_ ရှအန်း #

 …

အင်တာနက်ပေါ်တွင် “Come on Challenger” နှင့် ရှအန်းက ကမ္ဘာကြီးကို ပြောင်းပြန်လန်သွားစေခဲ့သည်။

အချိန်ခဏအကြာတွင် " ဒုတိယမြောက်အမျိုးသမီးဧည့်သည် " ကို နှစ်သက်သူအဖွဲ့များက ရှအန်းကို " အနိုင်မကျင့်ရန်နှင့် ခံစားရအောင် မပြုလုပ်ရန် " မှတ်ချက်ပေးခဲ့ကြသည်။

ခဏအကြာတွင် ဒုတိယမြောက်အမျိုးသမီးဧည့်သည်ကို နှစ်သက်သဘောကျသည့် ပရိသတ်များ၏ စိတ်က ရှုပ်ထွေးလာပြန်သည်။

ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေOpowieści tętniące życiem. Odkryj je teraz