Chapter 151
" ရှုထျန်းထျန်းလား ..."
ဟန်ယွဲ့က ရှုထျန်းထျန်းကို အကြံပြုလာမည်ဟု ရှအန်းမထင်ခဲ့ပေ။ထိုမိန်းကလေးအပေါ် ထင်မြင်ချက်ကြီးကြီးမားမားမရှိခဲ့သော်လည်း။သူမ၏မှတ်ဉာဏ်ထဲတွင် သူ့ကိုမှတ်မိနေသေးသည်။
ရှုထျန်းထျန်းက ဟန်ယွဲ့နှင့် စာချုပ်ကိစ္စဆွေးနွေးရန် ပထမဆုံးအကြိမ်သွားစဉ်က တွေ့ခဲ့သည့် ငယ်ရွယ်သော ဝန်ထမ်းမလေးဖြစ်သည်။
" အာ သူမပဲ ... ဘာလို့ သူမအကြောင်းမိတ်ဆက်ပေးတာလဲ ..."
ရှအန်း အနည်းငယ်ပဟေဠိဖြစ်သွားမိသည်။ ဟန်ယွဲ့က ထိုမိန်းကလေးအကြောင်း ပြောလိမ့်မည်ဟုမထင်ထား၍ ရှအန်း ပြောစရာစကား ပျောက်ရှသွားသည်။
" မင်းရဲ့အလုပ်အကိုင်တွေကို ဂရုစိုက်ဖို့ ယုံကြည်ရတဲ့လူတစ်ယောက်ယောက်ကိုပဲ လိုချင်တယ်လို့ ပြောတယ်မလား ...ဒါဆိုရင်တော့ ရှုထျန်းထျန်းက သေချာပေါက် အသင့်တော်ဆုံးပဲ ..."
ဟန်ယွဲ့က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ရှအန်းမျက်မှောင်ကြုတ်လိုက်မိသည်။
" တကယ်လား ... ဘာလို့ အဲ့လိုပြောတာလဲ ..."" ရှုထျန်းထျန်းက ရှုတောက်ရဲ့တူမလေ ..."
" ရှုထျန်းထျန်းက ရှုတောက်ရဲ့တူမလား ..."
ထိုမိန်းကလေးက ရှုထောက်၏ တူမဖြစ်နေမည်ဟု ရှအန်း မထင်ထားမိခဲ့ပေ။" ဒါတင်မကဘူး ရှုထျန်းထျန်းက မင်းရဲ့ပရိတ်သတ်လေ ..."
ဟန်ယွဲ့ ခေါင်းငြိမ့်ကာ ပြုံးပြလိုက်ပြီး ရှုထျန်းထျန်းကို သူမအေးဂျင့်အဖြစ် အကြံပြုရသည့် အရေးကြီးဆုံး အကြောင်းရင်းနှစ်ချက်ကို ပြောပြလိုက်သည်။ရှုထျန်းထျန်းက သူမရဲ့ ပရိသတ်လား ... အဲ့ကောင်မလေးက သူမနဲ့အကြိမ်အနည်းပဲ တွေ့ထူးပေမယ့် မြင်လိုက်တိုင်း စိတ်နဲ့လူနဲ့မကပ်သလိုပဲ ...
" အာ အဲ့ဒါတစ်ခုတည်းမဟုတ်သေးဘူး ... ဘာလို့သူမကို အကြံပြုရတာလည်းဆိုတော့ ဒီကလေးက မီဒီယာတက္ကသိုလ်ကနေ ဘွဲ့ရထားတာ ... ပြီးတော့ မင်းသိတဲ့အတိုင်း...သူမ မိသားစုကလည်း ဖျော်ဖြေရေးနယ်ပယ်ကပဲလေ ... အဲ့တော့ အဆက်သွယ်ကောင်းတွေလည်းရှိတယ် ... ရှုထျန်းထျန်းက ငယ်သေးပေမယ့် မင်းအတွက် အဆင်ပြေတာထက်ကို ပိုသေးတယ် ..."
YOU ARE READING
ဗီလိန်၏နူးညံ့သိမ်မွေ့သော မေမေ
RomanceDelicate Mother of a Villain Description ကမ္ဘာပျက်ကပ်ရက်များတွင် အလှတိုးခြင်းစွမ်းအားရှိသော ရှအန်းတစ်ယောက် သေဆုံးသွားခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ အမျိုးသမီးဇာတ်ဆောင် အနိုင်ကျင့်ခံရသည့် ဝတ္ထုတစ်ပုဒ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ...